ကိုဗစ်ပေါ့စတစ် ဒုတိယအကြိမ်ထွက်တာကြောင့် မက်ဆီနဲ့တွေ့ဖို့ မဖြစ်နိုင်သေးတဲ့ ရော်နယ်ဒို

မက်ဆီနဲ့ ရော်နယ်ဒို ယှဉ်ပြိုင်မှုအဖြစ် မကြာခင်မှာ တွေ့ရတော့မယ်လို့ အားခဲထားတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာပါပဲ။ ခရစ္စယာနိုကို ကိုဗစ်စစ်ဆေးမှု ဒုတိယအကြိမ် ပေါ့စတစ် ထပ်တွေ့ခဲ့တဲ့အတွက် လာမယ့်အပတ်ထဲကစားမယ့် ပွဲစဉ်တွေကို ပါဝင်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ ဂျူဗင်တပ်နဲ့ ဘာစီလိုနာကစာမယ့်ပဲစဉ်ကို ကျိန်းသေပေါက်လွဲချာ်မှာဖြစ်ပါတယ်။

ပေါ်တူဂီသားအနေနဲ့ သူ့ရဲ့ကိုဗစ်ပေါ့စတစ်ကို ပေါ်တူဂီအတွက် ကစားနေရင်းတွေ့ခဲ့တာပါ။ ပေါ်တူဂီအဖွဲ့ချုပ်က ရော်နယ်ဒိုကို သီးသန့်ကွာရင်တိုင်းခွဲထားခဲ့ရပြီး၊ အုပ်စုလိုက်ညစာစားခဲ့တဲ့အနေအထားတွေ ရှိခဲ့တာကြောင့် ထိတွေ့မှုကို လိုက်ဖို့ အရေးကြီးနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိစည်းမျဉ်းတွေအရ သတ်မှတ်ထားတဲ့ ကွာရင်တိုင်းဝင်ရင်ကို ပျောက်ကင်းမယ်လို့ ထင်ခဲ့ကြပါတယ်။

ထင်တဲ့အတိုင်း သတ်မှတ်ရက်ပြည့်ခဲ့ပေမဲ့ ရော်နယ်ဒိုရဲ့ ကိုဗစ်က ပျောက်မသွားခဲ့ပါဘူး။ အနံ့ပျောက်တာမျိုး၊ ရောဂါလက္ခဏာတခုခုပျောက်တာမျိုးတခုမှ မပြဘဲနဲ့ကို ပေါ့စတစ်တွေ့နေခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို တင်ဆက်ပေးခဲ့တာက စပိန်နာမည်ကြီးသတင်းစာ မာကာကနေဖြစ်ပြီး၊ ပေါ်တူဂီသတင်းရေးဆရာ Correio da Manha ကနေ အတည်ပြုခဲ့လို့ပါ။

ဂျူဗင်တပ်အနေနဲ့ ရော်နယ်ဒိုရဲ့ ပေါ့စတစ်ထွက်တဲ့ လက္ခဏာကြောင့် အသင်းရဲ့ပွဲစဉ်တွေမှာ သုံးခွင့်ရဦးမှာမဟုတ်ပါဘူး။ ဘာစီလိုနာနဲ့တွေ့မယ့် ချန်ပီယံလိဂ်ပွဲစဉ် ပထမဆုံးပွဲကို စောင့်မျှော်နေတဲ့ ပရိသတ်တွေကတော့ ဒီသတင်းကြောင့် အတော်လေး စိတ်မကောင်းဖြစ်နေမှာဖြစ်ပါတယ်။ အကယ်လို့ ဂျူဗင်ဟာ မဖြစ်မနေထည့်သုံးချင်တယ်ဆိုရင် လုပ်လို့ရမှာ တခုတည်းရှိပါတယ်။

အောက်တိုဘာလ (၂၈)ရက်နေ့မတိုင်ခင် ၄၈ နာရီအတွက် ရော်နယ်ဒိုရဲ့ ကိုဗစ်စစ်ဆေးမှုဟာ နက်ဂတစ်ဖြစ်ကိုဖြစ်နေရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော ယူအီးအက်ဖ်အေကနေ အခုလိုပေါ့စတစ်ပါနေတဲ့ ကစားသမားနဲ့ ဘောလုံးကစားဖို့ ခွင့်ပြုမှာမဟုတ်တဲ့အတွက် အချိန်မီ စစ်ဆေးပြီး၊ ကိုဗစ်နက်ဂတစ်ထွက်ဖို့ ဆုတောင်းနေရမှာဖြစ်ပါတယ်။ ထွက်ခဲ့ရင်တော့ မက်ဆီ- ရော်နယ်ဒိုတွေ့ဆုံမှုနဲ့ ပရိသတ်ကို ပြန်တင်ဆက်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar