ရိုဒီရီဂွက်အပေါ် ကိုင်တွယ်ပုံအနေအထားတွေကြောင့် အတွင်းရေးပြဿနာရှိလာတဲ့ ဇီဒန်း

အဲဗာတန်အသင်းကို နှစ်နှစ်စာချုပ်နဲ့ ကစားဖို့ရောက်လာတဲ့ ရိုဒီရီဂွက်ကို ရီးရဲလ်မက်ဒရစ်တို့ဟာ လွယ်လွယ်ကူကူပဲ လက်လွှတ်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ အလွတ်ကြေးနဲ့ကို ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပြီး၊ အဲဗာတန်ဟာ နည်းပြအန်ဆယ်လော့တီရဲ့ကောင်းမှုနဲ့ ကမ္ဘာ့အဆင့်ကစားသမားတယောက်ကို တပြားမှမကုန်ဘဲ သက်သောင့်သက်သာခေါ်ယူနိုင်ခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်မှာလည်း ခြေစွာနေတဲ့အပြင် အဲဗာတန်ဇယားထိပ်ဆုံးရောက်နေဖို့ သုံးဂိုးသွင်း၊ သုံးကြိမ်ပံ့ပိုးမှုနဲ့အတူ ကူညီခဲ့ပါတယ်။ ဒီလိုခြေစွမ်းပြနေတဲ့အချက်က ရိုဒရီဂွက်ကိုလက်လွှတ်ခဲ့တဲ့ ဇီဒန်းကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ AS သတင်းဌာနက ဖော်ပြချက်အရ ဥက္ကဌဟာ ဇီဒန်းရဲ့လုပ်ရပ်ကို မကျေမနပ်ဖြစ်နေပြီး၊ ကစားသမားတွေထပ်လက်လွှတ်ဖို့ခွင့်မပြုဖြစ်နေပြီလို့ ဖော်ပြလိုက်ပါတယ်။

ဇီဒန်းလက်ထက်မှာ ရိုဒရီဂွက်ဟာ မနှစ်က ရှစ်ပွဲပဲပွဲထွက်ခဲ့ရပြီး၊ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲဒီမတိုင်ခင်မှာလည်း နှစ်နှစ်အထိ ဘိုင်ယန်မြူးနစ်မှာ အငှားချခံခဲ့ရတဲ့အပြင် ပြန်လာချိန်မှာလည်း မလိုအပ်ဘူးလို့ ယူဆခဲ့ပါတယ်။ နောက်တော့ အဲဗာတန်ကိုပါ လက်လွှတ်ဖို့ စာချုပ်ဖျက်သိမ်းပေးခဲ့တဲ့အထိကို အုပ်ချုပ်ပုံအလွဲတွေကို ပြုလုပ်ပြခဲ့ပါတယ်။ ဇီဒန်းလုပ်ရပ်က ရိုဒရီဂွက်တင်မကပါဘူး။

ဂါရတ်ဘေးလ်၊ ရီဂူလွန်တို့ကိုလည်း စပါးကို အငှား၊ အရောင်းတွေချခဲ့ပြီး၊ အာဆင်နယ်အသင်းကိုလည်း ဆီဘယ်လော့ကိုအငှားပဲထပ်ချခဲ့ပါတယ်။ အကယ်လို့ ဒီကစားသမားတွေကပါ နောင်တရစရခြေစွမ်းတွေကို ထပ်ပြခဲ့ရင်တော့ ဇီးဒန်းတယောက် ဥက္ကရဲ့ဒေါသနဲ့အတူ အထုတ်ပယ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အတွင်းပိုင်းမှာ ပြဿနာအနည်းငယ်လေးတွေရှိနေတယ်လို့ယူဆရမှာပါ။

ရိုဒရီဂွက်ကတော့ အန်ဆယ်လော့တီနဲ့ ရီးရဲလ်၊ ဘိုင်ယန်၊ လက်ရှိအဲဗာတန်မှာပါ နည်းပြအန်ဆယ်လော့တီနဲ့ လက်တွဲနေတာဖြစ်ပါတယ်။ နည်းပြနဲ့ကစားသမား နားလည်မှုအပြည့်ရနေတဲ့အချက်က ဇီဒန်းမလိုအပ်တဲ့ကစားသမားကို အကောင်းဆုံးသုံးပြနိုင်နေတာလို့ ဆိုရမှာပါ။ အကယ်လို့ရာသီကုန်မှာသာ တခုခုလုပ်ပြခဲ့ရ်ငတော့ ဇီဒန်းကို လုပ်ပိုင်ခွင့်တွေရုတ်သိမ်းသွားဖို့ ရှိနေပြီလို့ ခန့်မှန်းနေကြပါတယ်။

Aung Bwa – SportsGabar