အိုဇေးလ်ဆီကနေ အကောင်းဆုံး ပုံစံတွေမြင်ရဖို့ ဘယ်လိုလုပ်ရမလဲအကြံပေးလိုက်တဲ့ အာဆင်ဝင်းဂါး

လတ်တလောဖြစ်ပျက်နေတဲ့ ပြဿနာတွေကြောင့် အာဆင်နယ်နဲ့ အိုဇေးလ်ကြားလမ်းခွဲမှုတွေဖြစ်လာပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အိုဇေးလ်ဟာ အကောင်းဆုံးပုံစံမှာရှိမနေတော့တဲ့အတွက် အသင်းမှာဆက်သုံးဖို့မဖြစ်နိုင်တော့သလို အိုဇေးလ်ရဲ့အကောင်းဆုံးပုံစံတွေအဆုံးသတ်သွားပြီလို့ ထင်ကြေးပေးနေကြပေမဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ သူ့တပည့်နဲ့ပတ်သက်လို့ မတူညီတဲ့အမြင်ရှိခဲ့ပါတယ်။

ယူရိုပါလိဂ်ကစားသမားစာရင်းမှာ အိုဇေးလ်ပြုတ်မပါဝင်တော့တဲ့နောက် နည်းပြအာဆင်ဝင်းဂါးနဲ့ Der Speigel မီဒီယာ အင်တာဗျူးလုပ်ခဲ့ပြီး၊ တပည့်ဟောင်းနဲ့ပတ်သက်လို့ အကြံပေးခဲ့ပါတယ်။ ” အိုဇေးလ်က ကွင်းထဲမှာ စည်းကမ်းတွေကိုလိုက်နာလွန်းတဲ့ ကစားသမားမျိုးမဟုတ်တာတော့ သေချာပါတယ်။ ပြီးတော့ ဘောလုံးမကိုင်ထားဘဲ ပွဲကိုကစားတာကလည်း သူအားသန်တဲ့ကစားဟန်မျိုးမဟုတ်ဘူး”

” ဒါပေမဲ့ ဒါကိုဖြေရှင်းလို့ရတာက သူ့ဖက်မှာ ခံစစ်ကိုပိုကစားဖို့အားသန်တဲ့ ကစားသမားတွေကို ထည့်ထားနိုင်မယ်ဆိုရင် ဖြေရှင်းလို့ရတယ်။ အရေးကြီးဆုံးဆိုတဲ့အချက်က အိုဇေးလ်ဆီကအကောင်းဆုံးဆိုတာကို ရချင်ရင် တိုက်စစ်နဲ့ ခံစစ်မှာ မျှမျှတတရှိနေဖို့က အရေးကြီးဆုံးပဲ။ ကစားသမားတွေက လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကတည်းက သူတို့ရဲ့နည်းစနစ်ပိုင်းအရည်အသွေးတွေကို ဆုံးရှုံးခဲ့ပြီးသားပါ’

” နည်းစနစ်နဲ့ ဆုံးဖြတ်တွေကို မှန်မှန်ကန်ကန်ချနိုင်တာမျိုးထက် အားကစားသမာပီသတာမျိုးက ပိုအရေးကြီးလာတာမျိုးပေါ့။ ပြောရရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းနဲ့ စိတ်ပြင်းပြတဲ့အရာတွေလေို့ဆိုရမယ်။ ဘယ်လောက်ပေါက်ကွဲအားရှိလဲပေါ့။ ပြီးတော့ ကစားသမားတွေက ပွဲရဲ့အဓိကလူ့ဖြစ်လာဖို့လိုလာတယ်” ဆိုပြီး အိုဇေးလ်ကျရှုံးလာရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

ဝင်ဂါးပြောခဲ့တဲ့အချက်က မှန်ကန်နေပြီးသားပါ။ (၂၀၁၅-၁၆)တနှစ်တည်းမှာတင် ဖန်တီးမှု (၁၉)လုံးနဲ့ တရာသီလုံးအများဆုံးကို အရင်ဆုံးစံချိန်တင်နိုင်ခဲ့သူပါ။ ပရီးမီးယားလိဂ် ဖန်တီးမှု (၅၀)ကြိမ်ကို အရင်ဆုံးပြည့်အောင်လုပ်နိုင်ခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းပရီးမီးယားလိဂ်နည်းစနစ်တွေမှာတော့ အံမဝင်တဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ လက်ရှိမှာ အာဆင်နယ်နဲ့ ဇာတ်လမ်းအပြီးသတ်သွားပြီလို့ကို ဆိုရမှာဖြစ်ပြီး သောမတ်ပါတေးရှိလာပေမဲ့ အာဆင်နယ်ကကို မသုံးဖို့ ဆုံးဖြတ်လိုက်တော့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar