ကိုဗစ်ကူးစက်ခံရတာတောင် ဘောလုံးကစားချင်သေးတဲ့ရော်နယ်ဒိုအကြောင်းချီးကျူးလာတဲ့ ပေါ်တူဂီနည်းပြ

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကိုဗစ်ကူးစက်ခံရချိန်မှာ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကစားသမားကူးစက်ခံထားရပေမဲ့ ကျန်တဲ့အသင်းဖော်တွေမှာ မတွေ့တာကြောင့် ကစားစရာရှိတာဆက်ကစားသွားဖို့ပါ။ ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုမပါတဲ့ အသင်းနဲ့ပွဲထွက်ရချိန်မှာ အခက်အခဲရှိလာမှာမှန်ပေမဲ့ ပေါ်တူဂီနည်းပြကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။

သူ့ကစားသမားရဲ့ စိတ်ပြင်းပြမှုတွေနဲ့ အသင်းဖော်တွေရဲ့ အသားကျထားတဲ့အနေအထားတွေကြောင့်ပေါ်တူဂီဟာ ဆက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ ရော်နယ်ဒိကိုတောင်မှ ဘောလုံးကစားချင်နေသေးတဲ့အကြောင်း ချီးကျူးလိုက်ပြီး၊ အခက်အခဲမရှိဘူးလို့ အခုလိုဆိုခဲ့ပါတယ်။” ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ ကစားသမားမရှိဘဲနဲ့ ဘယ်အသင်းက ပိုမကောင်းနိုင်ပါဘူး”

” ဒါပေမဲ့ ပေါ်တူဂီအသင်းကလည်း အခက်အခဲတွေဖြေရှင်းနိုင်စွမ်း လုံလုံလောက်လောက်ရှိပြီး၊ ပြလည်းပြသခဲ့ပြီးပါပြီ။ ရော်နယ်ဒိုကလည်း လက်ရှိအခြေအနေကို ကောင်းကောင်းကိုင်တွယ်နေပါတယ်။ သူအခန်းထဲမှာရှိနေတယ်။ သူကစားချင်တယ်လို့ ပြောနေတာဗျ၊ သူနေတဲ့အထပ်မြင့်ကနေ ကျွန်တော်တို့ကို လှမ်းပြောနေတာလေ။ သူကလုံးဝကို ကျန်းကျန်းမာမာပါ။”

” သူလုံးဝကို အိုကေတယ်။ ဘာရောဂါလက္ခဏာမှလည်း မပြဘူး။ ပြောရရင် သူ့ကို ကိုဗစ်ကူးနေတယ်ဆိုတာမျိုးတောင် သူမသိဘူး။” လို့နည်းပြက ရော်နယ်ဒိုရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်ပုံကို ပြောပြခဲ့ပါတယ်။ ဆက်ပြီးတော့ “ကိုဗစ်(၁၉)ကြောင့် ဘယ်ကစားသမားမဆိုမပါခိုင်ရတာက အရှုံးကြီးကြီးတခုပါပဲ။ ရော်နယ်ဒိုလို ကစားသမားမပါဘူးဆိုရင် ပိုလိုတောင်ဆိုးတာပေါ့ဗျာ ”

” ဒါပေမဲ့ ကစားဖို့ရှိနေတဲ့ ကျန်တဲ့လူတွေအပေါ်လည်းလုံးဝကို အပြည့်အဝယုံကြပါတယ်။ အစီအစဉ်က တူညီပြီးသားပါ။ ဒါပေမဲ့ တည်ဆောက်ပုံတော့ ကွဲသွားမှာပါ။ စီရော်နယ်ဒိုမှာလည်း သူကိုယ်ပိုင်လက္ခဏာရှိတယ်။ ဘယ်အသင်းမှ သူတို့ရဲ့အကောင်ဆုံး ကစားသမားမရှိဘဲ ပိုမကောင်းနိုင်ပါဘူး။ ပေါ်တူဂီကတော့ စုစုစည်းစည်းနဲ့ တုံ့ပြန်စွမ်းရှိတာကို ပြပြီးသားပါ။ ကျွန်တော့်ကစားသမားတွေကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ‘

Aung Bwa – SportsGabar