နံနက်ပိုင်းအားကစားသတင်းတိုများ (၂၀.၁၀.၂၀၂၀)

နယူးကာဆယ်အသင်းပရိသတ်တဦးဟာ တပွဲချင်းကြည့်ရှုနှုန်းအလိုက် ပိုက်ဆံပေးရမယ့် ပေးပါဗျူးစနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ပေါင် (၂၀၀၀၀)ကို အစားအစာတွေလှူဒါန်းနေတဲ့ ပရဟိတအဖွဲ့အစည်းကိုပဲ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့အနေနဲ့ ကလပ်ကိုပိုက်ဆံမပေးတော့ဘဲ အလိုရှိနေတဲ့နေရာပဲ လှူလိုက်တော့မယ်လို့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ခရီးစဉ် ပီအက်စ်လမ်းကြောင်းမှာ ကာဗာနီ၊ မက်ဂွဲယား၊ ဂရင်းဝုဒ်တို့လို အဓိက ကစားသမားသုံးဦး မပါဝင်ခဲ့ဘူးလို့သိရပါတယ်။ ကျန်တဲ့သူတွေအနေနဲ့ ဖီးလ်ဂျုံး၊ လင်ဂတ်၊ ရိုဂျို၊ တို့လည်းမပါဝင်ခဲ့ဘဲ အသင်းရဲ့လူစာရင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့သူတွေကိုပဲ ထည့်သွားခဲ့ပါတယ်။

မက်ဂွဲယားမပါဝင်ခဲ့ချိန်မှာတော့ ယူနိုက်တက်ရဲ့ကပ္ပတိန်ရာထူးကို ဘရူနိုဖာနန်ဒက်က တာဝန်ယူဝတ်ဆင်ကစားမယ်လို့ိသိရပါတယ်။ ဒီဂီယာရှိနေပေမဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်အသစ်ဖြစ်ပြီး၊ အခုလိုဆုံးဖြတ်လိုက်တာကို ကစားသမားကိုယ်တိုင်ကလည်း ပြင်သစ်မြေကို ရောက်မှသိရတာဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ သူတိူ့ရဲ့ကစားသမား ဆွန်ယောင်မင်ကို လစာအသစ်နဲ့ရေရှည်စာချုပ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။ တပတ်လုပ်ခ ပေါင် (၁၅၀၀၀၀)အထိရရှိမယ့် စာချုပ်အသစ်နဲ့အတူ စပါးတို့ပြင်ဆင်နေပြီး၊ အဆိုပါ (၂၈)နှစ်သားကို ရေရှည်စာချုပ်ကမ်းလှမ်းဖို့ စတင်နေပြီလို့ ဆိုပါတယ်။

လီဗာပူးနဲ့ပွဲမှာ ပြင်းထန်တဲ့ ဖြတ်ထုတ်မှုမျိုးနဲ့ ဗန်ဒိုက်ကိုဖြတ်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ဟာ အရေးယူမှုတစုံတရာ ခံယူရမှာမဟုတ်ဘူးလို့ သိရပါတယ်။ အနီကတ်ပြစ်ဒဏ်မျိုးမပြသခံထားရဘဲ ပွဲချိန်တွင်းမှာလည်း ဗန်ဒိုက်က လူအရင်ကျွံထားတဲ့အပေါ် ပစ်ဖို့ဒ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းမှာရှိခဲ့တယ်လို့ယူဆခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်းနည်းပြ ဘီလစ်ကတော့ ဘောလုံးပွဲဆိုတာ လူစုလူဝေးတွေနဲ့ အားပေးရတဲ့အနေအထားမှာ ဂေါက်ဖ်ပွဲတေလိုမျိုး တပွဲချင်းဈေးကြီးပေးကြည့်နေရတာက မဖြစ်သင့်ဘူးလို့ ဆိုလိုက်ပါတယ်။ လူတိုင်းတတ်နိုင်တဲ့ နှုန်းထားဖြစ်ဖို့လိုအပ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

Aung Bwa – SportsGabar