ခရစ္စတီယာနို ရော်နယ်ဒိုနီးပါးအမြင့်နဲ့ လီဗာပူးကို ခေါင်းတိုက်ချေပသွားတဲ့ ကလဲဗက်လေဝင်

အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ကလဲဗက်လေဝင်ရဲ့ ခေါင်းတိုက်စွမ်းရည်က ပရီးမီးယားလိဂ်မှာ အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ ဟန်တခုကို ပြန်ယူလာပါတယ်။ Full Back တွေ၊ တောင်ပံတွေသာ ဖြတ်တင်ဘောကို ချိန်သားကိုက်ထုတ်ပေးနိုင်ရင် ဖော်မြူလာကျဂိုးတဂိုးကိုရှာဖွေဖို့ အဲဗာတန်အနေနဲ့ အင်မတန်လွယ်ကူနေပြီဆိုတာကို ပြသနိုင်တဲ့ ဗဟိုတိုက်စစ်မှူးပါပဲ။

လီဗာပူးကို (၂-၁)နဲ့ရှုံးနေတဲ့အနေအထားမှာ အန်ဆယ်လော့တီအနေနဲ့ ဒိုကိုရေးကိုထုတ်ပြီး (၇၈)မိနစ်မှာ အီဝိုဘီနဲ့လူစားလဲလိုက်ပါတယ်။ ကွင်းလယ်မှာ တိုက်စစ်ကိုဖြန့်ကျက်ဖို့အထိ ကာဗာပေးသွားနိုင်တဲ့အနေအထားမှာ ချက်ချင်းဆိုသလို အဲဗာတန်ကစားကွက်အပြောင်းအလဲဖြစ်သွားပြီး၊ ဘယ်ခြမ်းက ဒစ်နေးဆီ မိနစ် (၈၀)အရောက်မှာ ဘောလုံးရသွားခဲ့ပါတယ်။

ယုံကြည်မှုအပြည့်နဲ့ အသင်းဖော်ဆီဖြတ်တင်ဘောတလုံးဆိုတလုံးပေးခဲ့ချိန်၊ ကလဲဗက်လေဝင်ရဲ့ခေါင်းပေါ်ကို အတော်လေးမြင့်တဲ့အနေအထားထိ ရောက်သွားခဲ့ပါတယ်။ ဗန်ဒိုက်ရှိမနေတဲ့နောက်တန်းမှာ ဂိုမက်စ် ကပ်ထားတာခံနေရတဲ့ လေဝင်ဟာ သူ့ရဲ့ပိုင်နိုင်မှုကိုအကောင်းဆုံးအသုံးချခဲ့ပြီး၊ မဖြစ်နိုင်တဲ့အနေအထားတခုကို ခုန်တက်လိုက်ပါတယ်။ (၂.၂၄)မီတာအထိဖြစ်ပါတယ်။

ကလဲဗက်လေဝင်ရဲ့ခေါင်းတိုက်သွင်းဂိုးတွေထဲမှာ အမြင့်ဆုံးဖြစ်လာမယ့်ဂိုးဟာ သေချာပေါက်ကိုချေပဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ လီဗာပူးတို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီအမြင့်ဟာ အတော်လေးကိုမှမြင့်တဲ့ဂိုးအဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုသွင်းခဲ့တဲ့ ဂိုးနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အက်သလက်တီကိုကို (၃-၂)နဲ့နိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ စီရော်နယ်ဒိုဟာ စံချိန်တင်ခေါင်းတိုက်ဂိုးတလုံးကိုသွင်းခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုအမြင့်လို့တင်စားတဲ့ အဆိုပါပမာဏဟာ (၂.၅၆)မီတာအထိရှိခဲ့ပါတယ်။ (.၂၄)မီတာပဲကွာတော့တဲ့အနေအထားထိ ကလဲဗက်လေဝင်တယောက် ခုန်ပြနိုင်ခဲ့ချိန်မှာတော့ ပရီးမီးယားလိဂ်ဟာ ခေါင်းတိုက်ဂိုးတွေနဲ့ပြန်အသက်ဝင်လာခဲ့ပါပြီ။ အခုလိုအမြင့်အနေအထားကို ပြေးလွှားနေရင်းချိန်သားကိုက်ဂိုးအဖြစ်ပြောင်းလဲဖို့မလွယ်ကူတဲ့အနေအထားမှာ ကလဲဗက်လေဝင်လုပ်ပြနေတာက တချိန်မှာ ဒီထပ်ပိုမြင့်တဲ့ဂိုးတွေလာတော့မယ်လို့ ပရိသတ်ကိုသတိပေးနေတာပဲဖြစ်ပါတယ်။

Aung Bwa – SportsGabar