အသင်းအတွက် အနိုင်ဂိုးသွင်းပြီးချိန်မှာ အာဂျင်တိုင်းသားတွေကို အားတက်စေခဲ့ပြီဆိုတဲ့ မက်ဆီ

ကမ္ဘာ့ဖလားကွာလီဖိုင်ယာပွဲစဉ်အတွက် အီကွေဒေါနဲ့ ကစားခဲ့တဲ့ အာဂျင်တီးနားဟာ အသင်းခေါင်းဆောင် မက်ဆီရဲ့ တလုံးတည်းသော ပင်နယ်တီနဲ့အတူ အနိုင်ရခဲ့ပါတယ်။ (၁၁)လအကြာ ဘောလုံးပွဲတွေလုံးဝမကစားခဲ့ရတဲ့ အာဂျင်တီးနားအသင်းအတွက် ပြန်လည်ကစားချိန်မှာ မက်ဆီပါ ပါဝင်ခဲ့ပြီး အနိုင်ရခဲ့တာက အာဂျင်တီးနားအတွက် အားတက်စရာဖြစ်လာစေခဲ့ပါတယ်။

အနိုင်ဂိုးကိုလည်း မက်ဆီလို ကစားသမားက သွင်းခဲ့တဲ့အပြင် ကမ္ဘာ့ဖလားကွာလီဖိုင်ယာ ပွဲစဉ်ဖြစ်နေတာက ပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။ အသင်းခေါင်းဆောင်မက်ဆီကလည်း ပွဲအပြီးမှာ အင်တာဗျူးမလုပ်ခဲ့ရပေမဲ့ သူ့မှတ်ချက်ကို ကြားချင်နေတဲ့ ပရိသတ်ကို အစည်းအဝေးအပြီးမှာ နိုင်ပွဲနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံပွဲအတွက် (၁)နှစ်အကြာလောက်အပြီးမှာ မက်ဆီရဲ့မှတ်ချက်ဖြစ်ပါတယ်။

” ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အနေအထားတွေကြောင့် ဒီနှစ်က ရှုပ်ထွေးလွန်းတဲ့ နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ နောက်တခါပြန်ကစားနိုင်ဖို့ဆိုတာနဲ့ အောင်ပွဲတွေကို ဆာလောင်နေတဲ့ ပရိသတ်တွေကို ပျော်ရွှင်မူတွေပေးဖို့ပေါ့။ ကစားပွဲအပြီးမှာတော့ ဖိအားတွေကို အနည်းငယ် လျှော့ချနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ကျွန်တော် အာဂျင်တိုင်းသားတွေကို အားတက်စေခဲ့ပါပြီ’

” ကျွန်တော်တို့ဖက်ကလည်း အီကွေဒေါနဲ့ပွဲက ခက်ခဲခဲ့မယ်ဆိုတာကို သိနေခဲ့ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကလည်း ကျွန်တော်တို့ အနိုင်ရခဲ့တယ်ဆိုတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ဆက်နိုင်ဖို့ ကြိုးစားပြီး၊ ထိန်းထားရမယ်။ နိုင်ပွဲတပွဲနဲ့စနိုင်လိုက်တယ်ဆိုတာက အတော်လေးကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကွာလီဖိုင်းလို ပွဲစဉ်တွေက ဘယ်လောက်ထိခက်ခဲလဲ ကျွန်တော်တို့သိလို့ပါ။ ”

” ကွာလီဖိုင်းပွဲစဉ်တွေက အမြဲတမ်းခက်ပါတယ်။ ကျွန်တော့်တို့ ဒီအနေအထားကို မျှော်လင့်ခဲ့ပြီးသားပါ။ ကျွန်တော်တို့ မကစားခဲ့ရတာလည်း အချိန်တော်တော်ကြာပြီလေ။ စိုးရိမ်တာတွေရှိနေတာကလည်း ဒီပွဲကို ပိုခက်စေခဲ့ပါတယ်။ ” လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ အီကွေဒေါနဲ့ပွဲစဉ်က ကမ္ဘာ့ဖလားအတွက် ဝင်ခွင့်အတွက်ပြိုင်ရတာဖြစ်ပေမဲ့ တနှစ်လောက်အာဂျင်တီးနားဟာ ဘောလုံးမကစားထားပါဘူ။ မက်ဆီကပွဲဦးထွက်ပြန်ပါတဲ့ပွဲမှာပဲ အာဂျင်တီးနားအတွက် အနိုင်ဂိုးနဲ့အတူ ပရိသတ်ကို ပြုံးပျော်စေခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar