မန္ယူႏိုက္တက္ တိုက္စစ္မွဴးကိုအျပိဳင္ေခၚမယ့္ရီးရဲလ္နဲ႔ဘာစီလိုနာ

ဘာစီလိုနာအသင္းရဲ႕ပရိသတ္ေတြဟာ ဒီရာသီမွာ ဘာစီလုနာအသင္းရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ျပီး မေပ်ာ္မရႊင္ျဖစ္ေနၾကတယ္လို႔သိရပါတယ္။ ဒီရာသီမွာ ဘာစီလိုနာဟာ လာလီဂါဖလားကိုပိုင္ဆိုင္နိုင္ခ့ဲျပီး၊ ကိုပါဒယ္ေရးဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကိုလည္းပိုင္ဆိုင္ႏိုင္ဖို႔အခြင့္အေရးတစ္ရပ္ကိုပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။

ဒါေပမ့ဲ ဘာစီလိုနာဟာဖလားသံုးလံုးရႏိုင္မယ့္အခြင့္အေရးနဲ႔လြဲေခ်ာ္ခ့ဲျပီး၊ ဒီအေျခအေနေပၚမွာ ဘာစီလိုနာအသင္းပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၾကတာပါ။ လာလီဂါဖလားတစ္လံုးကိုရႏိုင္ခ့ဲေပမယ့္ ဘာစီလိုနာပရိသတ္ေတြအတြက္ေတာ့ ဒီဖလားတစ္လံုးဟာ ဘာစီလိုနာလိုအသင္းမ်ိဳးအတြက္ လံုေလာက္မႈမရွိဘူးလို႔ယံုၾကည္ထားၾကတာာပါ။

ဒါေၾကာင့္ ဘာစီလိုအေနနဲ႔လည္း ဒီေႏြေစ်းကြက္ထဲမွာ ကစားသမားေခၚယူဖို႔ေသခ်ာျပင္ဆင္ေနတာျဖစ္ျပီး၊ အထူးသျဖင့္ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ေသခ်ာျပင္ဆင္ဖို႔ၾကိဳးစားေနတာျဖစ္ပါတယ္။ ဘာစီလိုနာဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကိုျဖည့္တင္းဖို႔အတြက္ မန္ယူႏိုက္တက္တိုက္စစ္မွဴး မားကပ္စ္ရက္စ္ဖို႔ကို မ်က္စိက်လ်က္ရွိေနျပီး၊ ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း(၈၀)ေလာက္နဲ႔ရရွိႏိုင္ဖို႔ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။

ဒါေပမ့ဲ မန္ယူႏိုက္တက္တိုက္စစ္မွဴး ရက္စ္ဖို႔ကို ဘာစီလိုနာအသင္းရဲ႕လာလီဂါျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းကလည္းေခၚယူဖို႔ စိတ္၀င္စားေနတာျဖစ္ျပီး၊ ရက္စ္ဖို႔အတြက္ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း(၅၀)အျပင္ ဂါရက္ေဘးလ္ကိုပါအလိုက္ေပးျပီး ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ ရက္စ္ဖို႔ဟာ ဒီရာသီမွာ မန္ယူႏိုက္တက္အသင္းအတြက္(၁၂)ဂိုးသြင္းျပီး၊ ဂိုးဖန္တီးမႈ(၆)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခ့ဲတ့ဲကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ရက္စ္ဖို႔အေနနဲ႔ ရီးရဲလ္ကိုပဲေရာက္သြားမလား၊ ဘာစီလိုနာကိုပဲေရာက္ရွိသြားမလားဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက် တိုက်စစ်မှူးကိုအပြိုင်ခေါ်မယ့်ရီးရဲလ်နဲ့ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေဟာ ဒီရာသီမှာ ဘာစီလုနာအသင်းရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြတယ်လို့သိရပါတယ်။ ဒီရာသီမှာ ဘာစီလိုနာဟာ လာလီဂါဖလားကိုပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ကိုပါဒယ်ရေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်းပိုင်ဆိုင်နိုင်ဖို့အခွင့်အရေးတစ်ရပ်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာဖလားသုံးလုံးရနိုင်မယ့်အခွင့်အရေးနဲ့လွဲချော်ခဲ့ပြီး၊ ဒီအခြေအနေပေါ်မှာ ဘာစီလိုနာအသင်းပရိသတ်တွေက မကျေမနပ်ဖြစ်နေကြတာပါ။ လာလီဂါဖလားတစ်လုံးကိုရနိုင်ခဲ့ပေမယ့် ဘာစီလိုနာပရိသတ်တွေအတွက်တော့ ဒီဖလားတစ်လုံးဟာ ဘာစီလိုနာလိုအသင်းမျိုးအတွက် လုံလောက်မှုမရှိဘူးလို့ယုံကြည်ထားကြတာာပါ။

ဒါကြောင့် ဘာစီလိုအနေနဲ့လည်း ဒီနွေဈေးကွက်ထဲမှာ ကစားသမားခေါ်ယူဖို့သေချာပြင်ဆင်နေတာဖြစ်ပြီး၊ အထူးသဖြင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက်သေချာပြင်ဆင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့တိုက်စစ်ပိုင်းကိုဖြည့်တင်းဖို့အတွက် မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်စ်ဖို့ကို မျက်စိကျလျက်ရှိနေပြီး၊ ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၈၀)လောက်နဲ့ရရှိနိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက်တိုက်စစ်မှူး ရက်စ်ဖို့ကို ဘာစီလိုနာအသင်းရဲ့လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး၊ ရက်စ်ဖို့အတွက်ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)အပြင် ဂါရက်ဘေးလ်ကိုပါအလိုက်ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရက်စ်ဖို့ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက်(၁၂)ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ရက်စ်ဖို့အနေနဲ့ ရီးရဲလ်ကိုပဲရောက်သွားမလား၊ ဘာစီလိုနာကိုပဲရောက်ရှိသွားမလားဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar