ညီအစ်ကိုနှစ်ယောက် တသင်းတည်းမှာ ဘောလုံးကန်ရအောင်ဖန်တီးပေးလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

မေဂျာလိဂ်ကို ပရိသတ်တွေစိတ်ဝင်စားလာဖို့ဆိုရင် ဥရောပစတားတွေနဲ့ ဒရာမာတွေဖန်တီးဖို့လိုပါတယ်။ တချိန်က ပရီးမီးယားလိဂ်စတားလည်းဖြစ် ကမ္ဘာ့ရုပ်အချာဆုံးဘောလုံးသမားလည်းဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဒီအချက်ကို ကောင်းကောင်းသိသူပါ။ သူပိုင်တဲ့ အင်တာမိုင်ယာမီအသင်းကို ပရိသတ်တွေစိတ်ဝင်စားလာဖို့ ပရိသတ်တွေမထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တခုကိုလုပ်ခဲ့ပါတယ်။

သူပိုင်တဲ့ မေဂျာလိဂ်ကလပ်မိုင်ယာမီကိုလာကစားနေတဲ့ ဟီဂူအင်ရဲ့အကို ဖက်ဒရီကို ဟီဂူအင်ကို အသင်းကိုခေါ်လိုက်တာပဲဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်ကို အလွတ်ကြေးနဲ့ ဟီဂူအင်ရောက်လာအပြီးမှာ ပရိသတ်စိတ်ဝင်စားမှုမြင့်လာချိန်၊ ရောက်ရောက်ချင်းမှာပဲ ဖရီးကစ်ကနေ ဂိုးသွင်းလိုက်တာက ဟီဂူအင်ရဲ့ခြေစွမ်းနဲ့ မိုင်ယာမီပရိသတ်တွေကြား ပြောစကားဖြစ်လာခဲ့ပါပြီ။

ချိန်သားကိုက်ဆိုသလိုပဲ ဒီအနေအထားကို ဆက်မကျသွားအောင် ထပ်လုပ်လိုက်တာက ပြိုင်ဘက်ဒီစီယူနိုက်တက်က ဟီဂူအင်ရဲ့အကိုကို အမေရိကန်ဒေါ်လာ (၅)သောင်းပြောင်းရွှေ့ကြေးနဲ့ခေါ်လိုက်တာဖြစ်ပါတယ်။ (မေဂျာလိဂ်မှာတော့ အပြောင်းအရွှေ့တွေကို အသင်းတိုင်းက ပိုက်ဆံကုန်ကျခံရပါတယ်။)စနေနေ့မှာ တရားဝင်စရောက်လာတော့မယ့် အနေအထားက ဒေးဗစ်ဘက်ခမ်းရဲ့အသင်းကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေပါတယ်။

ဖက်ဒရီကို ဟီဂူအင် (၃၅)နှစ်က အစောပိုင်းကာလတွေကတည်းက မေဂျာလိဂ်မှာကစားနေသူပါ။ ညီဖြစ်သူ ဟီဂူအင် (၃၂)နှစ်နဲ့ တွဲကစားရတော့မယ့်အခွင့်အရေးကို ဒေးဗစ်ဘက်ခမ်းတို့ တမင်ဖန်တီးပေးလိုက်တယ်ဆိုတာက တွေးကြည့်နေစရာကိုမလိုပါဘူး။ တယောက်က တိုက်စစ်မှာကစားပြီး၊ တယောက်က ပလေးမိတ်ကာ ကစားတဲ့အနေအထားက မိုင်ယာမီအသင်းကို သွင်းဂိုးတွေပိုမြင်လာရဖို့ရှိနေပါတယ်။

အကိုဖြစ်သူ ဖရက်ဒီကို ဟီဂူအင်အနေနဲ့ ဒီစီယူနိုက်တက်မှာ ကစားသမားနဲ့တိုးတက်ရေးဆိုင်ရာနည်းပြအနေနဲ့ စာချုပ်ထားပေမဲ့ မိုင်ယာမီကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မေဂျာလိဂ် (၂၁၇)ပွဲကစား၊ သွင်ဂိုး (၆၀)၊ (၆၈)ကြိမ်ပံ့ပိုးမှုနဲ့ ခြေစွမ်းကောင်းတွေရှိထားတဲ့ ကစားသမားအနေနဲ့ ဟီဂူအင်နဲ့ စံချိန်အသစ်ရေးထိုးရင်း ဘက်ခမ်းရဲ့ဆန္ဒတွေကို ပိုအထမြောက်အောင်လုပ်ဆောင်ပေးသွားဖို့ မျှော်လင့်ရပါတယ်။

Aung Bwa – SportsGabar