အမြဲတိုက်စစ်ဆင်ဖို့ ဂွါဒီယိုလာကိုစံထားပြီး၊ နမူနာယူမယ်ဆိုတဲ့ ပီယာလို

ဂျူဗင်တပ်အသင်းရဲ့နည်းပြ ပီယာလိုအနေနဲ့ လူငယ်အသင်းကနေ အသင်းကြီးကို တာဝန်တက်ယူရချိန်မှာ မဆိုးတဲ့စွမ်းဆောင်ရည်ကိုပြထားပါတယ်။ (၂)ပွဲနိုင် (၂)ပွဲသရေ (နာပိုလီပွဲမကန်ဘဲအနိုင်ရ) ရထားချိန်မှာ ကစားကွက်တခုရှိတဲ့ ဂျူဗင်ကိုပရိသတ်တွေ စမြင်လာရပါတယ်။ ဒီအြခေအနေကို ပီယာလိုအနေနဲ့ နည်းပြအတွေ့အကြုံမရှိဘဲ တာဝန်တန်းယူပြီး စွမ်းဆောင်ပြနေတာပါ။

အခုလိုမျိုး လုပ်ဆောင်ြပေနနိုင်တဲ့အတွက် ပီယာလိုမှာ လျှို့ဝှက်ချက်တခုရှိခဲ့ပါတယ်။ ” ဂွါဒီယိုလာဆိုတာ ကျွန်တော်တို့အားလုံးအတွက်ဥပမာပေးစရာတခုပါ ” ပီယာလိုက ဒီအကြောင်းကို ယူအီးအက်ဖ်ဝက်ဘ်ဆိုက်မှာ အင်တာဗျူးဖြေကြားခဲ့တာပါ။ ” သူက အကောင်းဆုံးတွေထဲက တယောက်ပဲ။ ဂွါဒီယိုလာက နည်းပြငယ်ငယ်လေးတွေအတွက် ရှေ့ဆက်သွားလို့ရမယ့်လမ်းကြောင်းကို ပြခဲ့တယ်။”

” တိုက်စစ်ကစားတဲ့ဘောလုံးကို နောက်တဆင့်တက်ချင်တဲ့ မန်နေဂျာမျိုးတွေအတွက်ပေါ့။ ကျွန်တော်တို့လို မန်နေဂျာအငယ်လေးတွေမှာ သူ့လိုမျိုး အိုင်ဒီယာတွေရှိတယ်။ ကစားသမားတွေအားလုံးကို ရှေ့ဆက်သွားဖို့ ခေါ်ဆောင်သွားချင်တယ်။ ဂွါဒီယိုလာကျတော့ ဘောလုံးလောက အရွေ့ကြီးတခုလုံးရဲ့ စံပြလို့ဆိုနိုင်တဲ့ နည်းပြ ကောင်းတယောက်ပေါ့”

” ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုမျိုးကစားတာကို ကြိုက်တယ်။ အခြေအနေတွေကို လိုသလို စီမံနိုင်ဖို့ဆိုရင် အမြဲတမ်းတိုက်စစ်ဆင်နေပြီး ပွဲကိုလွှမ်းမိုးတာမျိုးကပေါ့။ ဒီလိုကစားတာမျိုးကလည်း အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ကစားကွက်ဖြစ်လာပါလိမ့်မယ်။ ” လို့ ဆိုခဲ့ပါတယ်။ ဒီစကားအရ ပီယာလိုရဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေမှာ ပတ်ဂွါဒီယိုလာ လမ်းစဖောက်ခဲ့သလိုမျိုးတွေ မြင်လာရဖို့ရှိနေပါတယ်။

လက်ရှိမန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာကလည်း ပီယာလိုနည်းတူ ဘာစီလိုနာဘီအသင်းကနေ အသင်းကြီးကို နည်းပြတာဝန်တက်ယူရသူဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရခဲ့ချိန်မှာ ဥရောပကို ခြေဆန့်ထွက်ခဲ့ပြီး၊ နောက်ဆုံးမှာ မန်စီးတီးကိုရောက်လာခဲ့တာပါ။ ပီယာလိုကလည်း ပတ်ဂွါဒီယိုလာလိုပဲ ဂျူဗင်တပ်အသင်းကြီးကိုတာဝန်ယုူနေချိန်မှာ တိုက်စစ်နဲ့ပဲ အသင်းကို တန်ဆာဆင်မယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar