အလွတ်ကြေးနဲ့ရနေပေမဲ့ လုံးဝခေါ်ယူမယ့်အသင်းမရှိသေးတဲ့ ဥရောပစတားတွေ

ဘောလုံးပွဲကိုနှစ်နှစ်ခြိုက်ခြိုက် အားပေးတဲ့ ပရိသတ်တွေအတွက် ကွင်းထဲမှာ မြင်နေကြမဟုတ်တော့ပေမဲ့ ရင်းနှီးနေမယ့် ကစားသမားတွေရှိပါတယ်။ တချိန်က အသင်းရဲ့ပွဲထွက်ကစားသမားတွေတဖြစ်လည်း ခြေစွမ်ကျဆင်းမှုနဲ့ အသက်အရွယ်တွေကြောင့် ပွဲထွက်ခွင့်မရတော့သူတွေပါ။ နောက်ဆုံးမှာ အလွတ်ကြေးနဲ့ပါ ဖြစ်သွားပေမဲ့ ဘယ်အသင်းကမှခေါ်ဖို့ မစဉ်စားတော့တဲ့ နာမည်ကြီးကစားသမားတွေလည်းဖြစ်ပါတယ်။

အလွတ်ဖြစ်သွားတဲ့ ကစားသမားတွေက ဝီရှိုင်းယား(ဝက်စ်ဟမ်း)၊ ဝဲလ်ဘတ် (ဝက်ဖို့ဒ်)၊ စတားရစ်ချ်( ထရန်ဇွန်စဘော)၊ နသန်နီယန် ကလိုင်း(လီဗာပူး)၊ ဂေါ့ဇီ (ဒေါ့မွန်)၊ ဘင်အာဖာ (ဗယ်လာဒိုးလစ်)၊ နာဆရီ (အန်ဒါလက်ချ်)၊ ကလစ်ချီ (အစ္စတန်ဘူလ် ဘာဆာရှီဟာ)၊ ယိုဟန် ကာဘာရီ(စိန့်အက်တီယန့်)၊ မန်ဇူကစ် (အယ်ဒူဟေး)၊ အလက်ဇန်ဒါး ပါတို(ဆာအိုပေါ်လို)။

ကာဂါဝါ (ရီးရဲလ် ဇာရာဂိုဇာ)တို့ပါ။ အဲဒီထဲကမှာ မာရီယိုဂေါ့ဇီ တယောက်ပဲ အလွတ်ကြေးကနေ တဆင့် PSV ကို နှစ်နှစ်စာချုပ်နဲ့ရောက်သွားပါတယ်။ ဂေါ့ဇီလို ကစားသမားအတွက် လက်ရှိအချိန်ထိ အဆင့်မြင့်အသင်းတွေက ခေါ်ယူနေဆဲကတော့ ကျေနပ်စရာပါပဲ။ ဒါ့အပြင် ထူးထူးခြားခြား အလွတ်ကြေးဖြစ်သွားတဲ့ ကစားသမားတွေလည်း ရှိပါသေးတယ်။

အေစီမီလန်ရဲ့ ဟာလီလိုဗစ် (၂၄)နှစ်တို့လို ကစားသမားပါ။ ဘာစီလိုနာနဲ့ အေစီမီလန်တို့မှာကျင်လည်ခဲ့ပြီးနောက်မှာ ခြေစွမ်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် ငယ်ငယ် ရွယ်ရွယ်မှာပဲ ခေါ်ယူမယ့်ကလပ်မရှိဖြစ်လာပါတယ်။ ချန်ပီယံလိဂ်သမိုင်းရဲ့ တတိယမြောက်အသက်အငယ်ဆုံး ကစားသမားဆိုလည်းမမှားပါဘူး။ ဒီလိုကစားသမားတွေ အလွတ်ကြေးဖြစ်လာပေမဲ့ ခေါ်ယူမယ့်ကလပ်မရှိတော့တာကလည်း စိတ်မကောင်းစရာပါပဲ။

ဒီလိုဆိုရပေမဲ့ ပရီးမီးယားလိဂ်ကလပ်တွေ ပြောင်းရွှေ့ကြေး သုံးစွဲခဲ့တဲ့ ပမာဏက ပေါင် (၁.၂၄)ဘီလျံအထိရှိခဲ့ပါတယ်။ ခြေစွမ်းခြေစကောင်းမယ့် ကစားသမားတွေကိုပဲ ထပ်ခေါ်ထည့်တဲ့အနေအထားမှာ ထိပ်သီးအသင်းတွေက ဒီကစားသမားတွေကို စိတ်မဝင်စားတော့ပါဘူး။ အလွတ်ကြေးတွေကို အသင်းငယ်တွေက အရန်အနေနဲ့ ခေါ်သုံဖို့ ဆန္ဒရှိမှပဲ ထပ်မြင်ရတော့မယ့် ကစားသမားတွေဖြစ်ပါတယ်။

Aung Bwa – SportsGabar