အသင်းရဲ့ကစားသမားလေးယောက်ကို မက်ဆီလို relaase clause တွေထည့်ချုပ်လိုက်တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်နိုင်ပွဲကို ဂိုးပြတ်နိုင်လိုက်ချိန်မှာပဲ ဘာစီလိုနာအသင်းရဲ့ ကြေညာချက်တခုက ထူးဆန်းခဲ့ပါတယ်။ ဘာစီလိုနာအသင်းတွေကို စာချုပ်သစ်တွေချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး၊ နာမည်ကြီးနေတဲ့အတိုင်း လစာလျှော့မယ့်ကိစ္စရပ်တွေပါခဲ့ပါတယ်။ စီနီယာ ကစားသမားလေးယောကို ယာယီလစာလျှော့မယ့်စာချုပ်သစ်တွေမှာ ပုံမှန်နဲ့မတူဘဲ relaase clause တွေပါဝင်ခဲ့ပါတယ်။

နောက်ခံလူပီကေးကို (၂၀၂၄)အထိရှိနေမယ့် စာချုပ်သစ်ချုပ်ခဲ့ပါတယ်။ (၃၃)နှစ်သားအနေနဲ့အသင်းမှာ လေးနှစ်ထပ်ရှိနေမှာဖြစ်တဲ့အပြင် သူ့ရဲ့ထွက်ခွာခွင့်ကို စာချုပ်မှာ ယူရိုသန်း (၅၀၀)အထိထည့်ချုပ်ခဲ့ပါတယ်။ နောက်ခံလူ လင်ဂလတ် (၂၅)နှစ်ကိုလည်း ဒီဂျောင် (၂၃)နှစ်နဲ့အတူတူ (၂၀၂၆)အထိဆက်ရှိနေမယ့်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဂိုးသမားတာစတီဂျန်ကိုတော့ (၂၀၂၅)အထိစာချုပ်ခဲ့တာပါ။

အသင်းအတွက် (၅၄၈)ပွဲအထိ ကစားပေးထားပြီးဖြစ်တဲ့ ပီကေးဟာ ဒီရာသီက သူ့ရဲ့ (၁၃)ရာသီမြောက်ကို ဖြတ်သန်းနေတာပါ။ အသက်အရွယ်လည်းရနေပြီဖြစ်တဲ့ကစားသမားဖြစ်ပေမဲ့ ထွက်ခွာခွင့်ကို ယူရိုသန်း (၅၀၀)အထိထည့်ချုပ်ထားတာက အတော်လေးကို များပြားခဲ့ပါတယ်။ စာချုပ်မှာလည်း ပီကေးကို မဖြစ်မနေပွဲထွက်ခွင့်ပေးရမယ့် အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

တာစတီဂျန်ရဲ့စာချုပ်မှာတော့ ပီကေးလိုမျိုးတူညီတာက ယူရိုသန်း (၅၀၀) ပေးမှ ထွက်ခွာခွင့်ရမယ့်အချက်ကိုလည်း ထပ်ထည့်ချုပ်ခဲ့တာဖြစ်ပါတယ်။ (၂၈)နှစ်ပဲရှိသေးတဲ့ ဂိုးသမားအနေနဲ့ ဒီအချက်က မက်ဆီလိုမျိုး တချိန်မှာဖြစ်လာမလားတော့မသိပါဘူး။ ငယ်ရွယ်သေးတဲ့ လင်ဂလတ်ကိုတော့ ဘာစီလိုနာရဲ့စာချုပ်တန်ဖိုးက ယူရိုသန်း (၃၀၀)အထိရှိခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း သဘောူခဲ့တာပါ။

နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ရဲ့စာချုပ်ကလည်း အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ ငယ်ရွယ်ပြီး၊ အခွင့်အရေးကောင်းတွေအများကြီးရှိနေတဲ့ ကစားသမားဟာ ယူရိုသန်း (၄၀၀)အထိစာချုပ်တန်ဖိုး ထည့်ချုပ်ခဲ့တဲ့အတွက် ဘာစီလိုနာအနေနဲ့ ဒီကစားသမားတွေကို လုံးဝလက်မလွှတ်ဖို့ သေချာပေါက်ဆွဲထားပြီဆိုရမှာပါ။ လေးဦးစလုံးဟာ စာချုပ်ထဲမှာ လတ်တလောအခြေအနေတွေကြောင့် လစာလျှော့ယူမယ်လို့ သဘောတူညီထားခဲ့ပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar