နံနက်ပိုင်းအားကစားသတင်းတိုများ (၂၃.၁၀.၂၀၂၀)

ရလဒ်ပိုင်းတွေဆိုးရွားနေခဲ့တဲ့ ဇီဒန်းရဲ့နေရာကို လိုအပ်လာရင် အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြင်ဆင်ထားပြီလို့ သိရပါတယ်။ ပိုချက်တီနို ဒါမှမဟုတ် ရာအူးလ် တယောက်ယောက်နဲ့ နည်းပြအပြောင်းအလဲလုပ်ဖို့ ချိန်ရွယ်နေပြီး၊ ဒီထပ်ရလဒ်တွေဆိုးလာတာနဲ့ ဇီးဒန်းကို ထုတ်ပယ်ဖို့ စဉ်းစားထားတယ်လို့ဆိုပါတယ်။

နာပိုလီကို (ဝ-၁)နဲ့ အဝေးကွင်းကို လာကစားခဲ့ရတဲ့ အယ်ခမာဟာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ကိုဗစ်ကိစ္စရပ်တွေကြောင့် အသင်းရဲ့အဓိက ကစားသမား (၁၃)ယောက်အထိ လွဲချာ်ခဲ့ရပြီး၊ အီတလီကို လူ (၁၇)ယောက်တည်းနဲ့ ပါဝင်ကစားခဲ့ရတဲ့ အယ်ခမာဟာ အနိုင်ရလဒ်ကိုပုံဖော်နိုင်ခဲ့ပါတယ်။

လက်စတာစီးတီးအသင်းကတော့ ယူရိုပါလိဂ်မှာ သူတို့ရဲ့ခြေစွမ်းကို ဂိုးပြတ်နဲ့အတူ ပေါက်ကွဲပြခဲ့ပါတယ်။ (၃-ဝ)နဲ့အနိုင်ရခဲ့ပြီး၊ တိုက်စစ်ကစားသမား အီဟီရာနာချိုက (၁)ဂိုးသွင်း (၂)ကြိမ်ဖန်တီးမှုနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဆဲလ်တစ်ကို (၁-၃)နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အေစီမီလန်အသင်းကတော့ သူတို့ရဲ့နိုင်ပွဲ စံချိန်ကောင်းကို ထိန်းသိမ်းသွားခဲ့ပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံ (၈)ပွဲကစား (၈)ပွဲနိုင်နဲ့အတူ တချိန်က အေစီမီလန်အလားထင်ရတဲ့အထိကို နိုင်ပွဲဆက်နေတာဖြစ်ပါတယ်။

အယ်အေအက်စ်ကေကို ဂိုးပြတ်အနိုင် (၃-ဝ)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြမော်ရင်ဟိုက ကစားသမားသစ် ဗင်နီးရှပ်ကို ချီးကျူးသွားခဲ့ပါတယ်။ ကစားသမားအနေနဲ့ ဟယ်ရီကိန်းနဲ့အတူတူ တိုက်စစ်မှာ ပူးတွဲကစားနိုင်တဲ့အထိ ခြေစွမ်းပြသနိုင်ပြီး၊ ခေါ်ယူထားသလို အရန်အနေနဲ့မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ရက်ပစ်ဗီယင်နာတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်လူ သောမတ်ပါတေးကို အာတီတာက ချီးကျူးပြောဆိုမှုလုပ်သွားခဲ့ပါတယ်။ (၁-၂)နဲ့ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်အတွက် ပါတေးရဲ့ကွင်းလယ်က စွမ်းဆောင်ရည်ကို အာတီတာက ကျေနပ်နေခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar