“ရော်နယ်ဒိုကို ဗိုင်းရပ်မကူးအောင်လုပ်ပေးခဲ့တဲ့ နာပိုလီကို ဘယ်သူမှကျေးဇူးမတင်ကြပါဘူး”

ပြီးခဲ့တဲ့အပတ်က ပွဲပျက်သွားခဲ့တဲ့ ဂျူဗင်တပ်-နာပိုလီပွဲစဉ်ကို မှတ်မိကြမယ်ထင်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ နာပိုလီမလာခဲ့တဲ့အပေါ် ပေါက်ကွဲခဲ့ပြီး၊ သူတို့ကစားရမယ့်ပွဲစဉ်ပျက်ခဲ့တဲ့အနေအထားကို (၃-ဝ)နဲ့အနိုင်ရသင့်တယ်ဆိုတဲ့ အသံတွေထွက်လာခဲ့ပါတယ်။ တကယ်တမ်းပွဲကို ရပ်နားခဲ့ရတာက ကိုဗစ် (၁၉)ကိစ္စရပ်တွေကြောင့်ဖြစ်တဲ့အတွက် ပွဲစဉ်ကိုပြန်ကန်ပွဲအနေနဲ့ပဲ သတ်မှတ်ပေးမှာဖြစ်ပါတယ်။

ဒီအချိန်မှာ ဂျူဗင်တပ်ရဲ့နာပိုလီအပေါ် တုံ့ပြန်မှုတွေကို အီတလီ ကမ်ပါနီးယာဒေသအကြီးအကဲ ဒီလူကာက နာပိုလီကိုကျေးဇူးတင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကို ကိုဗစ် (၁၉)ပိုးမသက်ရောက်အောင် ကာကွယ်ပေးနိုင်ခဲ့တာနဲ့တင် အခုလိုအချိန်မီတားဆီးပေးတဲ့အပေါ် ကျေးဇူးတင်သင့်ပြီး၊ နာပိုလီကိုအပြစ်တင်မနေသင့်ကြောင်းကို အခုလို ဆိုခဲ့ပါတယ်။

” ဘယ်သူမှ ကျွန်တော်တို့ကို ရော်နယ်ဒိုဗိုင်းရပ်စ်မကူးခံရအောင် ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မနေကြပါဘူး။ ကြိုစားပြီးဒါကိုတွေးကြည့်ပေးပါ။ အကယ်လို့ နာပိုလီကသာ ဂျီနိုအာအသင်းလုပ်ခဲ့သလိုမျိုး အသင်းမှာ ကိုဗစ်ပေါ့စတစ်ကိစ္စရပ်တွေနဲ့ ဂျူဗင်ပွဲကိုလာကန်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲပေါ့။ အကယ်လို့ ရော်နယ်ဒိုဟာ ဗိုင်းရပ်ကူးခံရပြီး တပတ်လောက်နားရမယ်ရင်”

” နယူးယော့ခ်တိုင်းမ်းသတင်းစာရဲ့မျက်နှာဖုံးမှာ အကျယ်တဝင့်နဲ့ကိုပါလာလိမ့်မယ်။ ကျန်းမာရေးနဲ့ ဥပဒေတွေနဲ့ပတ်သက်လာရင် သံတမန်ရေးရာကိစ္စတွေက ကေင်းမှာမဟုတ်ဘူး။ နာပိုလီ ဂျူဗင်ဆီကိုမလာခဲ့ဖူးဆိုတာက ASL (ဒေသခံကျန်းမာရေးဌာန) ကလည်းဆုံးဖြတ်ခဲ့တာကြောင့်လည်းပါတယ်။ ပြီးတော့ ဂျူဗင်တပ်ကလည်း ဘောကောက်တွေနဲ့မကစားလို့ပဲ။ (ဘောကောက်မပါတဲ့အတွက် ဘောလုံးအသစ်မလဲနိုင်) ”

” ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ကစားသမားတွေလည်း အီတလီနိုင်ငံသားတွေလို စည်းကမ်းလိုက်နာရမယ်။ ဒါကြောင့် နာပိုလီက ကစားဖို့မဆုံးဖြတ်လိုက်ပြီး ASL ကနေ ကွာရင်းတိုင်ဝင်ကြဖို့ ဆုံးဖြတ်ပေးလိုက်တာကို လက်ခံလိုက်တာ။ ဂျူဗင်တပ်ဥက္ကကတော့ စာတတန်ပေတန်ထုတ်ပြီးကို နာကျင်ရမယ့်စကားလုံးတွေသုံးခဲ့တယ်။ ရှက်ဖို့တောင်ကောင်းတယ်။ ”

” အသင်းကြား သံတမန်ကိစ္စတွေရှိနေလို့ ကျွန်တော်တို့ ဂျူဗင်တပ်ကိုသွားဖို့လုပ်ပေမဲ့ သူတို့ပယ်ချတယ်။ ဂျူဗင်ဥက္ကဆိုလည်း စိတ်ထားထက်သန်မှုအပြည့်နဲ့လူပါ။ ဘောလုံးမှာတင်မကပါဘူး။ ဖီလိုဆိုဖီတွေမှာရောပေါ့။ ဒါကြောင့် ကျွန်တော်တို့လုပ်ခဲ့တဲ့ကိစ္စရပ်အပေါ် သူ့ကို သတိလေးပေးချင်ရုံပါပဲ။ “ဆိုပြီး နာပိုလီလာမကစားခဲ့ရတဲ့အကြောင်းကိုရှင်းပြခဲ့ရပါတယ်။

တကယ်လည်း နာပိုလီဟာ ပိုးတွေ့လူနာနဲ့ တသင်းလုံးထိတွေ့နေတဲ့အပေါ် ဂျူဗင်ပွဲကိုလာမကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုကို ကာကွယ်ပေးနိုင်ခဲ့တာကို ကျေးဇူးမတင်ဘဲ လာမကစားလို့ ဂျူဗင်တပ်က အမှတ်ပေးဇယားထိပ်မတက်ရတာကိုပဲ စာတမ်းထုတ်ခဲ့တာကြောင့် ဂျူဗင်တပ်က နာပိုလီကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ လာကစားကာနီးမှ နာပိုလီ ကစားသမားနှစ်ယောက် ပိုးရှိနေတဲ့ ပေါ့စတစ်ထွက်ခဲ့တာကြောင့် ပွဲကိုနားခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar