သူနှလုံးရောဂါဖြစ်တုန်းက ပထမဆုံးဖုန်းခေါ်ခဲ့တဲ့ စပါးနည်းပြအကြောင်းဖွင့်ဟလာတဲ့ ကာဆီးလက်

ကာဆီးလက်နဲ့ မော်ရင်ဟိုနှစ်ယောက်က ဆန်တီယေဂိုဘာနေဗျူးမှာ မတွေ့တော့တာ အတော်လေးကြာပါပြီ။ ရီးရဲလ်မှာရှိတုန်းက ဆရာ-တပည့်ဖြစ်ခဲ့တဲ့အချိန်တွေ အတော်လေးဝေးကွာခဲ့ပေမဲ့ မော်ရင်ဟိုရဲ့သူ့တပည့်တွေအပေါ်ထားတဲ့ စိတ်ထားကတော့ စံပြုစရာပါ။ ကာဆီးလက် ဟတ်အတက်ဖြစ်တယ်လို့ သတင်းရတယ်ဆိုဆိုချင်း ဖုန်းဆက်ကာ ကျန်းမာရေးအခြေအနေကိုမေးမြန်ခဲ့ပြီး၊ တပည့်တွေအပေါ်ထားတဲ့ စိတ်ထားကိုပြသခဲ့ပါတယ်။

(၂၀၁၉)တုန်းက ပေါ်တိုနဲ့ ထရိန်နင်ဆင်းနေတဲ့ ကာဆီးလက်တယောက် ဟတ်အတက်ဖြစ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလို ဆေးရုံတင်ခဲ့ရပြီး၊ ငါးရက်လောက် ဆေးရုံမှာ နေပြီးနောက်မှာ ကစားသမားဘဝကို အနားယူဖို့ကိုသေချာခဲ့သူပါ။ (၂၀၁၅)တုန်းက နောက်ဆုံးတွေ့ခဲ့ဖူးတဲ့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးမရှိတော့ဘူးထင်ရပေမဲ့ တကယ်တမ်းဖုန်းဆက်လာခဲ့တဲ့အပေါ် ကာဆီးလက်က ESPN နဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

” မော်ရင်ဟိုအခုလို ဖုန်းဆက်ခဲ့တဲ့အကြောင်းကို လူတော်တော်များများမသိကြပါဘူး။ ဒါပေမဲ့ ဟိုဆေးမော်ရင်ဟိုက ကျွန်တော့်ကို ပထမဆုံးဖုန်းဆက်တဲ့သူတွေထဲက တယောက်ပါ။ ကျွန်တော် ဘယ်လိုအခြေအနေရှိလဲဆိုတဲ့အကြောင်းကို သိရဖို့ သူဖုန်းဆက်ခဲ့ပါတယ်။ ကျွန်တော် အချိန်တော်တော်ကြာမတွေ့ခဲ့ရတဲ့လူတွေကို အဲဒီတုန်းက မြင်ခဲ့ရတယ်”

” အဲဒါမျိုးဖုန်းဆက်တာက ဘဝမှာ အရာရာသေးသေးလေးတွေနဲ့ ခင်ဗျားကို ဂုဏ်ပြုတာမျိုးပဲ။ ခင်ဗျားတရက်ပြီးတရက် ပိုရှင်သန်လာမယ်။ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှာပဲနေရတာကို ရပ်လိုက်သလိုမျိုးပဲ။ ကျွန်တော် အင်မတန်မှ ကံကောင်းတယ်။ တခြားသူတွေမှာ အဲဒီလိုမျိုးမရှိဘူး။ ကျွန်တော်အဲဒီနေ့က ခံစားတာကိုပြောရမယ်ဆိုရင် ကျွန်တော်သေပြီလို့တောင် ထင်တာ။ ‘

” ဖြစ်သွားတဲ့ အခြေအနေတွေက ကျွန်တော့်ကို အရာရာကို ပြန်စဉ်းစားဖို့ ဖြစ်လာစေတယ်။ ကျွန်တော်က တပန်းသာပြီးသား လူတယောက်ပါ။ အကယ်လို့ ကျွန်တော့်ကို ဘောလုံးကစားဖို့ အခြေအနေပေးမယ်ဆိုရင် ကျွန်တော်ကစားဦးမှာပါ။ ” လို့ဆိုခဲ့ပါတယ်။ ကာဆီးလက်နဲ့ မော်ရင်ဟိုကြားဆက်ဆံရေးက အတော်လေးကို စိတ်ချမ်းသာစရာ ဖြစ်ခဲ့တယ်လို့ မှတ်ယူရနိုင်ပါတယ်။

တဖက်မှာတော့ ဒီအခြေအနေက ကာဆီးလက်ကို ကစားသမားဘဝကနေ အနားယူတဲ့အထိကို ဖြစ်စေခဲ့ပါတယ်။ (၁၉၉၉)ကနေစလို့ (၂၀၁၆)အထိ ကစား သမားကို ဖြတ်သန်းပြီးနောက်မှာတော့ လာလီဂါငါးလုံး ချန်ပီယံလိဂ် သုံးလုံးနဲ့အတူ ဖလားတွေအများကြီးရခဲ့ပြီး၊ ရီးရဲလ်ရဲ့ဂန္ဓဝင်ကစားသမားလည်းဖြစ်ခဲ့သူပါ။ နောက်ဆုံးအနားမယူခင်အချိန် (၂၀၁၅-၂၀)အထိ ပေါ်တိုအတွက် ကစားပေးရင်း ဘောလုံးသမားဘဝနောက်ဆုံးအချိန်တွေကိုဖြတ်သန်းခဲ့ပါတယ်။

Aung Bwa – SportsGabar