နံနက်ပိုင်း အားကစားသတင်းတိုများ (၁၁.၁၀.၂၀၂၀)

ပိုချက်တီနိုနဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ သတင်းထွက်လာတဲ့ ယူနိုက်တက်နည်းပြရာထူးကို အကယ်လို့ ဂွါဒီယိုလာကသာ စာချုပ်သစ်ထပ်မချုပ်ခဲ့ရင် မန်စီးတီးကလည်း ခန့်အပ်ဖို့ လျာထားတယ်လို့သိရပါတယ်။ လတ်တလောမှာ ပတ်ဂွါဒီယိုလာနဲ့ မန်စီးတီးကြားစာချုပ်သစ်ဆွေးနွေးနေပြီး၊ စာချုပ်သစ်မချုပ်ဖြစ်ခဲ့တာနဲ့ ပိုချက်တီနိုကို စဉ်းစားထားတယ်လို့ သတင်းထွက်လာပါတယ်။

ဘာစီလိုနာအသင်းရဲ့ အသက် (၁၈)နှစ်အရွယ် ကစားသမားလေး အန်ဆုဖာတီဟာ လာလီဂါရဲ့ စက်တင်ဘာလအကောင်းဆုံးဆုကို ရခဲ့တယ်လို့ သိရပါတယ်။ ဖာတီအနေနဲ့ သုံးပွဲကစား (၃)ဂိုးသွင်း၊ (၁)ကြိမ်ဖန်တီးမှုကို ပြုလုပ်ထားနိုင်ခဲ့ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အကောင်းဆုံးပုံစံကို ပြသထားနိုင်ခဲ့ပါတယ်။

မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းမှာ ဟီဂူအင်ညီအကိုနှစ်ယောက် အတူတူကစားတော့မယ်လို့ သိရပါတယ်။ ဖက်ဒရီဂို ဟီဂူအင်ကို ဒီစီအသင်းကနေ မိုင်ယာမီအသင်းက ခေါ်ယူလိုက်ချိန်မှာ ညီအစ်ကိုနှစ်ယောက် ဒေးဗဏ်ဘက်ခမ်းပိုင်တဲ့ မိုင်ယာမီကလပ်မှာ အတူတူကစားတော့မှာဖြစ်ပါတယ်။

ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုချ်ကတော့ လက်ရှိဝေးလ်နည်းပြ ဂစ်ဟာ တချိန်မှာ ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အကယ်လို့ ယူရိုမှာသာ တခုခုလုပ်ပြနိုင်ခဲ့ရင် ဆိုးလ်ရှားအလွန် ယူနိုက်တက်နည်းပြဟာ ဂစ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကတော့ လက်ရှိအင်္ဂလန်အသင်းဟာ လူငယ်တွေအစုအဖွဲ့ကောင်းနေတဲ့အချက်ကြောင့် ယူရို (၂၀၂၀)နဲ့ (၂၀၂၂) ကမ္ဘာ့ဖလားတွေကို သိမ်းပိုက်သွားနိုင်တယ်လို့ ခန့်မှန်းပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်အထိရောက်ခဲ့သူတွေဖြစ်ပါတယ်။

စပိန်အသင်းကစားခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်တိုက်စစ်မှူး ထရာအိုရေးတယောက် ပထမဆုံးပွဲထွက်ကစားခဲ့ရတယ်လို့ သိရပါတယ်။ (၁-ဝ)နဲ့အနိုင်ရခဲ့ပြီး၊ အနိုင်ဂိုးကိုတော့ အိုရာဇာဘယ်က (၁၄)နှစ်မှာ စပိန်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Aung Bwa – SportsGabar