ေနရွင္လိဂ္ဖလားကို အရယူဖို႔ေမွ်ာ္လင့္ေနတဲ့ စီေရာ္နယ္ဒို

ေဘာလံုးၾကယ္ပြင့္ စီေရာ္နယ္ဒိုဟာ ေနရွင္လိဂ္ျပိဳင္ပြဲမွာ နယ္သာလန္ကို အႏိုုင္ယူျပီး ေပၚတူဂီအသင္းနဲ႔အတူ ဒုတိယေျမာက္ဆုဖလားေအာင္ျမင္မႈကို ရယူသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

စီေရာ္နယ္ဒိုရဲ႕ေပၚတူဂီအသင္းဟာ ျပင္သစ္မွာက်င္းပခဲ့တဲ့ ယူရို (၂၀၁၆)ျပိဳင္ပြဲတုန္းက ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ျပီး၊ ယခုတစ္ၾကိမ္ ေပၚတူဂီႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပတဲ့ ေနရွင္လိဂ္ျပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲကို တက္ေရာက္ထားႏိုင္ပါတယ္။ ဗိုလ္လုပြဲမွာ ေပၚတူဂီဟာ ဆီမီးအဆင့္တုန္းက အဂၤလန္အသင္းကို အႏိုင္ယူေက်ာ္ျဖတ္လာခဲ့တဲ့ နယ္သာလန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဆီမီးပြဲစဥ္မွာတုန္းက ဆြစ္ဇာလန္ဘက္ကို ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ေရာ္နယ္ဒိုဟာ အိမ္ရွင္ေပၚတူဂီပရိသတ္ေတြရဲ႕ေ႕ရွေမွာက္မွာ ခ်န္ပီယံဆုဖလားၾကီးကို ကိုင္ေျမွာက္သြားႏိုင္ဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။ ဒါနဲ႔ပက္သက္ျပီး စီေရာ္နယ္ဒိုက-

” ႏိုင္ငံလက္ေရြးစင္ ၀တ္စံုကို ၀တ္ဆင္ခြင့္ရတဲ့အခ်ိန္ဟာ ကြ်န္ေတာ့္အတြက္ေတာ့ အရမ္းကို ဂုဏ္ယူစရာေကာင္းပါတယ္၊ ျပီးေတာ့ ဒါဟာ ကလပ္အသင္းမွာကစားတာနဲ႔မတူကြဲျပားတဲ့ ခံစားခ်က္ကိုလည္း ခံစားရပါတယ္၊ ကြ်န္ေတာ့္ရဲ႕တိုင္းျပည္၊ ကြ်န္ေတာ့္ရဲ႕မိသားစုက ေပၚတူဂီပါပဲ၊”

” ဆုဖလားေတြအတြက္ တိုက္ခိုက္ရတဲ့အခြင့္အေရးက တစ္ကယ္ကို ေကာင္းပါတယ္၊ အဲဒီ့အခြင့္အေရးကို ယူရို (၂၀၀၄) မွာတစ္ၾကိမ္၊ ယူရို(၂၀၁၆)မွာတစ္ၾကိမ္ ကြ်န္ေတာ္တို႔ ရခဲ့တယ္၊ အခုေနာက္တစ္ၾကိမ္ထပ္ရခဲ့ပါျပီ၊ စုစုေပါင္းဗိုလ္လုပြဲ (၃)ခုကြ်န္ေတာ္တို႔ ယွဥ္ျပိဳင္ခြင့္ ရခဲ့ရာမွာ (၂) ၾကိမ္ေျမာက္အျဖစ္ ဗိုလ္စြဲခ်င္ပါတယ္” လို႔ဖြင့္ဟသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နေရှင်လိဂ်ဖလားကို အရယူဖို့မျှော်လင့်နေတဲ့ စီရော်နယ်ဒို

ဘောလုံးကြယ်ပွင့် စီရော်နယ်ဒိုဟာ နေရှင်လိဂ်ပြိုင်ပွဲမှာ နယ်သာလန်ကို အနိုင်ယူပြီး ပေါ်တူဂီအသင်းနဲ့အတူ ဒုတိယမြောက်ဆုဖလားအောင်မြင်မှုကို ရယူသွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ပြင်သစ်မှာကျင်းပခဲ့တဲ့ ယူရို (၂၀၁၆)ပြိုင်ပွဲတုန်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ ယခုတစ်ကြိမ် ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ နေရှင်လိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပါတယ်။ ဗိုလ်လုပွဲမှာ ပေါ်တူဂီဟာ ဆီမီးအဆင့်တုန်းက အင်္ဂလန်အသင်းကို အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆီမီးပွဲစဉ်မှာတုန်းက ဆွစ်ဇာလန်ဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာ အိမ်ရှင်ပေါ်တူဂီပရိသတ်တွေရဲ့ေ့ရှမှောက်မှာ ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက်သွားနိုင်ဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး စီရော်နယ်ဒိုက-

” နိုင်ငံလက်ရွေးစင် ဝတ်စုံကို ဝတ်ဆင်ခွင့်ရတဲ့အချိန်ဟာ ကျွန်တော့်အတွက်တော့ အရမ်းကို ဂုဏ်ယူစရာကောင်းပါတယ်၊ ပြီးတော့ ဒါဟာ ကလပ်အသင်းမှာကစားတာနဲ့မတူကွဲပြားတဲ့ ခံစားချက်ကိုလည်း ခံစားရပါတယ်၊ ကျွန်တော့်ရဲ့တိုင်းပြည်၊ ကျွန်တော့်ရဲ့မိသားစုက ပေါ်တူဂီပါပဲ၊”

” ဆုဖလားတွေအတွက် တိုက်ခိုက်ရတဲ့အခွင့်အရေးက တစ်ကယ်ကို ကောင်းပါတယ်၊ အဲဒီ့အခွင့်အရေးကို ယူရို (၂၀၀၄) မှာတစ်ကြိမ်၊ ယူရို(၂၀၁၆)မှာတစ်ကြိမ် ကျွန်တော်တို့ ရခဲ့တယ်၊ အခုနောက်တစ်ကြိမ်ထပ်ရခဲ့ပါပြီ၊ စုစုပေါင်းဗိုလ်လုပွဲ (၃)ခုကျွန်တော်တို့ ယှဉ်ပြိုင်ခွင့် ရခဲ့ရာမှာ (၂) ကြိမ်မြောက်အဖြစ် ဗိုလ်စွဲချင်ပါတယ်” လို့ဖွင့်ဟသွားခဲ့ပါတယ်။

လူညိုချော@SportsGabar