မာေနးေလးစားအားက်ရတဲ့နည္းျပကေလာ့ရဲ႕အမူအက်င့္တစ္ခ်ိဳ႕

လီဗာပူးလ္အသင္းရဲ႕တုိက္စစ္ကစားသမား ဆာဒီယိုမာေနးက သူေလးစားအားက်ရတဲ့ နည္းျပဂ်ာဂင္ကေလာ့ရဲ႕ အမူအက်င့္တစ္ခ်ိဳ႕ အေၾကာင္း ကို ေျပာျပသြားခဲ့ပါတယ္။

ဂ်ာဂင္ကေလာ့ဟာ လီဗာပူးလ္နည္းျပဘ၀မွာ အေအာင္ျမင္ဆံုးေဘာလံုးရာသီတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ျပီး၊ ပရီးမီးယားလိဂ္သရဖူအတြက္ မန္စီးတီးကိုအေကာင္းဆံုးစိန္ေခၚႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာလည္း ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္ စတဲ့အသင္းၾကီးေတြနဲ႔ရင္ဆိုင္ခဲ့ရေပမဲ့ ေက်ာ္ျဖတ္ႏိုင္ခဲ့ျပီး ဗိုလ္စြဲႏိုင္ေအာင္အထိ လီဗာပူးလ္ကို ပဲ့ကိုင္ေပးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ာဂင္ကေလာ့ဟာ ေဆာင္သမ္တန္အသင္းကေန ေျပာင္းေရႊ႕ေရာက္ရွိလာတဲ့ မထင္မရွား ကစားသမား မာေနး၊ ခ်ဲလ္ဆီးအသင္းရဲ႕စြန္႔ပစ္ခံ ဆာလက္၊ လီဗာပူးလ္ အကယ္ဒမီမွ လူငယ္ကစားသမားေလး အာႏိုးလ္ စတဲ့ ကစားသမားေတြကို အရည္အေသြးေတာက္ေျပာင္လာေအာင္ ထိန္းေက်ာင္းေပးႏိုင္ခဲ့ျပီး၊ မာေနးနဲ႔ ဆာလက္တို႔ဆိုရင္ ဒီႏွစ္ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို (၂၂)ဂိုးစီနဲ႔ ပူးတြဲရယူႏိုင္ခဲ့တဲ့အထိပါပဲ။

ဒါေၾကာင့္ အသက္ (၂၇)ႏွစ္အရြယ္ ဆီနီေဂါလက္ေရြးစင္ မာေနးက နည္းျပ ဂ်ာဂင္ကေလာ့ရဲ႕ အလြန္ေတာ္တဲ့ နည္းျပအရည္အေသြးနဲ႔ပက္သက္ျပီး ေက်းဇူးတင္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ မာေနးက-

” သူက ထူးရွယ္နည္းျပတစ္ေယာက္ပါပဲ၊ သူမွာ အရည္အေသြးမ်ားစြာရွိျပီးေတာ့ သူမတူတဲ့ အမူအက်င့္ေတြလည္းရွိပါတယ္၊ ကြ်န္ေတာ္ကိုလည္း ပံုသြင္းေပးခဲ့ျပီးေတာ့ ေဘာလံုးေလာက ျပင္ပမွာဆိုလည္း သူဟာ ေရလည္ေကာင္းတဲ့ လူပါ၊ သူ႔လိုနည္းျပမ်ိဳးက ရွားပါးပါတယ္၊ အထူးသျဖင့္ ေဘာလံုးေလာကမွာေပါ့ ”

” ျပီးေတာ့ ကေလာ့ဟာ သူ႔ရဲ႕ကစားသမားေတြကို ခ်စ္တဲ့နည္းျပတစ္ေယာက္ပါ၊ ျပီးေတာ့ သူတို႔ကို တုန္႔ျပန္မႈေတြ လည္းေပးတယ္၊ ကစားသမားေတြကို တိုက္ပြဲ၀င္စိတ္ျပင္းထန္လာေအာင္လည္း လုပ္ေပးႏိုင္တယ္၊ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ေတြဟာ သူ႔အတြက္ ဘာမဆိုေပးဆပ္ဖို႔ အသင့္ရွိေနၾကတာျဖစ္ပါတယ္ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မာနေး လေးစားအားကျရတဲ့ နည်းပြကလော့ရဲ့အမူအကျင့်တစ်ချို့

လီဗာပူးလ်အသင်းရဲ့တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူလေးစားအားကျရတဲ့ နည်းပြဂျာဂင်ကလော့ရဲ့ အမူအကျင့်တစ်ချို့ အကြောင်း ကို ပြောပြသွားခဲ့ပါတယ်။

ဂျာဂင်ကလော့ဟာ လီဗာပူးလ်နည်းပြဘဝမှာ အအောင်မြင်ဆုံးဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်သရဖူအတွက် မန်စီးတီးကိုအကောင်းဆုံးစိန်ခေါ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်အောင်အထိ လီဗာပူးလ်ကို ပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာဂင်ကလော့ဟာ ဆောင်သမ်တန်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့ မထင်မရှား ကစားသမား မာနေး၊ ချဲလ်ဆီးအသင်းရဲ့စွန့်ပစ်ခံ ဆာလက်၊ လီဗာပူးလ် အကယ်ဒမီမှ လူငယ်ကစားသမားလေး အာနိုးလ် စတဲ့ ကစားသမားတွေကို အရည်အသွေးတောက်ပြောင်လာအောင် ထိန်းကျောင်းပေးနိုင်ခဲ့ပြီး၊ မာနေးနဲ့ ဆာလက်တို့ဆိုရင် ဒီနှစ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂၂)ဂိုးစီနဲ့ ပူးတွဲရယူနိုင်ခဲ့တဲ့အထိပါပဲ။

ဒါကြောင့် အသက် (၂၇)နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် မာနေးက နည်းပြ ဂျာဂင်ကလော့ရဲ့ အလွန်တော်တဲ့ နည်းပြအရည်အသွေးနဲ့ပက်သက်ပြီး ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မာနေးက-

” သူက ထူးရှယ်နည်းပြတစ်ယောက်ပါပဲ၊ သူမှာ အရည်အသွေးများစွာရှိပြီးတော့ သူမတူတဲ့ အမူအကျင့်တွေလည်းရှိပါတယ်၊ ကျွန်တော်ကိုလည်း ပုံသွင်းပေးခဲ့ပြီးတော့ ဘောလုံးလောက ပြင်ပမှာဆိုလည်း သူဟာ ရေလည်ကောင်းတဲ့ လူပါ၊ သူ့လိုနည်းပြမျိုးက ရှားပါးပါတယ်၊ အထူးသဖြင့် ဘောလုံးလောကမှာပေါ့ ”

” ပြီးတော့ ကလော့ဟာ သူ့ရဲ့ကစားသမားတွေကို ချစ်တဲ့နည်းပြတစ်ယောက်ပါ၊ ပြီးတော့ သူတို့ကို တုန့်ပြန်မှုတွေ လည်းပေးတယ်၊ ကစားသမားတွေကို တိုက်ပွဲဝင်စိတ်ပြင်းထန်လာအောင်လည်း လုပ်ပေးနိုင်တယ်၊ ဒါကြောင့် ကျွန်တော်တို့တွေဟာ သူ့အတွက် ဘာမဆိုပေးဆပ်ဖို့ အသင့်ရှိနေကြတာဖြစ်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar