မဲပေးရွေးချယ်မှုအရ ဘလွန်းဒီအော်ရမှတ်အများဆုံး နံပါတ်တစ်ဖြစ်လာတဲ့ ရော်နယ်ဒို

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဒီနှစ်မှာတော့ မပေးတော့ပါဘူး။ ကိုဗစ် (၁၉)ကြောင့် တနှစ်နောက်ဆုတ်လိုက်ပြီး၊ လီဝမ်ဒေါစကီးခြေစွမ်းပြတဲ့နှစ်မှာမှ အခုလိုဖြစ်ခဲ့တာက စိတ်မကောင်းစရာပါ။ ပုံမှန်ဆိုရင် ကစားသမားတွေကို နှစ်တိုင်းလိုလိုပေးအပ်ခဲ့တဲ့ ဒီဆုဟာ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှာတော့ ဘောလုံးသမားတွေအတွက် ဂုဏ်အယူရဆုံးဆုပါပဲ။

ဘလွန်းဒီအော်ကို ပေးတဲ့စနစ်က ကမ္ဘာတဝန်းက ဂျာနယ်လစ်၊ နည်းပြ၊ ကစားသမားတွေနဲ့ မဲပေးခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက ရွေးချယ်ပေးတာဖြစ်ပါတယ်။ တမဲကို တမှတ်နှုန်းနဲ့တွက်ရင် မဲအများဆုံးရတဲ့ကစားသမားက ဆုကိုရပြီး၊ ခြေစွမ်းထက် မဲသာရင်ရတယ်လို့ ဆိုနိုင်ပါတယ်။ သမိုင်းမှာ စံချိန်တင်ထားတဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ကလည်း အဆိုပါနည်းအတိုင်း မဲအများဆုံးရတဲ့နှစ်တွေမှာရခဲ့တာဖြစ်ပါတယ်။

ဆုအရေအတွက်အရ ဘလွန်းဒီအော်ဆုကို ခြောက်ကြိမ်အထိယူထားနိုင်တဲ့အတွက် မက်ဆီက ဘလွန်းဒီအော်သမိုင်းတလျှောက်မှာ အကောင်းဆုံးလို့ဆိုရမှာပါ။ ဒါပေမဲ့ တဖက်မှာတော့ ရမှတ်တွေအရ စီလိုက်မယ်ဆိုရင် မက်ဆီဟာ အကောင်းဆုံးမဟုတ်သလို ဆုမရဖူးတဲ့ ဗန်ဒိုက်လို ကစားသမားလည်းပါဝင်လာပါပြီ။ ရမှတ်တွေနဲ့ အကောင်းဆုံးကို စီလိုက်ရင်ဖြစ်ပါတယ်။

(၁၀)ဂျိုဟန်ခရိုက် (၅၀၆)မှတ်၊ (၉)ကာကာ (၅၅၀)မှတ်၊ (၈)ပလာတီနီ (၅၅၁)မှတ်၊ (၇)ဘတ်ကင်ဘောင်ဝါ (၅၇၆)မှတ်၊ (၆)ရော်နယ်ဒို (၆၀၀)မှတ်၊ (၅)ဗန်ဒိုက် (၆၇၉)မှတ်၊ (၄)ဇီဒန်း (၇၁၅)မှတ်၊ (၃)လူကာမိုဒရစ် (၈၃၇)မှတ်၊ (၂)မက်ဆီ (၂၉၆၁)မှတ်၊ (၁)ရော်နယ်ဒို (၃၆၀၁)မှတ်ပါ။ ရော်နယ်ဒိုအနေနဲ့ ဘလွန်းဒီအော်ကို ငါးကြိမ်ပဲရဖူးပေမဲ့ အမှတ်က (၆၄၀)လောက်အထိပိုများနေတာဖြစ်ပါတယ်။

မက်ဆီ-စီရော်နယ်ဒို-ဗန်ဒိုက် သုံးဦးဆန်ခါတင်တဲ့နှစ်မှာလည်း မက်ဆီတယောက်ရခဲ့ပေမဲ့ ဗန်ဒိုက်ရဲ့အမှတ်ဟာ မနိမ့်ခဲ့ဘဲ သမိုင်းတလျှောက်အများဆုံးနံပါတ် (၅)ချိတ်တဲ့အထိ ထောက်ခံမှုရခဲ့ပါတယ်။ လူကာမိုဒရစ်ရသွားတဲ့နှစ်မှာတော့ ရမှတ်က နှစ်ယောက်လုံးထက်ကိုအပြတ်အသတ်ပိုခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ကတော့ ဆန်ခါတင်ဝင်တဲ့နှစ်က ရမှတ်တွေမှာလည်း မနိမ့်ခဲ့ဘူးလို့ဆိုရမှာပါပဲ။

Aung Bwa- SportsGabar