လွန်ခဲ့တဲ့နှစ်နှစ်ကမဖြစ်ခဲ့တဲ့အပြောင်းအရွှေ့ကြောင့် ချဲလ်ဆီးအသင်းသားဖြစ်လာခဲ့တာပါဆိုတဲ့ဇီယက်

ချဲလ်ဆီးကစားသမားသစ် ဟာကင်ဇီယက်က လွန်ခဲ့တဲ့နှစ်နှစ်လောက်က သူ့အနေနဲ့ အသင်းတသင်းကို ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပြီး၊ မရောက်ဖြစ်ခဲ့တာကြောင့်ချဲလ်ဆီးကိုရောက်လာခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။ အေဂျက်နဲ့အတူ လိဂ်ဖလားတကြိမ်ရထားတဲ့ ဇီယက်အနေနဲ့ (၂၀၁၉)ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိရောက်အောင်လုပ်ပြခဲ့ချိန်အသင်းတွေအများစုရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။

နာမည်ကြီးအသင်းတွေ အတော်လေးများခဲ့ပြီး၊ ဇီယက်ကို တသင်းသင်းကခေါ်ယူတော့မယ်လို့ မှန်းဆခဲ့ကြပါတယ်။ အဆိုပါအချိန်တုန်းက ဇီယက်ကို စကားပြောခဲ့တာက အာဆင်နယ်နဲ့ ဘာစီလိုနာဟာ ခေါ်လုခေါ်ခင်ဖြစ်ခဲ့ပေမဲ့ အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ကို မဖြစ်ခဲ့ပါဘူး။ ဇီယက်က ဒီအကြောင်းကို စကိုင်းစပေါ့နဲ့အင်တာဗျူးမှာ အခုလို ဖွင့်ဟခဲ့ပါတယ်။

” လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ကျွန်တော်အသင်း တသင်းကို ပြောင်းဖို့ အကုန်လုံးနီးစပ်ခဲ့တယ်။ ဒါပေမဲ့ အပြောင်းအေရွှ့က မဖြစ်ခဲ့ဘူး။ အခုအချိန်မှာ ကျွန်တော်ကိုယ်ကျွန်တော်အဲဒီအပြောင်းအရွှေ့မဖြစ်ခဲ့တာကိုတွေးရင် မဖြစ်ခဲ့တာကိုပဲ ကျွန်တော်ပျော်နေမိတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကျွန်တော်အေဂျက်နဲ့ လျှောက်လှမ်းနေတဲ့ခရီးက မယုံနိုင်စရာကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့တယ်။’

” တကယ့် အမေးဇင်းအချိန်တွေပေါ့။ ဥရောပလိုဇာတ်ခုံမျိုးမှာ ကျွန်တော်အများကြီး သက်သေပြနိုင်ခဲ့တယ်။ ဒီနှစ်နွေရာသီကျတော့ ကျွန်တော့်အနေနဲ့ အတွေ့အကြုံသစ်တွေရှာဖွေဖို့ အချိန်ရောက်လာပြီ။ နောက်တဆင့်လှမ်းဖို့ပေါ့ ပြီးတော့ အေဂျက်မှာ ပြီးခဲ့တဲ့ နှစ်နှစ်လုံးရှိနေနိုင်ခဲ့တာကို ကျွန်တော့်အနေနဲ့ အခုထိတွေးမိတတိုင်း ပျော်နေမိတုန်းပါ။ ‘

” ပြီးခဲ့တဲ့ နှစ်နှစ်ကလည်း ကျွန်တော့်ကို အများကြီးတိုးတက်အောင်လုပ်ပေးခဲ့တယ်။ လူတ ယောက်အနေနဲ့သာမက ဘောလုံးသမားတယောက်အနေနဲ့ပဲပေါ့’ဆိုပြီး၊ ဇီယက်က ဖွင့်ဟခဲ့ပါတယ်။ ဇီယက်ကို အဆိုပါအချိန်က ခေါ်ဖို့လုပ်ခဲ့တဲ့အသင်းက ဘာစီလိုနာဖြစ်နိုင်ခြေအမြင့်ဆုံးရှိခဲ့ပါတယ်။ လက်တွေ့မှာ ဒီဂျောင်တယောက်တည်းကိုပဲ ခေါ်သွားခဲ့ပြီး၊ ဇီယက်ဟာ အေဂျက်မှာပဲရှိနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ချဲလ်ဆီးကိုရောက်နေပြီဖြစ်ပြီး ဒူးဒဏ်ရာကြောင့် အနားယူနေရဆဲပဲဖြစ်ပါတယ်။

Aung Bwa – SportsGabar