ဒဏ်ရာအတွေ့အကြုံအရဆိုရင် (၈)လလောက် ကစားပွဲတွေက ဝေးကွာသွားဖို့ရှိနေတဲ့ ဗန်ဒိုက်

မာဆေးဆိုက်ဒါဘီမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတခုကို မြင်တွေ့ခဲ့ရပါတယ်။ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်တို့ရဲ့ပင်နယ်တီဧရိယာတွင် ဖျက်ထုတ်မှုပါ။ ဂိုးရဖို့ကြိုးစားအားထုတ်ခဲ့တဲ့ ဗန်ဒိုက်ကို ဂျော်ဒန်ပစ်ဖို့ဒ်က တားဆီးချိန်မှာ အတော်လေးကို ကြမ်းတမ်းတဲ့အနေအထားထိ ဖြစ်သွားခဲ့ပါတယ်။ ဗန်ဒိုက်အနေနဲ့ ဆက်ကစားဖို့မဖြစ်နိုင်တော့ဘဲ ကွင်းပြင်ပကို ထွက်ခွာသွားခဲ့ပါတယ်။

ဖြစ်ရပ်ကို VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့ချိန်မှာ ညို့သကျည်းကို ပစ်ဖို့ဒ်ရဲ့ခြေထောက်က ကန့်လန့်ဖြတ်ဝင်သွားခဲ့ကို မြင်ခဲ့ရပါတယ်။ မတော်တဆဖြစ်ရပ်လို့ပဲဆုံးဖြတ်ခဲ့ချိန်မှာ Bein Sports ရဲ့ရုပ်သံဆွေးနွေးသူတွေက ဗန်ဒိုက်ရဲ့ဖြစ်ရပ်အပေါ် ဝေဖန်ခဲ့ကြပါတယ်။ ဗန်ဒိုက်ရဲ့ ခြေထောက်ကို ဖြတ်ဝင်သွားတဲ့ပုံအရ ခြေထောက်ကို တိုက်ရိုက်မထိခိုက်မိဘဲ ACL ကိုသွားထိတာလို့ဆိုပါတယ်။

ACL ဆိုတာက ဒူးခေါင်းအရှေ့ဖတ်အရွတ်ပါ။ အရွတ်နေရာက နူးညံ့ပြီး၊ ထိခိုက်မိခဲ့ရင် ပြန်ကောင်းဖို့ အချိန်ယူနားရတဲ့အတွက် ပျောက်ကင်းဖို့ တော်တော်ကြာပါတယ်။ အလုံးစုံပြန်ကောင်းဖို့အတွက် နားချိန်လုံလုံလောက်လောက်ပြန်ပေးရမယ်ဆိုရင် (၇-၈)လကြာအထိ ကုသရမှာဖြစ်ပြီး၊ ဗန်ဒိုက်အနေနဲ့ EPL ရာသီတခုလုံးကို လွဲချော်သွားနိုင်တဲ့အထိ သက်ရောက်မှုကကြီးမားခဲ့ပါတယ်။

နည်းပြဂျာဂင်ကလော့ကလည်း ဒီဖြစ်ရပ်ကို အတည်မပြုသေးပေမဲ့ ဘီဘီစီနဲ့ပွဲအပြီးအင်တာဗျူးမှာအခုလို ဆိုခဲ့ပါတယ်။ ” ဗန်ဒိုက်ဟာ နာကျင်မှုတွေရှိနေပေမဲ့လည်း ပွဲပေါင်းဘယ်လောက်ကို တဆက်တည်းကစားခဲ့လဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။ သူနာနေရင်တောင်မှ ကစားတယ်။ ဒါပေမဲ့ အခုသူဆက်မကစားနိုင်ခဲ့ဘူး။ ဒါက မကောင်းဘူးဆိုတာကိုပြနေပါတယ်။”

” ကျွန်တော်မြင်လိုက်တဲ့ ဖြစ်ရပ်ကလည်း လုံးဝကို ပင်နယ်တီပေးရမှာ အရှင်းကြီးပါ။ နောက်တော့ လိုင်းစ်မန်းက အလံထောင်တာလည်း ကျွန်တော်တို့တွေ့တယ်လေ။ ကျွန်တော်ထင်တာကသူတို့ ဖောင်းဘောကိုကြည်ပေးခဲ့တယ်ထင်တာ။ ဒါပေမဲ့ ဘာမှဆက်ဖြစ်မလာခဲ့ဘူး။ ပစ်ဖို့ဒ်က အဲဒီလိုလုပ်ချင်ခဲ့တယ်လို့တော့ ကျွန်တော်မြပောချင်ဘူး။ ဒါပေမဲ့ ပင်နယ်တီဧရိယာထဲမှာ ဂိုးသမားတယောက်အနေနဲ့ လုပ်သင့်တဲ့ချဲလင့်မျိုးတော့ မဟုတ်ဘူးလို့ထင်ပါတယ် ‘

Aung Bwa – SportsGabar