နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁၀.၂၀၂၀)

အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယမ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ မားကပ်ရက်ရှ်ဖို့ဒ်၊ မေဆင်မောင့်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ (၂-၁)ရလဒ်နဲ့အင်္ဂလန်တို့အနိုင်ရခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်အနေနဲ့ လူစုံထုတ်ကစားခဲ့ပေမဲ့ အင်္ဂလန်ရဲ့ လူစာရင်းအသစ်၊ ကစားကွက်အသစ်ကို မယှဉ်နိုင်ခဲ့ဘဲ အဆုံးသတ်အားနည်းမှုတွေကြောင့် အရှုံးရလဒ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နော်ဝေးအသင်းတိုက်စစ်မှူး ဟာလန်းကတော့ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးနဲ့အတူ ဂိုးပြတ်နိုင်ပွဲတပွဲကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရိုးမေးနီးယားကို (၄-ဝ) နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တဦးတည်း ဟက်ထရစ်သွင်းယူပြီး နေရှင်းလိဂ်ပြိုင်ပွဲ ပထမဆုံးဟက်ထရစ်သွင်းဂိုးနဲ့အတူ နိုင်ပွဲတပွဲကို အရယူနိုင်ခဲ့ပါတယ်။

ပြင်သစ်ကို ရင်ဆိုင်ခဲ့ရတဲ့ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်က (ဝ-၀)ရလဒ်နဲ့အတူ သရကျခဲ့ပါတယ်။ ပွဲချိန်တွင်း ဘောလုံးပိုင်ဆိုင်မှု (၅၀)၊ ဂိုးပေါက်ကန်ချက် (၁၀)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု (၃)ကြိမ်အနေအထားမှာ တဂိုးမှမဝင်ခဲ့ကြဘဲ စီရော်နယ်ဒို- အမ်ဘာပေတွေ့ဆုံမှုကပဲ ပရိသတ်ကို ဖျော်ဖြေမှုအနေနဲ့ ပေးနိုင်ခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုကိုလာမယ့် အပြောင်းအရွှေ့မှာ အသင်းကိုခေါ်ယူဖို့ အင်တာမီလန်ဟာ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေကို အဓိကထားခေါ်ယူနေတဲ့ နည်းပြကွန်တီလက်ထက်မှာ အတွေ့အကြံရှိ ပရီးမီးယာလိဂ်သက်ကြီးကစားသမားကိုခေါ်ယူဖို့ နောက်ထပ်ပစ်မှတ်ထားမှုဖြစ်ပြီး၊ အဂူရိုကလည်း အင်တာရဲ့ကမ်းလှမ်းမှုကို စိတ်ဝင်စားလက်ခံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

နေရှင်းလိဂ်လက်ကျန်ပွဲတွေအဖြစ် ကစားခဲ့တဲ့ရလဒ်တွေက ပိုလန် ဝ-၀ အီတလီ၊ အိုက်စလန် ဝ-၃ ဒိန်းမတ်၊ မြောက်အိုင်ယာလန် ဝ-၁ သြစတြီးယား၊ အစ္စရေး ၁-၂ ချက်ရီပတ်ဘလစ်၊ စကော့တလန် ၁-၀ စလိုဗားကီးယား၊ ရုရှား ၁-၁ တူရကီ၊ ဆာဘီးယား ဝ-၁ ဟန်ဂေရီ၊ ဂရိ ၂-၀ မော်ဒိုဗာ၊ ကိုဆိုဗို ဝ-၁ ဆလိုဗေးနီးယား တို့ဖြစ်ပါတယ်။

ဘန်ရာမာ

ဘုန်းမောက်တိုက်စစ်မှူး ဂျိူရှုဝါကင်းအတွက် ဝက်စ်ဟမ်းအသင်းရဲ့ ပေါင် (၁၃)သန်းနဲ့ကမ်းလှမ်းမှုကို ဘုန်းမောက်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အဆိုပါကစားသမားအတွက် ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ဘုန်းမောက်က အလိုရှိနေပြီးနောက်မှာ ဝက်စ်ဟမ်းရဲ့ကမ်းလှမ်းမှုကို ထပ်ပြင်ဆင်ဖို့ အသိပေးလိုက်ပါတယ်။ တဖက်မှာတော့ ဘရန်းဖို့ဒ်ကစားသမား ဘန်ရာမာကို ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းထွက်နေပြီး၊ ပေါင်သန်း (၂၀)နဲ့ တရားဝင်ကြေညာဖို့တော့ ကျန်သေးတယ်လို့ိ သိရပါတယ်။

Aung Bwa – SportsGabar