ဘရူနိုဖာနန်ဒက်ပင်နယ်တီလွဲတာက ဘာလို့ဟိုလေးတကျော်ဖြစ်နေရတာလဲ

နယူးကာဆယ်ကို (၁-၄)နဲ့နိုင်သွားတဲ့ပွဲအတွင်းမှာ မန်ချက်စတာယူနိုက်တက်ဟာ အစဉ်အလာမပျက် ပင်နယ်တီရခဲ့ပါတယ်။ တပွဲတလုံးလောက်ဆိုလို့ရနေတဲ့အနေအထားမှာ ပင်နယ်တီကနေ တလုံးဆိုတလုံး အမြဲရှာဖွေနိုင်ခဲ့ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ ပင်နယ်တီကန်သွင်းသူဖာနန်ဒက်ကလည်း တလုံးမှကို တလုံးမှဆို မလွဲအောင်ကို ဝင်အောင်ကန်သွင်းထားနိုင်သူပါ။

ဖာနန်ဒက် ယူနိုက်တက်ကို ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီမှာရောက်လာခဲ့ချိန်ကစလို့ ပင်နယ်တီစုစုပေါင်း (၁၀)လုံးအထိကန်ခဲ့ပါတယ်။ (၁၀)လုံးမှာ (၁၀)လုံးလုံးဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ တချို့ဂိုးတွေဆိုရင်အသင်းရဲ့အနိုင်သုံးမှတ်ကို ကယ်ရီလုပ်နိုင်ခဲ့တဲ့အထိ အရေးပါခဲ့ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်တယောက် (၁၁)ဂိုးမြောက်အဖြစ် နယူးကာဆယ်နဲ့ပွဲမှာရတဲ့ ပင်နယ်တီကို မဝင်ခဲ့ပါဘူး။

အနိုင်ဂိုးအဖြစ်တောင် ပြောင်းလဲနိုင်တဲ့ ပင်နယ်တီကို ဖာနန်ဒက် မဝင်ခဲ့ချိန်မှာတော့ သတင်းစာမျက်နှာတွေထက် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်ပင်နယ်တီဝင်နေတာက မဆန်းပေမဲ့ မဝင်လိုက်တာက အဆန်းပါပဲ။ ဖာနန်ဒက်ရဲ့ ပင်နယ်တီမှတ်တမ်းက လေးနှစ်ကျော်ကာလအတွင်း အခုလိုလွဲတာပထမဆုံးမလို့လည်းဖြစ်ပါတယ်။

နောက်ဆုံးပင်နယ်တီလွဲခဲ့တာက အူဒီးနီးစ်အတွက် စီးရီးအေမှာကစားပေးချိန်ပါ။ အဆိုပါအချိန်က ဖာနန်ဒက်ရယ်လို့ ဥရောပမှာ သိပ်မထင်ပေါ်သေးဘဲ ရှိပါသေးတယ်။ နာပိုလီနဲ့ကစားခဲ့တဲ့ပွဲ (၂၀၁၆) ဧပြီလ (၃)ရက်အပြီးမှာ ပင်နယ်တီလွဲခဲ့ချိန်ကစလို့ အခုနောက်ဆုံးလွဲချိန်အထိ (၁၆၅၉)ရက်ကြာ ပင်နယ်တီမလွဲထားတဲ့အတွက် ထူးဆန်းနေခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း အူဒီးနီးအတွက် (၁၈)လုံးဆက်ပင်နယ်တီမလွဲတော့သို စပို့တင်း၊ မန်ယူ ရောက်ချိန်အထိ ပင်နယ်တီမလွဲတော့ပါဘူး။ အခုတော့ စံချိန်ပျက်သွားခဲ့ပြီဖြစ်တဲ့အတွက် ဖာနန်ဒက်ပင်နယ်တီမဝင်တာက ဟိုးလေးတကျော်ဖြစေ်နတာဖြစ်ပါတယ်။ ပွဲချိန်တွင်းမှာ ပင်နယ်တီမဝင်ခဲ့ပေမဲ့ ဗန်ဒီဘိခ်နဲ့အကောင်းဆုံးတွဲဖက်ပြီး၊ သွင်းဂိုးတဂိုးကို ရှာဖွေပေးခဲ့ပါတယ်။

Aung Bwa – SportsGabar