နံနက်ပိုင်း အားကစားသတင်းတိုများ (၁၇.၁၀.၂၀၂၀)

စပါးအသင်းရဲ့ နောက်ထပ်အင်အားဖြည့်တင်းမှုအနေနဲ့ ဆွမ်ဆီးနောက်ခံလူ ရွန်ဒွန်ကို (၅)နှစ်စာချုပ်နဲ့အတူ ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ (၂၂)နှစ်သား ဗဟိုနောက်ခံလူကို ပေါင် (၁၁)သန်းထိ စပါးတို့အသုံးပြုခဲ့ပြီး၊ အသင်းရဲ့ခုနှစ်ယောက်မြောက်ခေါ်ယူမှုအဖြစ်စာချုပ်နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကလည်း ကြိုသဘောတူထားတဲ့အတိုင်း ဘန်ရာမာကိုခေါ်ယူနိုင်ခဲ့ပါတယ်။ ပထရာသီအငှားအတွက် ပေါင် (၅)သန်း၊ အငှားပြီးတာနဲ့ ပေါင်သန်း (၂၀)နဲ့ ခေါ်ယူစာချုပ်ခွင့်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။ အပိုထပ်ဆောင်းကြေးအနေနဲ့ ပေါင် (၅)သန်းပါဝင်တဲ့အပေါ် ဝက်စ်ဟမ်းဟာ ဘရာမာအတွက် ပေါင်သန်း (၃၀)အထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ မန်စီးတီးကစားသမား ဒီဘရိုင်း ဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးလို့သိရပါတယ်။ နေရှင်းလိဂ်ပွဲတွေအတွက် ဘယ်လ်ဂျီယမ်မှာ သွားကစားပေးခဲ့ချိန်၊ ဒဏ်ရာရလာခဲ့တာဖြစ်ပြီး၊ အာဆင်နယ်နဲ့ပွဲမှာ မပါဝင်တော့ဘူးလို့ ဆိုခဲ့ပါတယ်။

ပေါ့ဘာနဲ့ယူနိုက်တက်ကြား စာချုပ်သက်တမ်းကိစ္စအသစ် မဆွေးနွေးထားပေမဲ့ ယူနိုက်တက်ဟာ ကစားသမားရဲ့စာချုပ်ပါတနှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုထားပြီလို့သိရပါတယ်။ ပုံမှန်ဆိုရင် ဒီနှစ်ရာသီအကုန်မှာစာချုပ်ကုန်မယ့်ပေါ့ဘာဟာ (၂၀၂၂)အထိရှိနေမယ်လို့ ဆိုးလ်ရှားကဆိုခဲ့တဲ့အတွက် တနှစ်သက်တမ်းတိုးခွင့်စာချုပ်ကိစ္စကို နှစ်ဦးသဘောတူစာချုပ်ခဲ့ပြီးပြီလို့ ဆိုနိုင်ပါတယ်။

အာဆင်နယ်နည်းြ့ပ အာတီတာကတော့ အိုဇေးလ်ကို ပွဲထွက်ခွင့်မှာ အသုံးပြုဖို့အတွက် ကြိုးစားဖို့ နှစ်လအချိန်ပေးမယ်လို့သိရပါတယ်။ အိုဇေးလ်ရဲ့ကြိုစားမှုအပေါ်မူတည်ကာ ကစားသမားကို ပွဲထွက်ခွင့်ပေးမှာဖြစ်တဲ့အတွက် အိုဇေးလ်အနေနဲ့ နည်းစနစ်နဲ့အံဝင်အောင်ကြိုးစားဖို့လိုတယ်လို့ဆိုပါတယ်။

ပီအက်စ်ဂျီနဲ့ နီးမက်စ်တို့ကစားခဲ့တဲ့ ပွဲစဉ်မှာ (ဝ-၄)ရလဒ်နဲ့အတူ ပီအက်စ်ဂျီတို့အနိုင်ရခဲ့ပါတယ်။ အမ်ဘာပေ တဦးတည်းခြေစွမ်းပြနှစ်ဂိုးသွင်းယူခဲ့ပြီး၊ ကွင်းလယ်တိုက်စစ်ကစားသမား ဆာရာဘီယားကလည်း (၂)ကြိမ်ဖန်တီး၊ (၁)ဂိုးသွင်းခဲ့တယ်လို့သိရပါတယ်။

Aung Bwa – SportsGabar