ပြင်သစ်ကိုရင်ဆိုင်မယ့် လူစာရင်းမှာကိုယ်တိုင်ဝင်ကန်မယ့် (၄၅)နှစ်အရွယ် နည်းပြ

အနေအထားတွေက ထင်မထားတာတွေ ဖြစ်လာခဲ့ရင် နည်းပြကိုယ်တိုင်ကလည်း ဝင်ကန်နိုင်မှတော်ကာကျမှာပါ။ ပြင်သစ်နဲ့ ခြေစမ်းမယ့် ယူကရိန်းအသင်းအနေနဲ့ ဒီအခြေအနေကိုကြုံလာပါပြီ။ အသင်းရဲ့ ပထမဦးစားပေးဂိုးသမားနဲ့ အရန်ဂိုးသမား နှစ်ယောက်လုံး ကိုဗစ် (၁၉)ပေ့ါစတစ်တွေ့ခဲ့ချိန်မှာ ကိုယ်တိုင်ပဲ ဝင်ဖမ်းတော့မှာဖြစ်ပါတယ်။

နည်းပြ Oleksandr Shovkovskiy (အိုလက်ခ်ဆန်ဒါ ရှော့ဗ်ကော့ဗ်စကီ) က ၄၅ နှစ်ရှိပါပြီ။ သူအနားယူခဲ့တဲ့ နောက်ဆုံး (၂၀၁၆)ခုနှစ်အထိ ဂိုးသမားအဖြစ်နဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ ကျင်လည်ခဲ့သူပါ။ လက်ရှိမှာ ယူကရိန်းနည်းပြအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေချိန် ပြင်သစ်နဲ့ ခြေစမ်းပဲကန်ဖို့ စီစဉ်ခဲ့ပါတယ်။ စီစဉ်ခဲ့ချိန်မှာ ဂိုးသမား နှစ်ယောက်လုံးက ကိုဗစ် (၁၉)တွေ့ခဲ့ပါတယ်။

(၁၄)ရက်အိမ်တွင်းအောင်းရမယ့်ပြဿနာမှာ တတိယဦးစားပေးဂိုးသမားပဲကျန်ပါတော့တယ်။ ဂိုးသမားတယောက်ထဲနဲ့ ဘယ်လိုမှကန်မရချိန်မှာတော့ ကိုယ်တိုင်က လူစာရင်းမှာ ဂိုးသမားဖြစ်ဝင်ကန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကစားသမား-နည်းပြ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအကြောင်းကို ယူကရိန်းအက်ဖ်အေက အခုလိုထုတ်ပြန်ခဲ့ပါတယ်။ ” နည်းပြက (၂၀၁၆)ဒီဇင်ဘာမှာ ဂိုးသမားဘဝနဲ့ ပရော်ဖက်ရှင်နယ်ကို ကုန်ဆုံးခဲ့သူပါ”

” ဒါပေမဲ့ ကိုယ်တိုင်ရဲ့ ကြံ့ခိုင်မှုအနေအထားကို အမြဲထိန်းသိမ်းခဲ့ပါတယ်။ ထရိန်နင်တွေမှာတောင်မှ အဆက်မပြတ်ဆိုသလို လေ့ကျင့်ခဲ့သူပါ။ ယူကရိန်းနိုင်ငံ နည်းပြအဖွဲ့ကလည်း နည်းပြအနေနဲ့ ပြင်သစ်နဲ့ကစားမယ့်ပွဲမှာ့ မဖြစ်မနေပါဝင်ရတာမျိုးအဖြစ် မစဉ်းစားဘဲ အလေးထားခဲ့ပါတယ်။ ကွင်းထဲကိုနည်းပြဝင်ကစားတာမျိုးလည်း ဖြစ်လာနိုင်နေပါပြီ။ အကယ်လို့ တတိယဂိုးသမားကပါ ကိုဗစ်တွေ့တာ ဒါမှမဟုတ် ဒဏ်ရာရခဲ့ရင်ပေါ့’

တတိယဂိုးသမားကိုလည်း ကိုဗစ် Test Kit နဲ့အတူ ပိုးရှိမရှိစစ်နေပါတယ်။ အကယ်လို့ ပိုးတွေ့ခဲ့ပြီဆိုရင်တော့ ကွင်းထဲမှာ ကိုယ်တိုင်ဝင်ဖမ်းတော့မှာပါ။ နည်းပြကိုယ်တိုင် ထရိန်နင်ဆင်းနေပြီဖြစ်တဲ့အတွက် (၄၅)နှစ်သား ရှော့ဗ်ကော့ဗ်စကီတယောက် ဂိုးများဝင်ဖမ်းရမလားက စိတ်ဝင်စားစရာပါ။ ယူကရိန်း-ပြင်သစ်ပွဲကိုတော့ (၈.၁၀.၂၀၂) နံနက် (၁း၃၀)မှာ ကစားမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar