နံနက်ပိုင်းအားကစားသတင်းတိုများ (၁၆.၁၀.၂၀၂၀)

ဒေါ့မွန်အသင်းအနေနဲ့ အပြောင်းရွှေ့မှာ ဆန်ချိုကို ဈေးကွင်တင်ထားပေမဲ့ ဇန်နဝါရီမှာရောင်းချတာမျိုး လုပ်မှာမဟုတ်ဘူးလို့ အာကစားဒါရိုက်တာက ဖွင့်ဟလိုက်ပါတယ်။ သူတို့အနေနဲ့ ဆန်ချိုကို နွေရာသီဈေးကွက်မှပဲ ရောင်းချတာမျိုး ပြုလုပ်မှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနေဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပေါလ် တောရက်စ်ကို လာမယ့်အပြောင်းရွှေ့တွေမှာ ခေါ်ယူမယ်လို့ သိရပါတယ်။ ပေါင် (၃၅)သန်းအထိသုံးသွားဖို့ရည်ရွယ်ထားပြီး၊ ကစားသမားကို လက်ဦးမှုအရယူသွားဖို့ ရှိနေတယ်လို့သတင်းထွက်လာပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ မက်ဂွဲယားအနေနဲ့ နိုင်ငံကနေ အနီကတ်ထိပြီးချိန်မှာ ကလပ်ကနေလည်း ခေတ္တအနားယူလိုက်တာက သူ့အတွက်ပိုကောင်းနိုင်တယ်လို့ အကြုံပြုလိုက်ပါတယ်။ လက်ရှဖြစ်နေတဲ့ခြေစွမ်းတွေအရ အနားယူဖို့လိုနေတယ်လို့လည်း ထောက်ပြလိုက်ပါတယ်။

ဂျူဗင်တပ်ရဲ့ အနာဂတ်အစီအစဉ်အနေနဲ့ ရော်နယ်ဒိုရှိနေစဉ်ကာလအတွင်းမှာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းဖို့ရှိနေတယ်လို့ဆိုပါတယ်။ ပေါင်သန်း (၃၆၀) အထိ သုံးဖို့ ငွေကြေးစီစဉ်ထားပြီး၊ အမ်ဘာပေကို မက်လောက်စရာလစာငွေတခုနဲ့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းသတင်းထွက်နေသလိုမျိုး ဟာလန်းကိုခေါ်ယူဖို့ အတည်ပြုထားတယ်ဆိုတဲ့ သတင်းတွေကို သတင်းထောက်ဖာဘရီဇီယိုက ငြင်းဆိုခဲ့ပါတယ်။ သူအတည်မပြုထားတဲ့သတင်းကို တော်တော်များများက သေချာသလိုတင်နေတာကြောင့် ဟာလန်းကိုချဲလ်ဆီးခေါ်မယ်လို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

Aung Bwa – Sportsgabar