အင်္ဂလန်သားငါးယောက်အထိပါလာတဲ့ (၂၀၂၀)ဂိုးလ်ဒင်းဘွိုင်း ဆန်ခါတင်အယောက် (၂၀)စာရင်း

ဥရောပမှာ ကစားနေတဲ့ ကစားသမားတွေထဲကမှ ငယ်ရွယ်ပြီး၊ ထူးချွန်တဲ့ ကစားသမားတွေကို နှစ်စဉ်ပေးအပ်နေကြဆုဖြစ်တဲ့ ဂိုးလ်ဒင်းဘွိုင်းဆုအတွက် ဆန်ခါတင်စာရင်းတွေထွက်ပေါ်လာပါပြီ။ (၂၁)နှစ်အောက်ကစားသမားတွေထဲမှာ ဥရောပမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကို ပြသတဲ့ ကစားသမားတွေကို အားကစားဂျာနယ်လစ်တွေက ဝိုင်းပြီး ရွေးချယ်တာဖြစ်ပါတယ်။

အသေးစိတ်စည်းမျဉ်းက ဥရောပထိပ်သီးလိဂ်တွေမှာ ကစားရမယ့်အပြင် (၂၁)အောက်ဖြစ်ရမယ့်အချက်ပါ။ ဒါဆိုရင် ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေက ဂိုးလ်ဒင်းဘွိုင်းဆုအတွက် ပါဝင်ဖို့ သေချာသလောက်ပါပဲ။ ဆုရဖို့တော့ မကျိန်းသေးပေမဲ့ ဆန်ခါတင် (၂၀)ယောက်ထဲမှာတော့ ပါဖို့များနေပါတယ်။ (၂၀၂၀)အတွက် စာရင်းကိုတော့ ယူအီးအက်ဖ်အေက အခုလိုထုတ်ပြန်ခဲ့ပါတယ်။

(၁)ဘက်ကာ (ပီအက်စ်ဂျီ) နယ်သာလန်၊ (၂)ကာမာဗင်ဂါ (ရန်းနက်စ်) ပြင်သစ်၊ (၃)ဂျိုနသန် ဒေးဗစ်(လိုင်လီ) ကနေဒါ၊ (၄)အယ်ဖွန်ဆို ဒါဗီး(ဘိုင်ယန်) ကနေဒါ၊ (၅) ဆာဂျီနို ဒက်စ်(ဘာစီလိုနာ) အမေရိကန်၊ (၆)ဖာဘီယို ဆေးလ်ဗား (ဝုဗ်)ပေါ်တူဂီ၊ (၇)အန်ဆုဖာတီ(ဘာစီလိုနာ) စပိန်၊ (၈)ဖိုဒင် (မန်စီးတီး) အင်္ဂလန်။

(၉)ဂရာဗန်ဘာ့ချ် (အေဂျက်) နယ်သာလန်၊ (၁၀)ဂရင်းဝုဒ် (မန်ယူ) အင်္ဂလန်၊(၁၁) ဟာလန်း (ဒေါ့မွန်) နော်ဝေ၊ (၁၂) အိုဒွိုင်း (ချဲလ်ဆီး) အင်္ဂလန်၊ (၁၃)ကူလူဆတ် စကီ (ဂျူဗင်) ဆွီဒင်၊ (၁၄)ရိုဒရိုင်ဂို (ရီးရဲလ်) ဘရာဇီးလ် (၁၅)ဆာကာ (အာဆင်နယ်) အင်္ဂလန်၊ (၁၆)ဆန်ချို (ဒေါ့မွန်) အင်္ဂလန်၊ (၁၇)ဆိုဘိုဆလိုင်း (ဆဲလ်ဘတ်) ဟန်ဂေရီ

(၁၈)တိုနယ်လီ (အေစီမီလန်) အီတလီ၊ (၁၉)ဖာရန် တောရက်စ်(မန်စီးတီး) စပိန်၊ (၂၀)ဗင်နီးရှပ်ဂျူနီယာ (ရီးရဲလ်) ဘရာဇီးလ် တို့ပါ။ နိုင်ငံအနေနဲ့ဆိုရင် အင်္ဂလန်က ငါးယောက်အထိပါဝင်နေတဲ့အတွက် ဒီဆုကိုရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အသက်အငယ်ဆုံး ကစားသမားကတော့ ဆာကာ (အာဆင်နယ်)ပါ။ (၂၁)နှစ်နားနီးနေတဲ့ ကစားသမားတွေပဲ အရများတဲ့အတွက် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar