နံနက်ပိုင်း အားကစားသတင်းတိုများ (၂၁.၁၀.၂၀၂၀)

ချဲလ်ဆီးအသင်းအနေနဲ့သူတို့ရဲ့ဂိုးသမားဟောင်းကြီးတဖြစ်လဲ လက်ရှိနည်းစနစ် အကြံပေး ပီတာချက်ကို အသင်းရဲ့ (၂၅)ယောက် ဂိုးသမား စာရင်းမှာထည့်သွင်းမယ်လို့သိရပါတယ်။ အရန်ဂိုးသမားအဖြစ်တာဝန်ယူမယ့် ပီတာချက်ဟာ အနားယူပြီးပြီလို့ ကြေညာထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံနိုင်ပွဲအပြီးမှာ သူတို့ရဲ့ကစားသမားလေးဦးကို စာချုပ်သစ်ချုပ်ဆိုကြောင်းကြေညာခဲ့ပါတယ်။ ပီကေး၊ တာစတီဂျန်၊ လင်ဂလတ်၊ ဒီဂျောင်လေးဦးလုံးကို ယာယီလစာလျှော့ယူမယ့်အချက်တွေနဲ့ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

(၅-၁)ရလဒ်နဲ့ ဖရန်ဗာရိုစီကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမားလေး နှစ်ယောက် ဂိုးသွင်းခဲ့ပါတယ်။ ဖာတီနဲ့ ပတ်ဒရီနှစ်ဦးသားသွင်းယူခဲ့ချိန်မှာ အသက် (၁၇)နှစ်ပဲရှိသေးပြီး၊ ချန်ပီယံလိဂ်သမိုင်းမှာ တပွဲတည်းနှစ်ဂိုးသွင်းတဲ့ (၁၇)နှစ်သားနှစ်ယောက်ကိုပိုင်ဆိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ လာဇီယိုအသင်းတွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ (၃-၁)နဲ့အတူ ဒေါ့မွန်အသင်းရှုံးနိမ့်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ အသင်းလူစာရင်းမှာ (၁၇)နှစ် (၁၁၃)ရက်ပဲရှိသေးတဲ့ ကစားသမားလေး ဘယ်လင်ဂမ်ကိုထည့်သွင်းကစားကာ ချန်ပီယံလိဂ်သမိုင်းတလျှောက်အသက်အငယ်ဆုံး အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ဆီဗီလားတို့ ကစားခဲ့တဲ့ပွဲစဉ်က (ဝ-၀)နဲ့အတူ သရေကျခဲ့ပါတယ်။ ဂိုးသမားမန်ဒီလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး၊ ချဲလ်ဆီးနောက်တန်းက မာကျောတဲ့ခံစစ်တခုကို ပြသထားနိုင်ခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားအနေနဲ့ ချဲလ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်ရဲ့တိုက်စစ်မှူးသစ် မိုရာတာတယောက် ခြေစွမ်းပြနှစ်ဂိုးသွင်းပြီး၊ နိုင်ပွဲတပွဲကို ပုံဖော်ပေးခဲ့ပါတယ်။ ဒိုင်နမိုကိဗ်အိမ်ကွင်းမှာ သွားကစားခဲ့ရပေမဲ့ ဂျူဗင်တပ်တို့ အသာစီးက ကစားနိုင်ခဲ့ကာ ချန်ပီယံလိဂ်နိုင်ပွဲကို တိုက်စစ်အသားပေးနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၁-၂)ရလဒ်နဲ့အတူ ယူနိုက်တက်တို့အနိုင်ရခဲ့ပါတယ်။ ရက်ရှ်ဖို့ရဲ့ နောက်ကျဂိုးနဲ့အတူချန်ပီယံလိဂ်နိုင်ပွဲတပွဲကို ပုံဖော်နိုင်ခဲ့ပြီး၊ ဘရူနိုဖာနန်ဒက် ဦးဆောင်ခဲ့တဲ့အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးမှုတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။

Aung Bwa – SportsGabar