မော်ရင်ဟိုရဲ့မေးခွန်းကို ဖြေလိုက်ရင်း အာဆင်နယ်အဆင့်လေးဝင်မယ်လို့ဆိုလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ဂန္ဓဝင်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့သူ့အသင်းအပေါ် ချစ်တဲ့စိတ်ထားက လုံးဝလေးစားစရာပါ။ အသက် (၇၀)ရှိနေပြီဖြစ်တဲ့အပြင် ဖီဖာရဲ့ဘောလုံးတိုးတက်ရေးဆိုင်ရာ ဥက္ကဌအဖြစ်တာဝန်ယူထားရတဲ့သူ့အနေနဲ့ နည်းပြရာထူး၊ ဒါရိုက်တာရာထူးတွေ အများကြီးကမ်းလှမ်းခံခဲ့ရပေမဲ့ မလျှောက်လှမ်းခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်လာချင်တဲ့အသင်းတော့ရှိပြီး၊ ဒီအကြောင်းကို The Guardian နဲ့ အင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။

” အာဆင်နယ်ဘုတ်အဖွဲ့မှာ အကြံပေးအနေနဲ့ ကျွန်တော်စဉ်းစားဖြစ်ပါလိမ့်မယ်။ ‘ ဒီအဖြေကို အင်တာဗျူးမှာ မော်ရင်ဟိုနဲ့အဖြေလုပ်နေတာပါ။ ” ကျွန်တော်ရိုးရိုးသားသားနဲ့ယုံကြည်တာက ထိပ်သီးကလပ်တွေမှာ လိုငွေဗဟုသုတနဲ့ပတ်သက်လို့ လိုအပ်ချက်တွေရှိမယ်ဆိုတာပါ။ ထိပ်သီးအဆင့်ပြိုင်ပွဲတွေနဲ့ ထိပ်သီးအားကစားတွေမှာပေါ့။ ”

” ပြီးတော့ ဘောလုံးလောကမှာ အောင်မြင်နိုင်တဲ့နည်းလမ်းတွေရှိတာကို ကျွန်တော်တို့ မကြာသေးခင်တုန်းကလည်း မြင်ခဲ့ကြပြီးပြီးလို့ထင်တယ်။ ဥပမာဆိုရရင် ဘိုင်ယန်မြူးနစ်နည်းလမ်းလိုပေါ့။ အောင်မြင်မှုနဲ့ ရပ်တန့်မရခဲ့တာတွေက ကလပ်ရဲ့တန်ဖိုးကို နားလည်တဲ့လူတွေအပေါ်မှာပဲမူတည်တယ်။ ပြီးတော့ သူတို့က အဲဒါကို မျိုးဆက်တခုပြီး တခုပြီး လက်ဆင့်ကမ်းတယ်’

” ဘက်ကင်ဘောင်ဝါ၊ အူလီဟိုးနက်စ်၊ ရူမန်နစ်ဂီတို့လိုပေါ့။ အင်္ဂလန်မှာပဲ ငွေချက်ချင်းသုံး၊ အောင်မြင်မှုချက်ချင်းရတဲ့ စံပြတွေရှိတာပဲ။ နှစ်ခုလုံးကအလုပ်ဖြစ်တယ်။ ကလပ်ရဲ့ဖြစ်တည်မှုက ဦးစားပေးပထမနဲ့ မျိုးဆက်တခုပြီးတခုလက်ဆင့်ကမ်းတဲ့ ဗဟုသုတရှိတဲ့အချက်ကို ကျွန်တော်ကြိုက်တယ်။ ဒါကြောင့် ကျွန်တော်က အရာရာကို အဲဒီနည်းလမ်းနဲ့မြင်တာပဲ’

” အာဆင်နယ်အသင်းနဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာဆက်ရပ်တည်ဖို့ဆိုရင် အာတီတာမှာ အဲဒီအခွင့်အရေးရှိနေတယ်။ ပြီးတော့ သူယုံကြည်တဲ့အဆုံးသတ်အတိုင်းသွားဖို့လိုတယ်။ အသင်းက စိတ်ဓာတ်ကောင်းတွေရှိနေတယ်လို့ ကျွန်တော်ယူဆတယ်။ သူတို့မှာ ကောင်းကောင်းလုပ်နိုင်တဲ့ အခွင့်အရေးရှိနေတယ်။ သူတို့ပြီးခဲ့တဲ့ရာသီကရခဲ့တဲ့အမှတ်ကိုတိုးတက်လာဖို့ အရမ်းကြီးခက်ခဲနေမှာမျိုးမဟုတ်ဘူး’

” ကျွန်တော်ထပ်ပြီး အခိုင်အမာယုံကြည်တာက အာဆင်နယ်က အဆင့်လေးအတွင်းဝင်မယ်ဆိုတာပဲ။ အများကြီးမဟုတ်ရင်တောင်ပေါ့၊ ဒီထပ်လည်းဘာလို့ထပ်မဖြစ်နိုင်ရမှာလဲ။ ဒီနှစ်ဆိုရင် သူတို့ကျွန်တော်အံ့အားသင့်တဲ့ အပြောင်းအေရွှ့တွေလုပ်ဆောင်ပြခဲ့တယ်။ သူတို့လူဝယ်တာကောင်းတယ်။ ခံစစ်ကိုလည်း အင်အားဖြည့်နိုင်တယ်။ ရှိပြီးသားကစားသမားတွေကိုလည်း ထိန်းနိုင်တယ်။’

” ကျွန်တော်နောက်ဆုံးနှစ်တုန်းက ဝယ်ထားတဲ့ အူဘာမီယန်းဆိုရင် သူတို့ ဆက်ထိန်းထားနိုင်ခဲ့တယ်။ သူတို့လက်ရှိမှာ နေရာစုံရှိနေပြီ၊ ပြီးတော့ တကယ်အားနည်းတဲ့ နေရာမရှိဘူး’ လို့ ဆွေးနွေးခဲ့ပါတယ်။ အာဆင်ဝင်းဂါးရဲ့အသင်းပေါ်ထားတဲ့ စိတ်ထားနဲ့ အမြင်တွေက လတ်ဆတ်နေဆဲဖြစ်တဲ့အပြင် အခုလို အာဆင်နယ်မှ မဟုတ်ရင်ပြန်မလာဘူးဆိုတာက တကယ့်ကို လေးစားဖွယ်ရာကောင်းခဲ့ပါတယ်။

Aung Bwa – SportsGabar