” အက်သလက်တီကိုကို မပြောင်းခင် နေ့တိုင်းလိုလို ကျွန်တော်ငိုခဲ့ရပါတယ်။ ” ဆွာရက်

ချီလီကို (၂-၁)နဲ့ နိုင်လိုက်တဲ့ပွဲမှာ ပင်နယ်တီကနေ အသင်းအတွက် ဆွာရက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် နိုင်ပွဲတပွဲကိုဖန်တီးနိုင်လိုက်တာဖြစ်ပေမဲ့ ဆွာရက်တယောက်ပျော်မနေခဲ့ပါဘူး။ ဘာစီလိုနာနဲ့ သူ့ကြားဖြစ်ပျက်ခဲ့တဲ့ အပြောင်းအရွှေ့ကို ဝမ်းနည်းနေဆဲဖြစ်တဲ့အပြင် သူနိုင်ခဲ့တဲ့ဂိုးအတွက်တောင် စကားမြပောနိုင်ဘဲ အခုလို ဖွင့်ဟခဲ့ပါတယ်။

” ကျွန်တော်တို့က အရွယ်ရောက်ပြီးသားလူတွေပါ။ ကျွန်တော်ဘာစီလိုနာမှာ ရှိနေခဲ့တာ ခြောက်နှစ်ရှိပါပြီ။ ကျွန်တော့်ကို စကားြပောလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ကလပ်အနေနဲ့ သူတို့ရဲ့လည်ပတ်နေတဲ့ ပုံစံပြောင်းလဲချင်တာကို ပြောပြတဲ့ပုံစံမျိုးပေါ့။ ဒါပေမဲ့ နည်းလမ်းတွေက မမှန်ခဲ့သလို လီယိုမက်ဆီကိုလည်း စိတ်အနှောင့်အယှက်ပေးခဲ့တယ်”

” မပြောင်းခင်ရက်တွေကဆိုရင် အရမ်းကိုခက်ခဲခဲ့တယ်။ ကျွန်တော်ငိုလည်း ငိုခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကျော်ဖြတ်ခဲ့ရတဲ့အနေအထားတွေကြောင့်ပဲ။ အခြေအနေတွေ အဆင်ပြေပြေဖြစ်အောင် ကျွန်တော့်အတွက်အဖြေရှာပေးနေတယ်ဆိုတဲ့ သတင်းစကားမျိုး ကလပ်ဆီကနေ ကျွန်တော်နားမထောင်ခဲ့ဘူး။ သူတို့လုပ်ခဲ့တဲ့အရာတွေနဲပတ်သက်လို့ ကျွန်တော်အားလုံးနီးပါးခံစားခဲ့ရတယ်။

” ဇာတ်လမ်းတခုက အဆုံးသတ်တော့မယ်ဆိုရင် တယောက်ယောက်က လက်ကိုလက်ခံရမယ်လေ။ ဖြစ်ပျက်သွားတာတွေကို ဘယ်သူမှတော့ မသိလိုက်ပါဘူး။ ဒါပေမဲ့ အဆိုဆုံးက ထရိန်နင်ကိုသွားရတာပဲ။ ကစားသမားတွေဆီကနေ ခွဲထုတ်ပြီး မတူတဲ့ အုပ်စုတခုကို ပိုခံလိုက်ရတယ်။ တကယ့်လက်တွေ့ကစားပွဲ (အသင်းလိုက်ထရိနင်)လိုပွဲမျိုးတွေမှာ ကျွန်တော့်ကို ကျွန်တော့်ကို ဝင်မပါခိုင်းတော့ဘူး။

” ကျွန်တော့်မိန်းမဆိုရင် ကျွန်တော်လုံးဝမပျော်တော့တာကိုမြင်ခဲ့တယ်။ သူဆိုရင် ကျွန်တော့်ပြုံးနေတာကို မြင်ချင်ခဲ့တယ်။ အက်သလက်တီကိုကို ပြောင်းဖို့ အခွင့်အရေးလည်းရလာရော၊ ကျွန်တော်လုံးဝပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ မက်ဆီက ကျွန်တော့်ကို လူသိရှင်ကြားအားပေးတာနဲ့ပတ်သက်လို့ ကျွန်တော်ဘယ်တော့မှ မအံ့သြဘူး (အင်စတာဂရမ်မှာ ဆွာရက်ကို မက်ဆီကအားပေးစကားပြောတာကိုဆိုလို)။

” ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကို ကောင်းကောင်းသိတယ်လေ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ခံစားချက်ကိုသူသိတယ်။ ကျွန်တော့်ကို ကန်ထုတ်လိုက်တယ်ဆိုတဲ့ ခံစားချက်မျိုးက ခံစားရအခက်ဆုံးပဲ။ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်ကမမှန်ခဲ့ဘူး။ ပြီးတော့ မက်ဆီက ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ခံစားခဲ့ရတာကို သိတယ်လေ။ “လို့ ဖွင့်ဟခဲ့ပါတယ်။

ဆွာရက်အနေနဲ့ တကယ်ပဲ ကန်ထုတ်ကန်ခဲ့ရတာကတော့ ပရိသတ်သိပြီးသားဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ်ကိုးမန်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါတော့တဲ့ အနေအထားက ဆွာရက်နဲ့ အသင်းကြား အခုလိုအခြေအနေထိဖြစ်စေခဲ့တာပါ။ နောက်ဆုံးမှာတော့ အက်သလက်တီကိုကို အလွတ်ကြေးနဲ့ ပြောင်းရွှေ့စေလိုက်ပြီး၊ ဆွာရက်တယောက် အက်သလက်အတွက် လူစားဝင်ပြီး၊ (၂)ဂိုးသွင်းတဲ့အထိကို ခြေစွမ်းြပေနပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar