စပါး၊ ချဲလ်ဆီးအရှုံးနဲ့ရင်ဆိုင်ရမယ်လို့ ခန့်မှန်းပေးလိုက်တဲ့ အပတ်စဉ်(၆)ပရီးမီးယားလိဂ်ပွဲစဉ်များ

ပရီးမီးယားလိဂ်ကို အဓိက ထားပြီး၊ အပတ်စဉ်ခန့်မှန်းမှုတွေကို လုပ်ပေးနေတဲ့ ဘီဘီစီေလော်ရိုးကတော့ ဒီတပတ်အတွက် ခန့်မှန်းချက်တွေကို ပြုလုပ်ပေးလိုက်ပြန်ပါပြီ။ Week 6 အဖြစ် ယှဉ်ပြိုင်ကစားကြမယ့် အပတ်မှာ အသင်းကြီးအချင်းချင်းတေ့ဆုံတဲ့ ပွဲစဉ်တွေပါဝင်နေတဲ့အပြင် ပွဲကြပ်တွေဆက်နေတဲ့ မန်ယူ-ချဲလ်ဆီးလိုပွဲတွေက ပါဝင်နေပါတယ်။

အရင်ဆုံး သောကြာနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ လိဒ်ပွဲစဉ်အတွက် (၁-၂)နဲ့ လိဒ်ယူနိုက်တက်တို့အနိုင်ရသွားမယ်လို့ ဆိုပါတယ်။ လေးပွဲဆက်အနိုင်ရထားတဲ့ ဗီလာအတွက် အခုလိုခန့်မှန်းချက်က နည်းနည်းလေးပြင်းရှနေပါတယ်။ စနေနေ့မှာတော့ ဝက်စ်ဟမ်း (၁-၁) မန်စီးတီးနဲ့ မန်စီးတီးကို သရေရလဒ်ပဲပေးထားတာတွေ့ရပါတယ်။

ဖူဟမ် (ဝ-၂) ပဲလေ့၊ မန်ယူ (၂-ဝ) ချဲလ်ဆီး၊ လီဗာပူး (၂-၁)ချဲလ်ဆီးဆိုတာက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပီအက်စ်ဂျီကို အဝေးကင်းမှာ အနိုင်ရထားတဲ့ ယူနိုက်တက်နဲ့ ဆီဗီးလားကို (ဝ-၀)သရေကျထားတဲ့ ချဲလ်ဆီးပွဲစဉ်အပြီးတွေ့လာတဲ့ပွဲမှာ မန်ယူအသင်း (၂-ဝ)ရလဒ်ဆိုတာက ဆိုးလ်ရှားအတွက် ပြုံးပျော်စေမယ့် ခန့်မန်းချက်မျိုးပါ။

တနင်္ဂနွေနေ့မှာတော့ ဆောက်သမ်တန် (၂-ဝ) အဲဗာတန်၊ ဝုဗ် (၂-ဝ) နယူးကာဆယ်၊ အာဆင်နယ် (၂-၁) လက်စတာလို့ဆိုပါတယ်။ အန်ဆယ်လော့တီရဲ့ပထမဆုံးရှုံးပွဲကို ဆောက်သမ်တန်နဲ့အတွေ့မှာရသွားမယ်ဆိုထားပြီး၊ အာဆင်နယ်က လက်စတာကို အနိုင်ရလဒ်အဖြစ် ရွေးပေးထားပါတယ်။ တနင်္လာနေ့ရဲ့ပွဲစဉ် နှစ်ပွဲမှာလည်း နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်ကိုခန့်မှန်းပေးထားပါတယ်။

ဘရိုက်တန် (၂-ဝ) ဝက်စ်ဘရွန်း၊ ဘန်လေ (၂-၁) တော့တင်ဟမ်တို့ပါ။ စပါးဟာ ဘန်လေကို မနိုင်ဘူးလို့ ခန့်မှန်းပေးလိုက်တာပါ။ အယ်အေအက်စ်ကေလို အသင်းကို လောလောလတ်လတ် (၃-ဝ)နဲ့အနိုင်ယူထားတဲ့ စပါးအတွက် စိတ်မကောင်းစရာပါပဲ။ ဒီခန့်မှန်းချက်တွေကိုတော့ လော်ရိုးက အပတ်စဉ်ပြုလုပ်ပေးနေကြ အစီအစဉ်ကနေ ရွေးချယ်ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။

Aung Bwa – SportsGabar