အိုဇေးလ်ကို လူစာရင်းကနေချန်လှပ်လိုက်တာနဲ့ပတ်သက်လို့ သူနဲ့ပဲဆိုင်ပါတယ်ဆိုတဲ့ အာတီတာ

ပရီးမီးယားလိဂ်ရဲ့ (၂၀၂၀-၂၁)ခုနှစ် (၂၅)ယောက်လူစာရင်းမှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်လူ အိုဇေးလ်ကို ချန်လှပ်ခဲ့ပါတယ်။ အကြောင်းပြချက်မယ်မယ်ရရတော့ မရှိဘဲ လူသုံးယောက်မဖြစ်မနေစာရင်းထုတ်ရဖို့ရှိနေတဲ့အနေအထားမှာ အာတီတာက အိုဇေးလ်ကိုလည်း ချန်လှပ်ခဲ့တာလို့ ပြောပါတယ်။ တဖက်မှာတော့ အိုဇေးလ်နဲ့အသင်းအခုလိုဖြစ်လာတာဟာ တရုတ်က ကိစ္စတွေကြောင့်ထားခဲ့တာလို့ ဝေဖန်ခဲ့ကြပါတယ်။

အိုဇေးလ်က တရုတ်ပြည်ရဲ့ဘာသာရေး အရေးအခင်းတခုမှာ မှတ်ချက်တွေဝင်ပေးခဲ့ဖူးပါတယ်။ အိုဇေးလ်ရဲ့မှတ်ချက်တွေကြောင့် တရုတ်နဲ့ရုပ်သံပိုင်းဆိုင်ရာ ပြဿနာတွေရှိခဲ့ပြီး၊ အိုဇေးလ်ပါတဲ့ပွဲတွေ မပြတော့ဘူးလို့ လုပ်ချိန်မှာ အာဆင်နယ်ဟာ အိုဇေးလ်ကို ပွဲထွက်ခွင့်မေပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ နည်းပြ အာတီတာကတော့ လုံးဝမဟုတ်ကြောင်း တရားဝင်ဝက်ဘ်ဆိုက်မှာ အခုလိုငြင်းဆိုခဲ့ပါတယ်။

” အခုလိုချန်လှပ်ထားခဲ့ရတာက ဘယ်ကိစ္စရပ်တွေနဲ့မှမဆိုင်သလို ကျွန်တော်ဖတ်ရသလိုမျိုး လစာလျှော့တဲ့ကိစ္စရပ်တွေကြောင့်လို့ဆိုနေကြပါတယ်။ အဲဒါတွေက မမှန်ပါဘူး။ ဒါက ကျွန်တော်ဆုံးဖြတ်ချက်ပါ။ အကယ်လို့ တယောက်ယောက်က အပြစ်တင်ချင်ရင်ပေါ့။ နည်းပြတယောက်အနေနဲ့ ကျွန်တော့်ဖက်ကပြောနိုင်တာက အခုဖြစ်ရပ်က ဘောလုံးဆုံးဖြတ်ချက် တခုဆိုတာလောက်ပါပဲ”

” ကျွန်တော့်စိတ်ထဲ ဘာမှပြဿနာမရှိတာက အိုဇေးလ်နဲ့ပတ်သက်လို့ ကျွန်တော်တကယ်ပဲ မျှမျှတတရှိခဲ့ပါတယ်။ ‘လို့ဆိုခဲ့ပါတယ်။ အာတီတာရဲ့ပြောကြားချက်အရ သူပဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ လစာလျှော့ယူတာနဲ့လည်း မဆိုင်ဘူးလို့ဆိုခဲ့ပါတယ်။ လစာလျှော့ယူတဲ့ကိစ္စက ပြီးခဲ့တဲ့ ကိုဗစ်ကာလတုန်းကအသင်းသားတွေအားလုံး လစာလျှော့ယူကြချိန်မှာ အိုဇေးလ်ကငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ အိုဇေးလ်ဟာ အာတီတာရောက်လာပြီးနောက်ပိုင်း (၁၁)ပွဲအထိ ပွဲထွက်ခွင့်ရခဲ့ပါသေးတယ်။ ပရိသတ်တွေက ပြန်မျှော်လင့်နေကြချိန်မှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ် လူစာရင်းပြီးမှ ပရီးမီးယားလိဂ်လူစာရင်းမှာ တခါထပ်ချန်ခဲ့တာဖြစ်ပြီး၊ နည်းပြအာတီတာက သူ့ချန်ခဲ့တာလို့ အင်တာဗျူးမှာ ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar