နံနက်ပိုင်းအားကစားသတင်းတိုများ (၁၃.၁၀.၂၀၂၀)

အင်္ဂလန်ပရီးမီးယားလိဂ်အနေနဲ့ သူတို့နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေအပြီး ကိုဗစ် (၁၉)စစ်ဆေးမှုမှာ ကစားသမားနဲ့ဝန်ထမ်း စုစုပေါင်း (၅)ဦးအထိတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေကိုမဖော်ပြခဲ့ပေမဲ့ လူ (၁၁၂၈)ယောက်ကို စစ်ဆေးခဲ့ချိန်မှာ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ခေါ်ယူအားဖြည့်မှုအနေနဲ့ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းက နောက်ခံလူ ဒေါ်ဆန်ကို အငှား+အပြီးခေါ်ခွင့်နဲ့အတူ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ ဒေးဗစ်မိုယက်စ်အနေနဲ့ သူူတို့အသင်းဟာ ခံစစ်မှာလူလိုနေတယ်လို့ ဝန်ခံခဲ့အပြီး အခုလို အားဖြည့်မှုကို ချက်ချင်းလုပ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကစားသမား ဒီဘရိုင်းကတော့ လက်ရှိအသင်းရဲ့လူစာရင်းကနေ ခေတ္တနှုတ်ထွက်မယ်လို့သိရပါတယ်။ နည်းပြမာတီနက်ရဲ့ ြပောကြားချက်အရ ဒီဘရိုင်းဟာကြံ့ခိုင်မှုမပြည့်ဝတဲ့အပေါ် ဒဏ်ရာရမှာစိုးရိမ်တဲ့အတွက် အနားပေးလိုက်တာဖြစ်ပြီး၊ အင်္ဂလန်ကိုပြန်ကာ မန်စီးတီးနဲ့ ထရိန်နင်ပူးပေါင်းမယ်လို့ ဆိုပါတယ်။

အိုင်ယာလန်ရီပတ်ဘလစ်အသင်းဟာ သူတို့ရဲ့ကစားသမားနဲ့ ဝန်ထမ်းတွေကို ကိုဗစ် (၁၉)စစ်ဆေးမှုမှာ ပေါ့စတစ်ထွက်တယ်လို့ ပြပြီးမှ နောက်ထပ် နက်ဂတစ်ကို ပြန်ပြောင်းသွားတဲ့အထိ စစ်ဆေးမှုရလဒ်မှားခဲ့တယ်လို့သိရပါတယ်။ ကွာရင်းတိုင်းဝင်မလို ဖြစ်ပြီးခါမှာ တွေ့ရှိတဲ့အထဲက နှစ်ခုဟာ ရလဒ်အမှားတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး ပရိသတ်တွေသာဝင်ခွင့်ဆက်မရဘဲ လိုအပ်တဲ့အကူအညီတွေကို မထောက်ပံ့ကြဘူးဆိုတာနဲ့ EFL ကလပ်တွေဟာ ပရီးမီးယားလိဂ်ကလပ်တွေလို မတောင့်ခံနိုင်ဘဲ ပျောက်ကွယ်သွားနိုင်တယ်လို့ လိဂ်တူးဥက္ကဌက ထောက်ပြလိုက်ပါတယ်။ လာမယ့် (၅-၆)ပတ်အတွင်းမှာကို အသင်းကိုဖျက်သိမ်းတဲ့ကလပ်တွေအများကြီး ပေါ်လာမယ်လို့ ဆိုလိုက်ပါတယ်။

ဒေါ့မွန်အသင်းရဲ့အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်အနေနဲ့ သူတို့ရဲ့ (၁၅)နှစ်သား ကစားသမားလေး မိုကိုကို ကိုချန်ပီယံလိဂ်မှာကစားမယ့် လူစာရင်းမှာထည့်သွင်းဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ အသင်းရဲ့လူငယ်ကစားသမား B စာရင်းအနေနဲ့ ထည့်သွင်းမှာဖြစ်ပြီး၊ ချန်ပီယံလိဂ်မှာ ပွဲထွက်ကစားစေဖို့ ရည်ရွယ်ထားပုံပေါ်နေပါတယ်။

Auung Bwa – SportsGabar