နံနက်ပိုင်း အားကစားသတင်းတိုများ (၂၂.၁၀.၂၀၂၀)

ချန်ပီယံလိပွဲစဉ်တွေအဖြစ်အကြိတ်အနယ်ကစားခဲ့တဲ့ ရလဒ်တွေက ရီရဲလ် ၂-၃ ရှက်တာဒိုးနက်၊ အေဂျက် ဝ-၁ လီဗာပူး၊ ဘိုင်ယန် ၄-၀ အက်သလက်တီကို၊ မန်စီးတီး ၃-၁ ပေါ်တို၊ အင်တာမီလန် ၂-၂ မိုချင်ဂလာဘတ် တို့အသီးသီးရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။

အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ မန်စီးတီးစတား အဂူရိုကတော့ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်း ဂိုး (၄၀)အထိရှိလာခဲ့ပြီလို့ သိရပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ အခုလို ဂိုး (၄၀)အထိရတာဟာ စုစုပေါင်း (၁၄)ယောက်ပဲရှိသေးပြီး၊ အဂူရိုက အဲဒီစာရင်းထဲပါဝင်လာခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ကို အသင်းရဲ့ပရီးမီးယားလိဂ် လူစာရင်းထဲမထည့်သွင်းခဲ့တဲ့အကေါ် အာတီတာက ဒါဟာဘောလုံးလောက ဆုံးဖြတ်ချက်တခုသာဖြစ်ပြီး၊ အိုဇေးလ်ရဲ့စွမ်းဆောင်ရည်တွေကြောင့်အသင်းကနေ လူစာရင်းမှာမပါဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုကတော့ ကစားနေရင်း ရခဲ့တဲ့ဒဏ်ရာအနေအထားကြောင့် လေးပတ်ကနေ ခြောက်ပတ်အထိ အနားယူရမယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက အတည်ပြုပြောကြားလိုက်ပါတယ်။ ကွင်းလယ်ပိုင်းအားနည်းနေခဲ့တဲ့ မန်စီးတီးအတွက် ထိုးနှက်ချက်တခုဖြစ်ပါတယ်။

ဘရိုက်တန်အသင်းအနေနဲ့ သူတို့ရဲ့ (၂၃)နှစ်သားနောက်ခံလူ ဝှိုက်ကို ပေါင်သန်း (၅၀)တန်ကြေးရှိတဲ့အပြောင်းအရွှေ့သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ ဗန်ဒိုက်ရဲ့တရာသီလုံးနားရမယ့်အခြေအနေကြောင့် ဇန်နဝါရီမှာလူခေါ်ခဲ့ရင် ပစ်မှတ်ထားလာနိုင်တဲ့အပေါ် အခုလိုသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကတော့ သူ့အနေနဲ့ အသင်းကထွက်ခွာဖြစ်ခဲ့ရင် လီဗာပူး သို့ ရီးရဲလ်မက်ဒရစ်ကိုပဲ ချိတ်ဆက်သွားဖို့ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ လာမယ့်နှစ်မှာထွက်ခွာဖို့ ကျိန်းသေသလောက်ရှိနေတဲ့အပေါ် အမ်ဘာပေဟာ လီဗာပူးကိုလည်း အမှတ်မထင်ရောက်လာနိုင်တယ်လို့သတင်းထွက်နေပါတယ်။

Aung Bwa – SportsGabar