ပရီးမီးယားလိဂ် ငါးပတ်မြောက်ပွဲစဉ်အတွက် အသင်းကြီးနှစ်သင်းပဲ အနိုင်ရမယ်ခန့်မှန်းပေးလိုက်တဲ့ လော်ရိုး

ရက်သတ္တပတ် ငါးပတ်မြောက်ကို ရောက်လာတဲ့ ပရီးမီးယားလိဂ်မှာ အသင်းကြီးချင်းထိပ်တိုက်တွေ့ဆုံမှုအများဆုံး အပတ်အဖြစ်ရှိလာပါတယ်။ ကြီးခြောက်ကြီးတွေ့ဆုံမှု၊ မာဆေးဆိုက်ဒါဘီ၊ ဂိုးပြတ်ရှုံးပွဲတွေကြုံထားတဲ့အသင်းတွေနဲ့ အသင်းတိုင်းရဲ့ခြေစွမ်းက အတက်အကျအကြမ်းဆုံးအချိန်မှာ လာတွေ့တာပါ။ ထုံးစံအတိုင်း ကျွမ်းကျင်သူတွေအမျိုးမျိုးခန့်မှန်းနေကြချိန်မှာ ဘီဘီစီလော်ရိုးကလည်း ခန့်မှန်းပေးခဲ့ပါတယ်။

နှစ်တိုင်းလိုလို ပရီးမီးယားလိဂ်ခန့်မှန်းချက်တွေကို အလန်းစားလုပ်ပေးနေတဲ့ လော်ရိုးဟာ ဒီတခေါက်မှာ တော်တော်များများကိုအနိုင်မပေးထားပါဘူး။ စနေနေ့မှာ ကစားမယ့် အဲဗာတန်-လီဗာပူး မာဆေးဆိုက်ဒါဘီကို (၁-၁)အနေနဲ့ခန့်မှန်းပေးလိုက်ပါတယ်။ ဂိုးပြတ်နိုင်ပွဲကိုတသင်းသင်းရမယ်လို့ ပရိသတ်တွေအားခဲထားတဲ့အချိန်မှာ ဒီခန့်မှန်းချက်က အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့တွေ့တဲ့ ချဲလ်ဆီးကိုတော့ (၂-၁)နဲ့အတူ ချဲလ်ဆီးအနိုင်ခန့်မှန်းပေးခဲ့တာက ပေးဂိုးရှိမယ်လို့ ဆိုနေပုံပါပဲ။ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးထဲကတခုဖြစ်လာမယ့် ဆရာတပည့်နှစ်ယောက်ပွဲကိုတော့ သရေခန့်မှန်းပေးခဲ့ပါတယ်။ မန်စီးတီး (၁-၁) အာဆင်နယ်ပါ။ အနိုင်ရလဒ်မဖြစ်မနေလိုနေတဲ့ နယူးကာဆယ်-ယူနိုက်တက်ပွဲကိုတော့ (၁-၂)နဲ့အတူ ယူနိုက်တက်အနိုင်ပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကစားမယ့် ရှက်ဖီးနဲ့ ဖူလ်ဟမ်ပွဲစဉ်ကိုတော့ (၂-ဝ)နဲ့ရှက်ဖီးကိုအနိုင်ပေးခဲ့ပါတယ်။ ပဲလေ့နဲ့ဘရိုက်တန်ပွဲကိုတော့ (၁-၁)၊ စပါးနဲ့ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီတွေ့ဆုံမှုကိုတော့ (၂-၁)နဲ့ စပါးကိုအနိုင်ပေးခဲ့ပါတယ်။ လက်စတာကတော့ (၂-ဝ)ရလဒ်နဲ့ ဗီလာကို အနိုင်ကန်မယ်လို့ဆိုထားပါတယ်။ ဝက်စ်ဘရွန်းနဲ့ ဘန်လေပွဲမှာတော့ (ဝ-၁)နဲ့အတူ ဘန်လေပွဲမှာတော့ ဘန်လေကိုအနိုင်ပေးထားပါတယ်။

လိဒ်နဲ့ဝုဗ်တို့ကစားမယ့်ပွဲရလဒ်ကိုတော့ (၂-၁)နဲ့ လိဒ်ယူနိုက်တက် အနိုင်ရသွားမယ်လို့ ခန့်မှန်းပေးထားပါတယ်။ အသင်းကြီးတွေထဲမှာ ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးအသင်းသုံးသင်းပဲ အနိုင်ရမယ် ခန့်မှန်းခဲ့တဲ့အတွက် လော်ရိုးခန့်မှန်းသလိုမဟုတ်ဘဲ ကျန်တဲ့အသင်းတွေအနိုင်ရလဒ်ကို မြေပြင်မှာရှာဖွေသွားနိုင်မလားက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Aung Bwa – SportsGabar