(၁၀)နှစ်တာကာလအတွင်း တိုက်စစ်အကောင်းဆုံး အချိန်ကိုပိုင်ဆိုင်လာတဲ့ အင်္ဂလန်

အဲဗာတန်တိုက်စစ်မှူး ကလဲဗက်လေဝင်တယောက် ပွဲဦးထွက်မှာပဲ အင်္ဂလန်အတွက်ဂိုးသွင်းလိုက်ပါတယ်။ ဒန်နီအင်းကလည်း ဂိုးသွင်းလိုက်ပြီး၊ နှစ်ယောက်လုံး ပထမဆုံး အင်္ဂလန်အသင်းဂိုးတွေရလာခဲ့ချိန်မှာတော့ စံချိန်မှတ်တမ်းအသစ်တွေရလာခဲ့ပါပြီ။ အင်္ဂလန်ရဲ့ဂိုးသွင်းအကောင်းဆုံးဆိုတဲ့ ရာသီကိုရောက်လာတာဖြစ်ပါတယ်။ စကိုင်းစပေါ့က တင်ဆက်ခဲ့တဲ့ မှတ်တမ်းအရ အခုလိုအနေအထားကိုရောက်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ (၄)ပွဲကစားပြီးချိန်မှာ အင်္ဂလန်တိုက်စစ်မှူးတွေရဲ့သွင်းဂိုးက (၃၇)ဂိုးအထိရှိလာပါတယ်။ (၂၀၁၂-၁၃)ကစလို့ (၉)နှစ်တာကာလအတွင်း အများဆုံးပါ။ ဒီအနေအထားကို မီတဲ့ဂိုးအရေအတွက်ကလည်း ပြီးခဲ့တဲ့နှစ် (၂၀၁၉-၂၀)က (၂၅)နဲ့ရှိနေတဲ့အတွက် အင်္ဂလန်တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍက ပရီးမီးယားလိဂ်မှာ ဂိုးပိုတက်လာတာကို တွေ့ရပါတယ်။ (၂၀၁၂+၂၀၁၄) နှစ်နှစ်စာပေါင်းတာနဲ့လည်း ညီမျှနေပါတယ်။

နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က အောက်တိုဘာလ ပထမအပတ်နှုန်းထားနဲ့တွက်ရင်လည်း အတော်လေးကိုမြင့်တဲ့အနေအထားကိုရောက်နေတာပါ။ ဒီနှစ်က နောက်ကျနေတဲ့အတွက် လေးပွဲပဲကစားရသေးပေမဲ့ (၃၇)ဂိုးအထိသွင်းထားနိုင်တာပါ။ မနှစ်ကတော့ ၄၂ ဂိုးနဲ့ ရှိနေပေမဲ့ ခြေစမ်းပွဲနဲ့ ရာသီကြိုတွေမရှိတဲ့အခြေအကြောင့် အင်္ဂလန်တိုက်စစ်ကစားသမားတွေ တကယ်ပဲဂိုးမြူးနေပြီလို့ သုံးသပ်နိုင်ပါတယ်။

ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင်လည်း ပရီးမီးယားလိဂ် လေးပွဲကစားအပြီးမှာ သွင်းထားတဲ့ဂိုးတွေရဲ့ (၄၃)ရာခိုင်နှုန်း (၃၇ဂိုး)ကိုပဲ အင်္ဂလန်တိုက်စစ်က သွင်းထားနိုင်တာပါလို့ ဖော်ပြထားပါတယ်။ သွင်းဂိုး (၈၆)ဂိုးမှာ အင်္ဂလန်တိုက်စစ်မှူးတွေကပဲ (၃၇)ဂိုးဖြစ်ပါတယ်။ ကျန်တဲ့ ပြည်ပကစားသမားနဲ့ နေရာအစုံကစားသမားတွေက (၄၆)ဂိုးဖြစ်တဲ့အတွက် အင်္ဂလန်ရဲ့တိုက်စစ်မှူးတွေဟာ တကယ့်ကိုဂိုးသွင်းကောင်းနေပြီလို့ ဆိုရမှာပါ။

လက်ရှိမှာ အဆိုပါသွင်းဂိုးတွေကို သွင်းထားတဲ့ ကစားသမားတွေကတော့ ကလဲဗက်လေဝင်၊ ဟယ်ရီကိန်း၊ အေဗရာဟမ်၊ စတာလင်း၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ ဒန်နီအင်း၊ ဘန်းဖို့်ဒ်၊ ဝက်ကင်၊ ကောလမ်ဝီဆင်နဲ့ ဝက်စ်ဟမ်းရဲ့ အန်တိုနီယိုတို့ဖြစ်ပါတယ်။ ဒါကြောင့် ဝေးလ်ကို (၃-ဝ)နဲ့နိုင်အပြီးမှာ အင်္ဂလန်တိုက်စစ်မှူးတွေရဲ့ (၂၀၂၀-၂၁)ရာသီ အောက်တိုဘာလသွင်းဂိုးတွေဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးကိုရောက်နေပြီလို့ဆိုရမှာပါ။

Aung Bwa – SportsGabar