ချဲလ်ဆီးရဲ့လူစာရင်းမှာ ပီတာချက်ကိုပြန်ထည့်သွင်းခဲ့တဲ့အပေါ်ဘာကြောင့်ဆိုတာရှင်းပြလိုက်တဲ့ လမ်းပတ်

ဂိုးသမား ပီတာချက်တေယောက် (၂၀၁၉)ခုနှစ်က အာဆင်နယ်နဲ့ ချဲလ်ဆီးယူရိုပါလိဂ်ဖိုင်နယ်ပွဲအပြီးမှာ အနားယူခဲ့ပြီးတာ ပရိသတ်တွေသိမှာပါ။ ချဲလ်ဆီးမှာ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးတယောက်အနေနဲ့ အလုပ်ဝင်နေပြီး၊ ဘောလုံးမကစားတာ ကြာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အံ့အားသင့်ဖွယ်ရာဆိုသလိုပဲ (၂၀၂၀-၂၁)ရဲ့ ချဲလ်ဆီးပရီးမီးယားလိဂ်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

လမ်းပတ်ရဲ့ ပရီးမီးယားလိဂ် (၂၅)ယောက်လူစာရင်းမှာ ပီတာချက်ကို ဂိုးသမားအနေနဲ့ ထည့်သွင်းခဲ့တာပါ။ လမ်းပတ်ရဲ့လုပ်ရပ်က အတော်လေးကိုမှ အံ့အားသင့်စရာကောင်းခဲ့တယ်ဆိုရမှာက ကျန်တဲ့ပြိုင်ဘက်တွေရဲ့ လူစာရင်းတွေက သက်သေခံနေပါတယ်။ ယူနိုက်တက်ဆို အသင်းအတွက်မလိုတော့တဲ့ ဖီးလ်ဂျုံးနဲ့ အဆင်မပြေတော့တဲ့ ဂိုးသမား ရိုမီယို၊ အာဆင်နယ်ဆိုရင် အိုဇေးလ်တို့ကို အသီသီးချန်လှပ်နေတာပါ။

လမ်းပတ်ကတော့ သူဘာလို့ထည့်သွင်းရလဲကိုအခုလိုပဲ ရှင်းပြခဲ့ပါတယ်။ ” ကျိန်သေးပေါက်ဆိုရရင် ရိုမက်တန်ဆန်တာတွေ မပြီးဆုံးသေးဘူးဆိုရမှာပါ။ ပီတာချက်က ထရိန်နင်မှာ ပျော်နေပါတယ်။ ဒါက သူဘယ်လိုလဲဆိုတာပါပဲ။ ကျွန်တော်တို့ပီတာချက်နဲ့ဆိုရင် ဖြစ်လာဖို့မမျှော်လင့်ထားတဲ့ အရာတွေရှိပါတယ်။ ဒါပေမဲ့ သူ့ကြံ့ခိုင်နေတဲ့အနေအထားမှာ’

” ကျွန်တော်တို့ အခက်အခဲတွေသာ တကယ်ကြုံလာရင် ကျွန်တော်တိုွှဆီမှာ ပီတာချက်ထက်ပိုကောင်းတဲ့သူ တယောက်မှ မရှိတော့လို့ပါပဲ။ ကျွန်တော်ပီတာချက်ကိုကစားရဖို့ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်လ၊ ခုနှစ်လလောက်တုန်းက အဖြစ်အပျက်တွေကလည်း ဘယ်သူမှမမျှော်လင့်ထားတာမျိုးမဟုတ်ဘူးလေ။ ဒါဆို သူဘာလို့ဒီမှာရှိနေရလဲကို ရှင်းသွားမယ်ထင်ပါတယ်။”

” ဒီနှစ်မှာဆိုရင် ကျွန်တော်တို့မှာ ဟာကွက်တခုရှိနေတယ်။ ကိုဗစ်က တခြားနှစ်တွေနဲ့မတူတာမျိုးကို လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ပီတာချက်က ကြံ့ခိုင်နေတယ်။ သူကလုံးဝကို ငယ်ရွယ်နေတယ်။ သူလုပ်ဆောင်ရမယ့်ဟာမျိုးတွေရှိလာရင် သူက ကစားပေးနေနိုင်တယ်။ ပီတာချက်ကို လူစာရင်းထဲသွင်းလိုက်တာက လုံးဝကို စဉ်းစားနေစရာတောင်မလိုတာမျိုးပါပဲ’ လို့ လမ်းပတ်ကရှင်းပြခဲ့ပါတယ်။ တကယ်လည်း ပီတာချက်ဟာ အရန်ဂိုးသမားအဖြစ်ကို ဖလားပွဲတွေမှာ ကစားလာရနိုင်ပြီး၊ ချဲလ်ဆီးနောက်တန်းမှာ ဂိုးဖမ်းနေတာမျိုးကို မြင်ရတော့ဖို့ရှိနေပါပြီ။

Aung Bwa – SportsGabar