ချဲလ်ဆီးအသင်းရဲ့နံပါတ်တစ်ဂိုးသမားကို ကီပါနဲ့မန်ဒီကြား သေချာရွေးပေးလိုက်တဲ့ လမ်းပတ်

အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လက်စွမ်းကောင်းတွေပြခဲ့တဲ့မန်ဒီနဲ့ ပရီးမီးယားလိဂ်မှာ အမှားတွေဆက်တိုက်လုပ်ထားတဲ့ ကီပါနှစ်ယောက်ကြား ပရိသတ်တွေ ဗျာများနေပါတယ်။ လက်ရှိအချိန်ထိ နံပါတ်တစ်ဂိုးသမားကို သေချာမဆုံးဖြတ်ရသေးတဲ့ လမ်းပတ်ကြောင့် မန်ဒီတယောက်အရန်ပဲပွဲထွက်ဦးမယ်ထင်နေကြပါတယ်။

ဒါပေမဲ့ ဆီဗီလားနဲ့ပွဲစဉ်အပြီးမှာတော့ သေချာသွားခဲ့ပါပြီ။ လမ်းပတ်က နံပါတ်တစ်ကိုဆုံးဖြတ်ပေးလိုက်ပါတယ်။ ” အခုအခိုက်အတန့်မှာဆိုရင် ဟုတ်ပါတယ်။ မန်ဒီက သူ့ရဲ့အရည်အချင်းကို ပြထားပြီးပါပြီ။ သူကစားတဲ့အတိုင်းပေါ့။ သူကာကွယ်တာတွေလည်း တကယ်ကောင်းလွန်းတယ်။ အခုလို သူလုပ်ပြထားတဲ့တဲ့ ကလင်းရှစ်နှစ်ပွဲကြောင့်ပေါ့။

“အဲလိုလုပ်ပြခဲ့တာတွေကြောင့် သူကနံပါတ်တစ်ပေါ့။ ဒါကလည်း အခုလိုနေရာလုတွေက အမြဲတမ်းရှိနေမှာပဲ။ ဒါပေမဲ့ သူကာကွယ်ပြနေတဲ့ ပုံတွေကို ကျွန်တော်တကယ်ပျော်ပါတယ်။ နိုင်ပွဲတွေအတွက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆိုင်ရာ ပြင်းပြမှုတွေကို ကျွန်တော်တကယ်စိတ်ကျေနပ်တယ်။ ဥရောပဘောလုံးလောကမှာ ဆီဗီလာဆိုတာလည်း ထိပ်တန်းအသင်းတသင်းပါ။

“လုံးဝသံသယ ဖြစ်စရာမလိုပါဘူး။ ရလဒ်တွေကောင်းဖို့အာရုံစိုက်ရတာနဲ့ ပစ်မှတ်ထားရတာက အသင်းအတွက် တာဝန်ကြီးပါတယ်။ ကျွန်တော်တို့ ဒီညမှာ ဆုံးဖြတ်ချက်ကောင်းတွေအများကြီးချမှတ်နိုင်ခဲ့တယ်။ ဒါကြောင့် ပုံစံကောင်းတခုကို တည်ဆောက်ဖို့ ဆီဗီလာနဲ့ပွဲက တကယ့်နေရာကောင်းဖြစ်ခဲ့တယ်။ အခုလို သရေရလဒ်ရခဲ့တာက တကယ့်ကို ကောင်းတဲ့ရလဒ်ပဲ။

“ကလင်းရှစ်ရခဲ့တယ်ဆိုတာက ကျွန်တော်တို့အတွက် အကြီးမားဆုံး အပေးအယူတခုပါပဲ” လို့ ဆိုခဲ့ပါတယ်။ ဒီအတိုင်းဆိုရင် လမ်းပတ်အနေနဲ့ မန်ဒီကို လာမယ့်ပရီးမီးယာလိဂ်ပွဲတွေမှာပါ ပွဲထွက်လာတော့မယ်လို့ ထင်ရပါတယ်။ မန်ဒီအနေနဲ့ လက်ရှိမှာ နှစ်ပွဲပဲ ကစားရသေးပေမဲ့ နှစ်ပွဲလုံး ဂိုးမပေးထားရဘဲ လက်စွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ ကီပါအနေနဲ့ နံပါတ်တစ်ရာထူးကို လွဲပြောင်းပေးခဲ့ရပြီလို့ ယူဆရမှာပါပဲ။

Aung Bwa – SportsGabar