လာလီဂါမှာ အဝါကတ်တွေတောက်လျှောက်ထိနေလို့ အသားကျဖို့ရုန်းကန်နေရတဲ့ ဆေးလ်ဗား

ဒေးဗစ်ဆေးလ်ဗားတယောက် မန်စီးတီးကနေ ဂန္ဓဝင်အဖြစ်နဲ့အနားယူအပြီးမှာ အံ့အားသင့်ဖွယ်ရာဆိုသလိုပဲ ရီးရဲလ်ဆိုစီဒက်ကို ပြောင်းသွားခဲ့ပါတယ်။း (၃၄)နှစ်သား ကစားသမားတယောက်အေနနဲ့ အခုလို ထိပ်သီးလိဂ်တခုမှာပြန်ကစားခဲ့မှုက ပရိသတ်တွေမထင်ထားတာကိုဖြစ်စေခဲ့ပြီး၊ ဆေးလ်ဗားတယောက် ရီးရဲလ်ဆိုစီဒက်ကို ကူညီဖို့ ရောက်သွားပြီလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အသက်အရွယ်ရလာမှု၊ စပိန်လိဂ်နဲ့အသားမကျတာကြာခဲ့မှုတွေက ကစားသမားကို ကစားရတာမပျော်မရွှင်ဖြစ်လာစေခဲ့ပါပြီ။ သူ့အနေနဲ့ ငယ်ရွယ်တုန်းကလို ဆေးလ်ဗားမဟုတ်တော့ဘဲ စပိန်လိဂ်မှာ ပြစ်ဒဏ်တွေမကြာခဏရနေတဲ့အပေါ် စိတ်မကောင်းစွာရင်ဖွင့်လာခဲ့ပါတယ်။ မပျော်မရွှင်ဖြစ်နေပြီလို့ ဝန်ခံလိုက်ရင်း သူရုန်းကန်နေရတာကို ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော် ရီးရဲလ်ဆိုစီဒက်နဲ့ လေးပွဲကစားပြီးပါပြီ။ အဝါကတ်က နှစ်ကြိမ်တောင်ပြခံခဲ့ရပါတယ်။ ကျွန်တော်ထင်တာက ကျွန်တော့်မှာ ဒိုင်တွေနဲ့ပတ်သက်လို့ ပြဿနာတခုခုရှိနေတာမျိုးပေါ့။ ကျွန်တော်ပြန်အသားကျဖို့လိုနေပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားပွဲတွေကနေ ပြန်လာခဲ့တယ်။ ရာသီကြိုလည်း နည်းနည်းကစားခဲ့တယ်။ ကျွန်တော်စပိန်ရောက်လာတော့ ဘောလုံးပေးတာတွေက အရမ်းမြန်နေတယ်လေ။ ”

” အကုန်လုံးက ကျွန်တော့်အပေါ်က ကျော်တက်သွားတယ်။ နားချိန်တောင်မရှိဘူး။ တချို့အချိန်တွေဆို လွှမ်းမိုးခံနေရသလိုခံစားရတယ်။ ကျွန်တော်လူတွေနဲ့ ကျွန်တော်သီးခြားစီဖြစ်နေတာကို ပိုကြိုက်တယ်။ ဘေးကဆူသံတွေကိုနားမယောင်ဘဲနဲ့ပေါ့။ ဒါပေမဲ့လည်း တခါတလေမှာ နားထဲကိုဝင်လာတဲ့ စကားလုံးတွေရှိတယ်။ မကြားချင်လည်းကြားနေရတာမျိုးလေ။

” ဒီစပိန်သားကတော့ ဒီမှာဘာမှမဟုတ်ဘူးဆိုတာမျိုး။ ဆယ်နှစ်ကြာပြီးနောက်မှာ ကျွန်တော် အဲဒီလိုအာရုံစိုက်ခံရတာမျိုးတွေနဲ့ အမှတ်ပေးဇယားကို ပြောင်းလဲလိုက်ရဖို့ သက်သေပြချင်နေတယ်။ ပြောင်းလဲချင်ပေမဲ့လည်း ကျွန်တော့်အချိန်တွေကို သေချာပြန်သုံးသပ်လိုက်ချိန်မှာ ကျွန်တော့်ကျောပိုးအိတ်ကြီးက ပြည့်နေပြီ၊ အမှတ်တရကောင်းတွေ၊ အချစ်၊ သူငယ်ချင်း။ ဖလားတွေနဲ့ အဲဒီလိုဖြစ်နေတာကို ကျွန်တော်မပျော်ရွှင်တော့ဘူး။ ။ ‘

ဆေးလ်ဗားရဲ့မှတ်တမ်းကောင်းတွေနဲ့ပတ်သက်ရင် ပွဲ(၄၀၀)ကျော်မန်စီးတီးမှာ ကစားခဲ့ပေမဲ့ အဝါကတ်ကို ရတယ်ဆိုတာ အတော်လေးကိုကြားရခဲ့ပါတယ်။ သန့်ရှင်းတဲ့ ကစားသမားအဖြစ်လည်းချီးကျူးခံရပြီး၊ ကြံ့ခိုင်မှုအသားပေးတဲ့လိဂ်မှာ နည်းစနစ်ပိုင်းအသားပေးခဲ့သူပါ။ လက်ရှိအခြေအနေကတော့ အရင်ဆေးလ်ဗားမဟုတ်တော့ပေမဲ့ ဆေးလ်ဗားရဲ့သက်တမ်းမှာ မန်စီးတီးကိုခြေစွမ်းကောင်းတွေနဲ့ ဖလားတွေအများကြီးရဖို့ ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

Aung Bwa – SportsGabar