နံနက်ပိုင်း အားကစားသတင်းတိုများ (၁၈.၁၀.၂၀၂၀)

မာဆေးဆိုက်ဒါဘီမှာကစားရင်း ဒဏ်ရာအပြင်းအထန်ရသွားတဲ့ ဗန်ဒိုက်ဟာ စိုးရိမ်ရတယ်လို့ ကလော့ကပြောကြားလိုက်ပါတယ်။ ပုံမှန်ဆိုရင် ထိခိုက်မှုရှိနေရင်တောင် ပွဲထဲဆက်ကစားထဲဗန်ဒိုက်လူစားလဲခဲ့ရတဲ့အပေါ် အခုလိုမှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။ ပွဲစဉ်ကတော့ (၂-၂)နဲ့အတူ သရေ ရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အံ့အားသင့်ဖွယ်ရာရှုံးပွဲတပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ တန်းတက် ကာဒစ်ဇ်အသင်းကို (ဝ-၁)နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး၊ ပထမပိုင်း (၁၆)မိနစ်မှာပေးလိုက်ရတဲ့ဂိုးနဲ့အတူ ပြန်မလာနိုင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ကာဒစ်ဇ်ရဲ့အံ့အားသင့်ဖွယ်ရာ အနိုင်ယူမှုလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်း ဂီတာဖေးကို ရီးရဲလ်မက်ဒရစ်နည်းတူ ရှုံးနိမ့်ခဲ့ပါတယ်။ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ပြီး၊ (၅၆)မိနစ်ပင်နယ်တီပေးလိုက်ရချိန်မှာ ပြန်ကိုမလာတော့ဘဲ ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာဟာ ဒီရာသီရဲ့ပထမဆုံးရှုံးပွဲကို ကြုံတွေခဲ့ပါတယ်။

ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကစားခဲ့တဲ့ ပွဲစဉ်က (၁-၄)နဲ့အတူ ဧည့်သည်တို့အနိုင်ရခဲ့ပါတယ်။ ဒီရာသီအဝေးကွင်းနိုင်ပွဲနှစ်ပွဲလုံးကို အနိုင်ယူလာနိုင်တဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အနေနဲ့ အနိုင်ဂိုး (၃)ဂိုးလုံးကို နာကျင်အချိန်ပိုနဲ့ နောက်ဆုံး (၁၀)မိနစ်အတွင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ သူတို့နိုင်ပွဲရလိုက်ချိန်မှာ ဒီရာသီဟာ မန်ယူအတွက် အခုမှ စတာဖြစ်တယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ ရလဒ်ပိုင်းဆိုးရွားမှုတွေရှိပေမဲ့ မန်ယူအတွက်တော့ ရာသီအခုမှစတာဖြစ်တယ်လို့ ဂိုးပြတ်နိုင်ပွဲနဲ့ သံချောင်းခေါက်လိုက်တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်း၊ ပတ်နဲ့ အာတီတာတို့ရဲ့ တွေ့ဆုံမှုက တလုံးတည်းသောဂိုးနဲ့အတူ မန်စီးတီးတို့အနိုင်ရခဲ့ပါတယ်။ သရေရလဒ်ကန်ဖို့ ပြင်ဆင်လာတဲ့ အာတီတာအနေနဲ့ စတာလင်ရဲ့ကန်ချက်တလုံးကို ဂိုးအဖြစ်ပေးလိုက်ရချိန်၊ ပြန်ကိုမလာနိုင်တော့ဘဲ (၁-ဝ)နဲ့အတူ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အာမီးနီးယားတို့ရဲ့ပွဲစဉ်မှာ တိုက်စစ်မှူး လီဝမ်ဒေါစကီးက (၂)ဂိုးအထိသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ (၄-၁)နဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ချိန်၊ သောမတ်မူလာနဲ့ ထုံးစံအတိုင်းပေါက်ကွဲပြခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်တို့ သက်သောင့်သက်သာအနိုင်ရခဲ့ပါတယ်။

Aung Bwa – SportsGabar