အွန်လိုင်းမှာ နေမာနဲ့ဂိမ်းကစားနေရင်း ဖုန်းနံပါတ်ပေါက်ကြားသွားခဲ့လို့ မက်ဆေ့ချ်(၁)သောင်းကျော်ရခဲ့တဲ့ ရစ်ချာလီဆန်

အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ပီအက်စ်ဂျီစတားနေမာတို့က ဘရာဇီးလ်မှာ သူငယ်ချင်းတွေပါ။ ညဖက်ဆိုဂိမ်းတူတူဆော့ရင်း Live Stream လုပ်နေချိန်မှာ အမှတ်တမဲ့ဆိုသလို နေမာက ရစ်ချာလီဆန်ရဲ့ ဖုန်းနံပါတ်ကို ထုတ်ပြောမိခဲ့ပါတယ်။ အခုလိုထုတ်ြပောလိုက်ရရဲ့ ရည်ရွယ်ချက်ကို မတော်တဆဖြစ်သွားတာပါလို့ နေမာက ပြန်တောင်းပန်ထားပါတယ်။

ဖုန်းနံပါတ်ကို ပြောလိုက်မိချိန်မှာ ရစ်ချာလီဆန်ရဲ့ပရိသတ်တွေက ကစားသမားကို မတ်ဆေ့ချ်တွေဝိုင်းပို့ပါတော့တယ်။ Whatsapp ကနေ မတ်ဆေ့ချ်တွေဝိုင်းပို့တာဖြစ်ပြီး၊ အယောက် (၁)သောင်းကျော်လောက်ဝိုင်းပို့ခဲ့ကြတယ်လို့ဆိုပါတယ်။ အွန်လိုင်းပေါ်က ပို့တာဖြစ်တဲ့အတွက် အကောင့်ထဲကို မတ်ဆေ့ချ်တွေဟာ ခဏလေးအတွင်းမှှာကို အဲဒီပမာဏလောက်များခဲ့တာပါ။

နေမာကတော့ သူ့ရဲ့လုပ်ရပ်အတွက်တောင်းပန်ခဲ့ပါတယ်။ သူ့အနေနဲ့ ကစားသမားရဲ့ဖုန်းနံပါတ်ကို အခုလိုပြောခဲ့မိတာက ဘာရည်ရွယ်ချက်မှမရှိဘဲ မတော်တဆဖြစ်ခဲ့တာကို Mirror ကနေ ဆက်သွယ်ခဲ့ချိန် အခုလိုဖြေကြားခဲ့ပါတယ်။ ” ကျွန်တော် ရစ်ချာလီဆန်ရဲ့ နံပါတ်ကို ဘာရည်ရွယ်ချက်မှမရှိဘဲ ဖော်ပြမိလိုက်တာပါ။ မတော်တဆဖြစ်သွားတာကို ကျွန်တော်ကျိန်ပါတယ်ဗျ’ လို့ဆိုခဲ့ပါတယ်။

နေမာဂိမ်းဆော့နေရင်းပြောခဲ့တာက အခုလိုပါ။ ” ငါတို့အွန်လိုင်းမှာဟေ့၊ လာဝေ့ဗ်ကြပါ။ ဒါကရစ်ချာလီဆန် နံပါတ်ပါ။” ဆိုပြီးပြောခဲ့တာပါ။ တဆက်တည်း ” ငါကတော့ ပြောလိုက်ပြီ မင်းဖုန်းနံပါတ်ကတော့ ချိန်းရတော့မယ်လို့ ” စခဲ့ပါသေးတယ်။ တကယ်တမ်းလည်း ဖုန်းနံပါတ်ပြောင်းရတော့မှာပါ။ ငါးမိနစ်အတွင်း မတ်ဆေ့ချ်တသောင်းကျော်လောက်အထိကို ရစ်ချာလီဆန်ရခဲ့တာဖြစ်ပါတယ်။

ဘောလုံးလောကမှာတော့ ကစားသမားတွေနဲ့ အေ့ဂျင့်တွေဟာ Whatsapp မှာ ဖုန်းနံပါတ် အတည်တကျတခုကို သုံးကျပါတယ်။ မပေါက်ကြားအောင်အထူးဂရုစိုက်ရပြီး၊ တလုံးဆိုတလုံး ကိုင်တွယ်ရတာပါ။ အခုလို ဖုန်းနံပါတ်အစစ်ကို ရသွားခဲ့ရင်တော့ ပရိသတ်တွေအတွက် ရွှေပါပဲ။ တဖက်က ကစားသမားကတော့ ပရိသတ်တွေရဲ့ စာပို့တဲ့ဒဏ်ကို ဘယ်လိုမှခံနိုင်မှမဟုတ်လို့ ဖုန်းနံပါတ် ကျိန်းသေပြောင်းရတော့မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar