ပြင်သစ်မှာဂိုးရပြီး၊ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်တဲ့အကြောင်း ရော်နယ်ကိုးမန်းသိအောင် သတင်းပါးလိုက်တဲ့ ဂရေ့ဇ်မန်း

ကမ္ဘာ့ဖလားဖိုင်နယ်ကို နေရှင်းလိဂ်မှာ ပြန်တွေ့တယ်လို့ ပြောလို့ရမယ့်ပွဲမှာ ပြင်သစ်တို့ ခရိုအေးရှားကို (၂-၁)နဲ့အနိုင်ရခဲ့ပါတယ်။ (၄-၄-၂)ကို ဒိုင်းမွန်းကွက်နဲ့ထွက်လာတဲ့ ပြင်သစ်အသင်းအနေနဲ့ တောင်ပံတိုက်စစ်မထားခဲ့ဘဲ ဂရေ့ဇ်န်းကို မာရှယ်၊ အမ်ဘာပေအနောက်မှာ နောက်ချန်အနေနဲ့ တိုက်စစ်ကိုလိုက်ပါစေခဲ့ပါတယ်။ မှန်ကန်တဲ့နည်းစနစ်ဖြစ်ခဲ့တာက (၈)မိနစ်မှာပဲ ဂရေ့ဇ်မန်းတယောက်ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဘာစီလိုနာမှာတောင်ပံကစားနေတဲ့ ကစားသမားတယောက်အခုလိုခြေစွမ်းပြဂိုးသွင်းချိန်မှာတော့ နည်းပြဒက်စ်ချမ့်ထားကစားတဲ့နေရာက မှန်နေခဲ့ပါပြီ။ တဆက်တည်းမှာပဲ ရော်နယ်ကိုးမန်းသိစေဖို့ ဂရေ့ဇ်မန်းက အင်တာဗျူးမှာ အခုလို ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော့်မှာအလှပဆုံးဂိုးတွေရှိခဲ့တယ်။ ကျွန်တော်အတော်လေးကိုအားစိုက်ထုတ်တာ။ တကယ်ခံစားလို့ကောင်းတယ်။”

” အခုကလည်း ရှုပ်ထွေးတဲ့ကစားပွဲတခုဖြစ်ခဲ့တာပဲ။ ကြည့်လိုက်ရင် သိပ်မကောင်းတာမျိုး။ ကစားရတာလည်းသိပ်မကောင်းတာမျိုးပေါ့။ မြေဆီချောနေပြီး၊ ကြမ်းတဲ့ကွင်းဖြစ်နေတာမျိုးလေ။ ဒီလိုကွင်းတွေမှာကန်ရင် ဘယ်လိုဆိုတာကို ကျွန်တော်တို့သိပါတယ်။ အရေးကြီးဆုံးကအနိုင်ဖို့နဲ့ ကျွန်တော်တို့က အားကောင်းတယ်ဆိုတာကို ပြဖို့ပါ”

” နည်းပြက ကျွန်တော့်ကို ဘယ်မှာထားဆော့ရမလဲကိုသိတယ်။ ကျွန်တော်ဆော့ရတဲ့နေရာရဲ့ အားသာချက်ကို အသုံးချခဲ့တယ်။ နည်းပြဒက်ချမ့်နဲ့ အသင်းသားတွေရဲ့ ယုံကြည့်မှုလည်းပါတာပေါ့။ ‘ဆိုပြီး၊ ပြောခဲ့ပါတယ်။ ဘာစီလိုနာမှာ တောင်ပံဆော့နေရတဲ့အပြင် ဂိုးမသွင်းနိုင်ဖြစ်နေတဲ့ ဂရေ့ဇ်မန်းတယောက် ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို အကောင်းဆုံးသွင်းပြနိုင်ချိန်မှာ ဒက်ချမ့်ရဲ့စကားကမှန်နေခဲ့ပါပြီ။

အစောပိုင်းကာလတုန်းက ပြင်သစ်နည်းပြဒက်စ်ချမ့်က ရော်နယ်ကိုးမန်းကို ဂရေ့ဇ်မန်းကိုတောင်ပံထုတ်ကစားနေတဲ့အချက်နဲ့ပတ်သက်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ သူထားဆော့မယ်နေရာမှာဆိုရင် ဂရေ့ဇ်မန်းကျိန်းသေခြေစွမ်းပြနိုင်မှာဖြစ်တဲ့အတွက် နေရာပြောင်းသုံးကိုဖို့ပါ။ ဒါပေမဲ့ တောင်ပံမှာပဲဆက်သုံးခဲ့ချိန်မှာတော့ ဂိုးမရခဲ့ပါဘူး။ အခုတော့ ပြင်သစ်အတွက် နေရာမှန်မှာပဲ ချက်ချင်းဆိုသလို ဂိုးတွေသွင်းပြနေပြီဖြစ်ပါတယ်။

Aung Bwa – Sportsgabar