အဲဗာတန်နဲ့ လီဗာပူးပွဲဟာ ပရိသတ်ထင်ထားတာထက်ပိုကောင်းမယ့် အကြောင်းရင်းကိုရှင်းပြလိုက်တဲ့ ဂျာဂင်ကလော့

မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်တွေက ပရိသတ်ကို နှစ်တိုင်းဖမ်းစားနိုင်ပါတယ်။ ဒီနှစ်မှာမတူတာက အဲဗာတန်က အွန်ဖိုင်းယား ဖြစ်နေတဲ့ခြေစွမ်းနဲ့ ကလော့ရဲ့လီဗာပူးက ဗီလာကို ဂိုးပြတ်ရှုံးထားပြီးမှာ တွေ့တာပါ။ ချန်ပီယံတွေသွားမယ့်လမ်းကြောင်းမှာ ဒါဘီတွေရှုပ်လာရင် နိုင်အောင် အသေအကြေကန်ကြမှာပါ။ ဒီအချိန်မှာ ကလော့ကတော့ ပွဲမစခင်မှာပဲ အန်ဆယ်လော့တီကိုချီးကျူးလိုက်ပါတယ်။

အဲဗာတန်နဲ့ လီဗာပူးတွေ့ဆုံမယ့် ပွဲဟာ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲဖြစ်လာဖို့ရှိနေပြီး၊ ပရိသတ်ကို ဖမ်းစားမယ်လို့ ဆိုလိုက်တာပါ။ အန်ဆယ်လော့တီရဲ့အဲဗာန်ကို ဦးစားပေးချီးကျူးခဲ့ပါတယ်။” အန်ဆယ်လော့တီအပေါ်ကို ကျွန်တော်တွေမိတာက ဘယ်တော့မှ လိျှု့ဝှက်ချက်တခုအနေနဲ့ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုမလေးစားဘဲမနေနိုင်ဘူး။ သူကတကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့ လူသားတယောက်ပါ။”

” သူအဲဗာတန်အတွက် စာချုပ်တော့မယ်ကြားတော့ ကျွန်တော်တွေးလိုက်တာက အား… ပြေးလမ်းထဲမှာ နောက်ထပ်စိန်ခေါ်ဖို့လူတယောက်ထပ်ရောက်လာပြီလို့ပါ။ နွေရာသီတုန်းက သူတို့အပြောင်းအရွှေ့တွေ ကောင်းကောင်းလုပ်ခဲ့တယ်။ တကယ်ကောင်းမွန်တဲ့ဘောလုံးအသင်းတိုးတက်လာဖို့ သူတို့လိုတဲ့ကစားသမားတွေကို အတိအကျဆိုသလောက်ကို ရခဲ့တယ်။

” အန်ဆယ်လော့တီက အဲဗာတန်ကို တော်တော်လေးကိုအားကောင်းတဲ့အသင်းဖြစ်လာအောင် အတူတူလုပ်ဆောင်နိုင်ခဲ့တယ်။ ကလဲဗက်လေဝင်ဆိုရင် နောက်လာမယ့်နှစ်တွေမှာ နောက်ထပ်ခြေလှမ်းကြီးကြီးတွေလှမ်းမယ့်သူလို့ ကျွန်တော်မျှော်လင့်ထားတာ၊ သူလုပ်ပြခဲ့တယ်။ ထိပ်တန်းတိုက်စစ်မှူး တယောက်အနေနဲ့ သူ့မှာ လိုအပ်တာမှန်သမျှအကနု်ရှိတယ်။ ”

” အရွယ်အစား၊ ရွှေ့လျားမှု၊ အမြန်နှုန်း၊ စိတ်ပြင်းပြမှု၊ နည်းစနစ်ပိုင်းဆိုင်ရာဆိုရင်လေထဲမှာ သူခေါင်းနဲ့အဆုံးသတ်တာတွေက တကယ်ကောင်းတယ်။ ခြေထောက်နဲ့ရောပဲ။ အခုဆိုရင် အဲဒါတွေက အတူတူအလုပ်လုပ်နေပြီ၊ တောင်ပံတွေမှာဆိုရင်လည်းဂျိမ်း၊ ရစ်ချာလီဆန်တို့လို ကမ္ဘာ့အဆင့်တွေ၊ ကွင်းလယ်မှာဆိုရင်လည်း အလန်လို နေရာစုံကစားနိုင်တဲ့သူ၊ ဆီဂတ်ဆန်ရောပဲ”

” ပြောရရင် တော်တော်လေးကိုမှ ကောင်းတဲ့အသင်းပဲ၊ ခံစစ်ကလည်း ပိုအလုပ်လုပ်လာတယ်။ ဘာလို့လဲဆိုတော့ အသင်းကောင်းရင် ခံစစ်ကစားဖို့ပိုလွယ်လို့ပဲ။ ဒါက ခင်ဗျားအဲဗာတန်ကိုကြည့်လိုက်ရင် မြင်လိုက်ရမယ့်အရာ၊ ဒါကြောင့်လီဗာပူးနဲ့တွေ့မယ့်ပွဲက ထင်ထားတာထက်ကို ပွဲကောင်းမှာပါ’ လို့ရှင်းပြခဲ့ပါတယ်။ အဲဗာန်နဲ့ လီဗာပူးတွေ့ဆုံမှုမတိုင်ခင်မှာ အဲဗာတန်ဟာ (၁၀)နှစ်တာကလအတွင်း ပထမဆုံးအကြိမ်အမှတ်ပေးဇယားထိပ်ဆုံးကအနေအထားနဲ့ ရင်ဆိုင်ရတာဖြစ်လို့ထူးဆန်းနေတာတော့ အမှန်ဖြစ်ပါတယ်။

Aung Bwa – SportsGabar