နံနက်ပိုင်း အားကစားသတင်းတိုများ (၉.၁၀.၂၀၂၀)

ယူရို (၂၀၂၀)ဝင်ခွင့်အတွက် ပလေးအော့ဖ်ဖိုင်နယ်ပွဲစဉ်လေးပွဲအတွက် အဖြေထွက်လာခဲ့ပြီဲဖြစ်ပါတယ်။ အိုက်စလန်-ဟန်ဂေရီ၊ အိုင်ယာလန်-ဆလိုဗားကီးယား၊ စကော့တလန်-ဆာဘီးယား၊ ဂျော်ဂျီယာ-မြောက်မက်ဆီဒိုးနီးယား စတဲ့ ပွဲစဉ်လေးပွဲက အနိုင်ရသူတွေဟာ ယူရို (၂၀၂၀)ကိုဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ ဝေးလ်အသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ကတော့ (၃-ဝ)နဲ့အတူ အင်္ဂလန်တို့အနိုင်ရခဲ့ပါတယ်။ ကဲဗက်လေဝင်၊ ကုတ်ဒီ၊ ဒန်နီအင်းတို့ အသီးသီး ခြေစွမ်းပြ ဂိုးသွင်းယူခဲ့ပြီး၊ သုံးဦးလုံးဟာ အင်္ဂလန်အတွက် ပထမဆုံးဂိုးတွေရဖူးတဲ့ ကစားသမားတွေဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ အိုဇေးလ်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး၊ အသင်းကထွက်ခွာစေဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အိုဇေးလ်နဲ့အသင်းကြားလက်ကျန်ရှိနေတဲ့ တနှစ်နီးပါးစာချုပ်အတွက် လုပ်ခလစာအပြည့်ကို အာဆင်နယ်က စာချုပ်ဖျက်သိမ်းဖို့ပေးမှာဖြစ်ပါတယ်။

မန်ယူကွင်းလယ်လူ ပေါ့ဘာကတော့ အသင်းရဲ့ကွင်းလယ်ကစားသမားသစ်တွေရောက်လာမှုနဲ့အတူ သူ့ရဲ့ငယ်ဘဝအိပ်မက်ဟာ ရီးရဲလ်မက်ဒရစ်မှာကစားရဖို့ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ပေါ့ဘာရဲ့ဝန်ခံမှုက ပရိသတ်တွေကို အနည်းငယ်စိတ်ပျက်နေစေပြီး၊ ရီးရဲလ်ကို တကယ်ပြောင်းတော့မှာကို စိတ်ပူနေကြပါတယ်။

ချဲလ်ဆီးဂိုးသမားသစ် မန်ဒီအနေနဲ့ လတ်တလောမှာ လန်ဒန်ကိုပြန်ရောက်လာပြီလို့သိရပါတယ်။ ဆီနီဂေါလက်ရွေးစင်နဲ့ ပူးပေါင်းချိန်မှာ ထရိန်နင်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ပေါင်ခြံဒဏ်ရာကြောင့် အင်္ဂလန်မှာ ဆေးကုသမှု ပြန်ခံယူဖို့ ရောက်လာပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar