အသင်းရဲ့ခက်ခဲနေမှုကို ကူညီဖို့ ပထမဆုံးစတင်လိုက်တဲ့ ဂရေ့ဇ်မန်း

ကတ်တလန်သတင်းဌာန မန်တိုဒီပို့ဒီပို့ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရေ့ဇ်မန်းတယောက် သူ့ရဲ့လစာကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပြီလို့သိရပါတယ်။ကိုရိုနာဗိုင်းရပ် ကာလအတွင်းကြပ်တည်းနေတဲ့အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ကူညီဖို့ ပထမဆုံးစတင်လိုက်တာပါ။ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေကို အကူအညီတောင်းခံထားတဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။

လစာငွေရဲ့ပမာဏတရပ်ကို ဂရေ့ဇ်မန်းဟာ ဆိုင်းငံ့ယူမယ်လို့ ဖော်ပြထားပေမဲ့ ဘယ်လောက်ပမာဏကိုတော့ မသိရပါဘူး။ အခုလို ကူညီလိုက်တာက လာမယ့်ဇန်နဝါရီမှာအသင်းအနေနဲ့ ကစားသမားခေါ်ယူဖို့ ဘဏ္ဍာငွေတရပ်အထိ ရလာဖို့ အထောက်အပံ့ဖြစ်လာမှာဖြစ်ပြီး၊ ဂရေ့ဇ်မန်းက စတင်လိုက်တာဖြစ်ပါတယ်။ ပမာဏကိုတော့ စတင်ညှိနှိုင်းနေပြီလို့ ဆိုပါတယ်။

ဖရန်ကီဒီဂျောင်ကလည်း လစာငွေကို အခုလိုဆိုင်းငံ့ပေးရမယ်ဆိုရင် အသင်းနဲ့ညှိနှိုင်းမှာပါ။ အစက လစာလျှော့မယ့် ကိစ္စကို သဘောမူဘဲ လစာသာတကယ်လျှော့ယူရမယ်ဆိုရင် ဇန်နဝါရီမှာအသင်းကထွက်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘာစီလိုနာဟာ ကိုရိုနာကပ်ကာလအတွင်း (၉၃)သန်းယူရိုပမာဏအထိ အရှုံးပေါ်ခဲ့တဲ့အတွက် မတ်ချ်လမှာ ပထမတခေါက်အနေနဲ့ လစာလျှော့ယူဖို့ပြောခဲ့ပြီးပါပြီ။

နောက်တခေါက်အနေနဲ့ လစာလျှော့ဖို့လုပ်ချိန်မှာတော့ တာစတီဂျန်၊ လင်ဂလတ်၊ ဒီဂျောင်သုံးဦးက သဘောမတူဘူးလို့ အသိပေးထားတာဖြစ်ပါတယ်။ အတွင်းပိုင်းတင်းမာမှုတွေများနေပြီး၊ တကယ်သာ လစာလျှော့ယူရရင်တော့ ဘာစီလိုနာကစားသမားတွေရဲ့ ထွက်ခွာမှုကို မကြာခင်မှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ မက်ဆီကလည်း ဒီအစီအစဉ်အတွက် အသံဖွင့်ဟမထားသေးပါဘူး။

Aung Bwa – SportsGabar