နံနက်ပိုင်းအားကစားသတင်းတိုများ (၁၀.၁၀.၂၀၂၀)

မန်ချက်စတာစီးတီးအနေနဲ့ သူတို့ရဲ့ကွင်းလယ်လူ ဒီဘရိုင်းနားကို တပတ်လုပ်ခပေါင် (၃)သိန်းနဲ့ နှစ်နှစ်စာချုပ်သစ်တိုးဖို့ အဆင်ပြေနေပြီလို့သိရပါတယ်။ ညှိနှိုင်းနေဆဲအနေအထားကြောင့် ဒီဘရိုင်းဟာ (၅)နှစ်သက်တမ်းတိုလိုနေတယ်လို့ သတင်းထွက်နေပါတယ်။ မန်စီးတီးအနေနဲ့ ဒီဘရိုင်းနဲ့ စာချုပ်သစ်ကို မကြာခင်ကြေညာနိုင်ဖို့ ရှိနေပါတယ်။

တဖက်မှာတော့ အသင်းရဲ့စီမံခန့်ခွဲရေးချုပ် မစ္စတာ အိုမာဘာရက်ဒါက လာမယ့်နှစ်မှာ လိုင်ယွန်နယ်မက်ဆီကိုခေါ်ယူဖို့သာ ဖြစ်နိုင်ခဲ့ရင် ချက်ချင်းခေါ်ယူသွားမယ်လို့ ဆိုလိုက်ပါတယ်။ မက်ဆီနဲ့အတူ အသင်းကိုတည်ဆောက်ပြီး၊ ပတ်ဂွါဒီယိုလာကိုလည်း စာချုပ်သက်တမ်းတိုးကာ မန်စီးတီးကို ဆက်လက်အောင်မြင်မှုတွေရယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းကတော့ သူတို့ရဲ့နောက်ခံကစားသမားအသစ် ဝီလီယမ်ဆာလီဘာကို (၁)နှစ်အငှားချဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အာတီတာက ဘရန်းဖို့ဒ်အသင်းဆီအငှားချလိုနေပြီး၊ တဖက်မှာတော့ ကစားသမားအငှားခေါ်ယူမှုတခုကို ဘရန်းဖို့ဒ်ဆီကနေ ပြန်လိုချင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ နိုင်ဂိုလန်နဲ့ ဂါဂလီယာဒီနီတို့ ကိုဗစ်တွေ့ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ တရားဝင်ကြေညာချက် သုံးခုရှိပေမဲ့ ကစားသမားကတော့ နှစ်ယောက်ပါဝင်တယ်ကာ ကျန်တဲ့တယောက်ကိုတော့ အသင်းကလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အိုဇေးလ်ကတော့ သူ့ရဲ့တချိန်က ရီးရဲလ်အသင်းဖော်ဟောင်း ဘန်ဇီးမားဟာ ဘရာဇီးလ်ရော်နယ်ဒိုလိုမျိုးပဲလို့ ချီးကျူးလိုက်ပါတယ်။ ဂိုးရှေ့မှာဆိုရင် ဘန်ဇီးမားဟာ အင်မတန်ကောင်းလွန်းပြီး၊ ဂိုးတွေသွင်းတတ်သူပါလို့ အိုဇေးလ်က ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကတော့ အင်္ဂလန်ဘုရင်မကြီးက ချီးမြင့်တဲ့ MBE မန်ဘာဝင်ဆုကို ရခဲ့ပါတယ်။ အဆိုပါဆုကို ရက်ရှ်ဖို့ဒ်အနေနဲ့ ကလေးသူငယ်တွေရဲ့ ကျောင်းနေ့လယ်စာ ကဏ္ဍမှာ စွမ်းစွမ်းတမံ ပရဟိတလုပ်ခဲ့တဲ့အတွက် ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Aung Bwa – Sportsgabar