လီဗာပူးလ္ၾကယ္ပြင့္ကိုအ့ံအားသင့္စရာေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူမယ့္ရီးရဲလ္

စပိန္ကလပ္ရီးရဲလ္မက္ဒရစ္အသင္းဟာ (၂၀၁၉)ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မွဴး ဆာဒီယို မာေနးကိုေခၚယူဖို႔ပစ္မွတ္ထားေနတယ္လို႔သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕တစ္ေက်ာ့ျပန္နည္းျပၾကီး ဇီဒန္းလက္ထက္မွာ အသင္းကိုျပန္လည္တည္ေဆာက္ဖို႔ ယခုႏွစ္ေႏြေစ်းကြက္မွာ ကစားသမားေခၚယူမႈေတြအေျမာက္အမ်ားကိုျပဳလုပ္ေနတာျဖစ္ပါတယ္။ နီးစပ္တ့ဲသတင္းေတြအရ ရီးရဲလ္မက္ဒရစ္ဟာ မာေနးအတြက္ေျပာင္းေရႊ႕ေၾကးကို အ့ံအားသင့္စရာ ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ ကမ္းလွမ္းသြားမယ္လို႔သိရပါတယ္။

သတင္းေတြအရ ရီးရဲလ္မက္ဒရစ္ဟာ မာေနးအတြက္ ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း(၆၀)အျပင္ အစၥကိုနဲ႔ အဆန္စီယိုတို႔ ႏွစ္ဦးထဲက တစ္ဦးကိုပါအလိုက္ေပးျပီး ကမ္းလွမ္းမႈေတြျပဳလုပ္သြားဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ လီဗာပူးလ္အသင္းရဲ႕နည္းျပ ဂ်ာဂ်င္ကေလာ့ကလည္း အစၥကိုနဲ႔ အဆန္စီယိုတို႔ႏွစ္ဦးကို သေညာက်တ့ဲ သူျဖစ္ေနတာေၾကာင့္ ရီးရဲလ္ဘက္ကသာ ကမ္းလွမ္းလာရင္ အေျပာင္းအေရႊ႕က ျဖစ္သြားႏိုင္ေျခရွိေနတယ္လို႔ သိရပါတယ္။

မာေနးဟာ ဒီရာသီမွာ လီဗာပူးလ္အသင္းနဲ႔အတူ ေျခစြမ္းျပကစားထားေပးႏိုင္တ့ဲ ကစားသမားတစ္ဦးျဖစ္ျပီး၊ ဒီရာသီခ်န္ပီယံလိဂ္မွာ (၁၃)ပြဲပါ၀င္ကစားေပးထားခ့ဲကာ (၄)ဂိုးသြင္းယူေပးႏိုင္ခ့ဲပါတယ္။ ေနာက္ျပီး စပါးအသင္းကိုလည္းအႏိုင္ယူကာ ခ်န္ပီယံလိဂ္ဆုဖလားကို ရယူထားႏိုင္ခ့ဲပါတယ္။ ပရီးမီယားလိဂ္မွာလည္း(၃၆)ပြဲအထိပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၂၂)ဂိုးနဲ႔ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကိုလည္း အူဘာမီယန္၊ ဆာလားတို႔နဲ႔အတူ ပူးတြဲရရွိထားခ့ဲပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ မာေနးအတြက္ကမ္းလွမ္းမယ့္ ေျပာင္းေရႊ႕ေၾကးပမာဏကို လီဗာပူးလ္အသင္းဘက္က လက္ခံႏိုင္ဖို႔ေမ်ွာ္လင့္ေနျပီး၊ လီဗာပူးလ္အသင္းဘက္က လက္ခံသြားမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လီဗာပူးလ်ကြယ်ပွင့်ကိုအံ့အားသင့်စရာပြောင်းရွှေ့ကြေးနဲ့ခေါ်ယူမယ့်ရီးရဲလ်

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ (၂၀၁၉)ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကိုခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တစ်ကျော့ပြန်နည်းပြကြီး ဇီဒန်းလက်ထက်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ ယခုနှစ်နွေဈေးကွက်မှာ ကစားသမားခေါ်ယူမှုတွေအမြောက်အများကိုပြုလုပ်နေတာဖြစ်ပါတယ်။ နီးစပ်တဲ့သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ မာနေးအတွက်ပြောင်းရွှေ့ကြေးကို အံ့အားသင့်စရာ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ မာနေးအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၆၀)အပြင် အစ္စကိုနဲ့ အဆန်စီယိုတို့ နှစ်ဦးထဲက တစ်ဦးကိုပါအလိုက်ပေးပြီး ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့နည်းပြ ဂျာဂျင်ကလော့ကလည်း အစ္စကိုနဲ့ အဆန်စီယိုတို့နှစ်ဦးကို သညောကျတဲ့ သူဖြစ်နေတာကြောင့် ရီးရဲလ်ဘက်ကသာ ကမ်းလှမ်းလာရင် အပြောင်းအရွှေ့က ဖြစ်သွားနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။

မာနေးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ခြေစွမ်းပြကစားထားပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ ဒီရာသီချန်ပီယံလိဂ်မှာ (၁၃)ပွဲပါဝင်ကစားပေးထားခဲ့ကာ (၄)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စပါးအသင်းကိုလည်းအနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကို ရယူထားနိုင်ခဲ့ပါတယ်။ ပရီးမီယားလိဂ်မှာလည်း(၃၆)ပွဲအထိပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၂၂)ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အူဘာမီယန်၊ ဆာလားတို့နဲ့အတူ ပူးတွဲရရှိထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မာနေးအတွက်ကမ်းလှမ်းမယ့် ပြောင်းရွှေ့ကြေးပမာဏကို လီဗာပူးလ်အသင်းဘက်က လက်ခံနိုင်ဖို့မျှော်လင့်နေပြီး၊ လီဗာပူးလ်အသင်းဘက်က လက်ခံသွားမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar