နံနက်ပိုင်းအားကစားသတင်းတိုများ (၁၄.၁၀.၂၀၂၀)

ပေါ်တူဂီအသင်းရဲ့အသင်းခေါင်းဆောင် ဂျူဗင်တပ်စတား ရော်နယ်ဒိုဟာ ကိုဗစ် (၁၉)ကူးစက်ခံထားရတယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ သီးသန့်ခွဲခြားနေထိုင်နေပြီး၊ ကျန်ရှိနေတဲ့အသင်းသားတွေကို စစ်ဆေးခဲ့ပေမဲ့ ရောဂါလက္ခဏာကူးစက်တာမျိုး မရှိဘူးလို့သိရပါတယ်။

ဘယ်ဂျီယမ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲပြီးထွက်ခဲ့ရတဲ့ ဟယ်ရီကိန်းဟာ လက်ရှိမှာ ဒဏ်ရာပြဿနာဆိုးရွားမှုမရှိဘူးလို့ သိရပါတယ်။ နည်းပြဆောက်ဂိတ်ကိုယ်တိုင်က ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေဟာ ကြံ့ခိုင်မှုကိစ္စကြောင့်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းကိုအသစ်ရောက်လာတဲ့ သောမတ်ပါတေးအနေနဲ့ အသင်းနဲ့ဂျာစီအသစ်မိတ်ဆက်ပွဲကို လုပ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့အတူ ဖလားလမ်းကြောင်းမှာ ရှိနေသမျှဖလားတွေအကုန်လုံးကို ပစ်မှတ်ထားအရယူသွားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပြီး၊ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေရှာဖွေသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နေရှင်းလိဂ်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဂျာမနီနဲ့ ဆွစ်ဇာလန်ပွဲစဉ်ကတော့ (၃-၃)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားသစ်တွေဖြစ်တဲ့ ဟာဗက်နဲ့တီမိုဝါနာ အတွဲညီညီခြေစွမ်းပြခဲ့ပြီး၊ (၁)ဂိုးဖန်တီး၊ (၁)ဂိုးစီသွင်းနဲ့ နှစ်ယောက်လုံးဟာ သွင်းဂိုး(၂)ဂိုးစီပါဝင်ပတ်သက်ခဲ့ပါတယ်။

ယူကရိန်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စပိန်အနေနဲ့ (၁-ဝ)ရလဒ်နဲ့အတူ မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ယူကရိန်းဂိုးပေါက်ကို ကန်ချက် (၂၁)ကြိမ်ရှိခဲ့ပြီး၊ (၈)ကြိမ်ဂိုးပေါက်တည်ခဲ့ချိန်မှာ တဂိုးမှမရခဲ့ပါဘူး။ ယူကရိန်းကတော့ ကန်ချက် (၂)ကြိမ်မှာ တကြိမ်ဂိုးပေါက်တည့်ကာ (၁)ဂိုးဝင်ခဲ့ပါတယ်။ ဒီဂီယာရဲ့ဂိုးဖမ်းစွမ်းရည်ကို ဝေဖန်နေကြပေမဲ့ စပိန်နည်းပြအင်းနရစ်ကတော့ သူ့ဂိုးသမားနဲ့ပတ်သက်လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ကွာလီဖိုင်ယာပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားနေကြတဲ့ ကနဦးပွဲစဉ်တွေရလဒ်အရတော့ ဘိုလစ်ဗီးယား ၁-၂ အာဂျင်တီးနား၊ အီကွေဒေါ ၄-၂ ဥရုဂွေး၊ ဗင်နီဇွဲလား ဝ-၁ ရလဒ်တွေနဲ့ အသီးသီးပြီးဆုံးခဲ့ပါတယ်။ ကွာလီဖိုင်ယာပွဲစဉ်တွေထုံးစံအတိုင်း အကြိတ်အနယ်ရှိခဲ့ပြီး၊ မထင်မှတ်ထားတဲ့ ရလဒ်အချို့ထွက်ပေါ်ခဲ့ပါတယ်။

Aung Bwa – SportsGabar