ယူရို (၂၀၂၀)ဝင်ခွင့် လက်ကျန်လေးသင်းအတွက် နိုင်ငံအသင်းတွေ ဘယ်လိုလုကြမလဲ

ကိုဗစ် (၁၉)ကြောင့် နောက်ဆုတ်ခဲ့ရတဲ့ ယူရို (၂၀၂၀)ကို မကြာခင်မှာ အုပ်စုဖွဲ့နိုင်ဖို့ စီစဉ်တော့မှာဖြစ်ပါတယ်။ (၂၄)သင်းကို အုပ်စု ၆ ခုအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့်အနေအထားမှာ အသင်း (၂၀)အထိရွေးထားပြီးဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လေးသင်းကို ကွာလီဖိုင်ယာတွေကနေ ဝင်ပြိုင်စေမှာဖြစ်ပါတယ်။ ပြိုင်ရမယ့်အသင်းတွေကလည်း နေရှင်းလိဂ်ရဲ့ အုပ်စုအဆင့်မှာရခဲ့တဲ့ အဆင့်တွေအတိုင်းအခုလို လေးအုပ်စုခွဲခဲ့ပါတယ်။

Path A – လမ်းကြောင်းအေကနေ (၁)ဘူဂေးလ်ရီးယာ-ဟန်ဂေရီ၊ (၂)အိုက်စလန်-ရိုမေးနီးယား။ Path B – လမ်းကြောင်း ဘီကနေ (၁)ဘော့စနီးယား-မြောက်အိုင်ယာလန်၊ (၂)ဆလိုဗက်ကီးယာ-အိုင်ယာလန် ရီပတ်ဘလစ်။ Path C – လမ်းကြောင်းစီကနေ (၁)နော်ဝေး- ဆာဘီးယား၊ (၂)စကော့တလန်-အစ္စရေး။ လမ်းကြောင်း D ကနေ (၁)ဂျော်ဂျီးယား-ဘယ်လာရုစ်၊ (၂)မြောက်မက်ဆီဒိုးနီးယာ-ကိုဆိုဗို။

လမ်းကြောင်းတစ်ခုစီကနေ ပွဲစဉ် (၁)နဲ့(၂)က နိုင်လာတဲ့ အသင်းတွေကဗိုလ်လုပြီး၊ နိုင်တဲ့သူက ယူရို (၂၀၂၀)ကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဝင်ခွင့်ရသွားရင်တော့ အသင့်ရှိပြီးသား အုပ်စု (၆)ခုမှာ အခုလိုတနေရာစီဝင်ရမှာပါ။ အုပ်စုအေ- အီတလီ၊ တူရကီ၊ ဆွစ်ဇာလန်၊ ဝေးလ်၊ အုပ်စုဘီ – ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ ရုရှား၊ ဖင်လန်၊ အုပ်စုစီ-ယူကရိန်း၊ နယ်သာလန်၊ သြစတြီးယား၊ (လက်ကျန်တသင်းကို အုပ်စုအေနဲ့ဒီက တသင်းဝင်)။

အုပ်စုဒီ – အင်္ဂလန်၊ ချက်ရီပတ်ဘလစ်၊ ခရိုအေးရှား၊ (လမ်းကြောင်းစီက အသင်း)၊ အုပ်စုအီး- စပိန်၊ ပိုလန်၊ ဆွီဒင်၊ (လမ်းကြောင်းဘီကအသင်း)၊ အုပ်စုအက်ဖ်- ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ (လမ်းကြောင်း အေနဲ့ဒီက တသင်းဝင်)ဖြစ်ပါတယ်။ ယူရို (၂၀၁၆)ရဲ့ချန်ပီယံနဲ့ လက်ရှိအသစ်လုပ်ဆောင်ထားတဲ့ နေရှင်းလိဂ်ရဲ့ ချန်ပီယံကတော့ စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီနိုင်ငံအသင်းပါ။

လမ်းကြောင်းလေးခုကဝင်မယ့် ပွဲစဉ်တွေကိုတော့ ပွဲစဉ်(၁)ကို အောက်တိုဘာ (၈)ရက်နေ့မှာကစားမှာပါ။ ဗိုလ်လုပွဲလည်းဖြစ်၊ လမ်းကြောင်းရဲ့ နောက်ဆုံးဝင်ခွင့်ပွဲလည်းဖြစ်တဲ့ ပွဲကိုတော့ နိုဝင်ဘာ (၁၂)မှာ ကစားမှာဖြစ်ပါတယ်။ အုပ်စုတွေအားလုံးဆုံသွားခဲ့ရင်တော့ (၂၀၂၁) ဇွန် (၁၁)ကနေ ဇူလိုင် (၁၁)ရက်မှာ ယူရို (၂၀၂၀) ချန်ပီယံကို အသင်းတွေက အရယူဖို့ကြိုးပမ်းရမှာပါ။ ကြားထဲမှာ ကလပ်ပွဲတွေနဲ့ မျှော်နေရုံပါပဲ။

Aung Bwa – SportsGabar