ပြိုင်ဘက်ဂိုးသမားပါးကို ဆွဲကိုက်လိုက်လို့ ရုံးတင်တရားစွဲခံလိုက်ရတဲ့ ပြင်သစ်ကစားသမား

ပြင်သစ်ဒုတိယတန်းလိဂ်ပွဲစဉ်အနေနဲ့ ကစားခဲ့တဲ့ စနေနေ့က ပွဲစဉ်တပွဲမှာ ဗလန်ဆီယန်နက်ဂိုးသမား ဂျာရိုမီတယောက်ပါးမှာ သွေးစို့ခဲ့ပါတယ်။ ကွင်းထဲမှာ ပြိုင်ဘက် ဆိုးချော့အသင်းရဲ့ကွင်းလယ်လူ အိုဆေးနို သီရုန်းတယောက် ပါးစပ်နဲ့ကိုက်ဆွဲခဲ့တာဖြစ်ပြီး၊ ဥပဒေပလုပ်ရပ်ကို ကျူးလွန်ခဲ့ပါတာပါ။အခုတော့ ကစားသမားကို ဗလန်ဆီယန်နက်အသင်းက တရားစွဲလိုက်ပါပြီ။

” ဂျေရိုမီရဲ့ပါးကို ကိုက်လိုက်တာက တော်တော်လေးကိုကြီးပါတယ်။ ‘ ဒီစကားကိုပြောခဲ့သူက ဗလန်ဆီယန်နက် ဥက္ကဌ အက်ဒီပါ။ AFP သတင်းဌာနကို သူ့တို့အသင်းရဲ့ဂိုးသမား ဖြစ်ပျက်သွားတဲ့အပေါ် သတင်းပေးနေတာဖြစ်ပါတယ်။ ” အခုလိုလုပ်ရပ်တွေက အတော်လေးဆိုးရွားပါတယ်။’။ ဥက္ကဌကတော့ ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့ ပြီးသွားပြီးမှသာ ဂိုးသမားကို ပါးကိုက်ခဲ့တဲ့ ကိစ္စကိုသိတာဖြစ်ပါတယ်။

အိုဆေးနို သီရုန်

ဘယ်နားမှာကိုက်သွားလဲကို ဒိုင်လူကြီးမသိလိုက်ပေမဲ့ နည်းပြဖြစ်သူ အိုလီဗီယာက သူ့ဂိုးသမားဟာ ပါးမှာတကယ်အကိုက်ခံခဲ့ရတယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ တဖက်ပြိုင်ဖက်အသင်း ဆိုးချော့နည်းပြကတော့ သူ့ကစားသမားကို စွပ်စွဲတဲ့အပေါ် ကာကွယ်ခဲ့ပါတယ်။ အခုလို လုပ်ရပ်ကိုဖြစ်လာဖို့ စကားလုံးတွေနဲ့ ဂိုးသမားက အိုဆေးနို သီရုန်းကို ဆွခဲ့တယ်ဆိုပါတယ်။

ဂျာရိုမီ

” ကစားသမားတယောက်က တခုခုအရင်မဖြစ်ဘဲ အခုလို ရူးရူးမိုက်မိုက်လုပ်ရပ်တွေ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်ပွဲအပြီးမှာ ကြားခဲ့ရတာက ကစားသမားကိုစော်ကားမှုတွေရှိခဲ့တယ်လို့ပါ။ ဒါပေမဲ့ ကစားသမားဖက်ကလည်း ပိုပြီးထိန်းချုပ်နိုင်တဲ့အနေအထားတွေရှိဖို့လိုပါတယ်။” ပွဲစဉ်နဲ့ ပတ်သက်လို့ လက်ရှိမှာက နည်းပြနှစ်ဦးပြောစကားနဲ့ တရားစွဲဆိုထားမှုပဲရှိသေးပါတယ်။

တကယ်ကိုက်ခဲ့ရင်တော့ ဥပဒေပြင်ပလုပ်ရပ်ဖြစ်တဲ့အတွက် လီဂူးအဖွဲ့ချုပ်ကလည်း ငြိမ်နေမှာတော့ မဟုတ်ပါဘူး။ ပြင်းထန်တဲ့အရေးယူမှုတွေလုပ်သွားဖို့ရှိနေပါတယ်။ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေကပဲ ကစားသမားရဲ့လုပ်ရပ်ကို အပြစ်ဒဏ်ဖြစ်သတ်မှတ်နိုင်မှာပါ။ တကယ်ကိုက်ခဲ့ရင်တော့ အတော်လေးကို ဆိုးရွားတဲ့လုပ်ရပ်တစ်ခုလို့ သတ်မှတ်ရမှာပါပဲ။

Aung Bwa – SportsGabar